Zawgyi
ဦးထွန်းမင်းဦးက အလုပ်ကိစ္စတွေ ကြောင့်၊
ရန်ကုန်သို့ ပြန်မလာနိုင်သေးပေ။
ထို့ကြောင့် ကမ္ဘာသစ်ကျွန်းသို့ မင်းဆက်
ကိုယ်တိုင်ပင် လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်သည်။သို့သော် ဘာမှ စုံစမ်းလို့ မရလိုက်ခင်မှာပင်၊
အမှုက ပိတ်ထားပြီဟူ၍ သိရလေသည်။
ကမ္ဘာသစ်ကျွန်းက တရားခံ ရှာတွေ့လျှင်၊
လူတွေရဲ့ ယုံကြည်မှုကို အနည်းအကျဉ်းတော့
ပြန်လည် တည်ဆောက်နိုင်လိမ့်မည်။
အကယ်လို့ တရားခံ ရှာမတွေ့ပါက၊ ခရီးသွား
အင်မတန် နည်းပါးသွားလိမ့်မည် ဖြစ်သည်။ဒါတောင် အမှုပိတ်လိုက်တယ်ဆိုတော့၊
အကြောင်းအရင်းတစ်ခု ရှိလို့ပဲ ဖြစ်မည်။"သား... "
မင်းဆက် အတွေးလွန်နေစဉ်၊ မေမေက
အခန်းထဲ ဝင်လာတာကြောင့်၊
ထိုင်နေရာမှ ထလိုက်ကာ...."ဟုတ် မေမေ ဘာလိုတာ ရှိလို့လဲ..?"
"အောက်မှာ ဧည့်သည့်ရောက်နေတယ်...၊
သားနဲ့ တွေ့ချင်လို့တဲ့ ၊ ဇမ်ယမ်းဆီ
လာလာနေတဲ့ ကောင်လေးပဲ....."ဇမ်ယမ်းဆီ လာနေသူဆိုတော့၊
သေချာပေါက် ညဏ်လင်းပဲ ဖြစ်ပေလိမ့်မည်။
မင်းဆက် ခေါင်းကို ညိတ်လိုက်ကာ၊
အခန်းထဲမှ ထွက်သွားမည်ပြုစဉ်.."နေဦး သား......"
မေမေက တစ်စုံတစ်ခုကို
ပြောချင်နေသေးပုံရသည်။
မေမေ ပြောလာမည့် စကားကို မင်းဆက်
စောင့်ပေးလိုက်တော့....."သားရဲ့ လေးထွဋ်နဲ့ အဆက်အသွယ်
မရဘူး....၊ မင်းဦးလေးနားမှာလည်း
ရှိမနေဘူး ပြောတယ်..၊
မင်း ဦးလေးကို မေးတော့လည်း
ရေရေရာရာ မဖြေဘူး သား....၊
သားနဲ့ အဆက်အသွယ်ရသေးလား..?"မင်းဆက် မျက်ခုံးတို့ အနည်းငယ်
ညွန့်ကွေးသွားမိသည်။
မေမေက ရုတ်တရက် လေးထွဋ်အကြောင်းကို
ထပြောသည်က အကြောင်းမဲ့တော့
မဟုတ်နိုင်။"ဘွားမြင့်ကို မေးကြည့်ရင်ရော...?၊"
ဘွားမြင့်ဆိုသည်မှာ လေးထွဋ်၏ မိခင်ဖြစ်သည်။
သူက ဦးထွန်းမင်းတို့နှင့်နယ်မြို့မှာသာ၊
အတူ နေထိုင်သည်။
YOU ARE READING
The Last Page
RomanceUnicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....