Zawgyi
2018 May
ဟိန်းအခန်းရှိရာ ခုနှစ်လွှာဆီသို့ ဇမ်ယမ်း
သီချင်းလေး တစ်အေးအေးနှင့်
တထစ်ခြင်း တက်လာခဲ့သည်။
ဟိန်းကို မတွေ့ရတာ ကြာသဖြင့်၊
လွမ်းလွန်းလို့ ဘယ်လိုမှ မနေနိုင်တော့ပေ။
ထို့ကြောင့် သူအလုပ်ဆင်းမည့် အချိန်အား
ထောက်လှမ်းကာ..၊ သူ့အိမ်ရှေ့တွင်
သွားထိုင်စောင့်နေမည် ဖြစ်သည်။ဒီတစ်ခါ သူနှင့် တွေ့လျှင်၊ ကောင်လေးအသစ်
တစ်ယောက် ပါလာဦးမည်လား မပြောတတ်ပေ..။
ဘယ်လိုပဲဖြစ်ဖြစ် ၊ ထိုကောင်လေးတွေကို
သူ မချစ်ဘူးဆိုတဲ့စိတ်နဲ့သာ ကိုယ့်ကိုကိုယ်
ဖြေသိမ့်ထားလိုက်သည်။ဟိန်းအခန်းရှေ့မှာ သူ့ကို စောင့်နေသည့်
တောက်လျှောက်၊ လှေကားပေါ်သို့
လူတက်လာသည့် ခြေသံ ကြားတိုင်း၊
ထထကြည့်ရတာ အမောပင်။အချိန်က ညနေ ၅နာရီ ၁၅ ရှိနေပြီ။
သူတို့ရုံးက ဆိုက်မရှိလျှင် ၅ နာရီ
ရုံးဆင်းတာဖြစ်ပြီး၊ အိမ်နဲ့ ရုံးက
တစ်မှတ်တိုင်စာပဲ ဝေးတာကြောင့်၊
သူမကြာခင် ရောက်လာတော့မည် ဖြစ်သည်။အပေါ်ဆုံး ထပ်တွင် ဟိန်းအခန်းနှင့်
မျက်နှာချင်းဆိုင်အခန်းဖြစ်သည့်
ဇမ်ယမ်းဝယ်မည် ဆိုသည့် အခန်းက
အမြဲတမ်း သော့ကြီး ခတ်ထားလျှက်ရှိသည်။
ခုချိန်ထိ အိမ်ရှင်တွေကို မယ်မယ်ရရ
စုံစမ်းလို့ မရသေးပေ။ ထိုအခန်းကိုသာ
ပြောင်းလာလို့ရရင်၊ ခုနှစ်လွှာတွင် ဟိန်းနှင့်
ဇမ်ယမ်း နှစ်ဦးတည်းသာ ဖြစ်တော့မည်။ကိုယ့်အတွေးနှင့်ကိုယ် ပြုံးနေမိရင်း..
ခဏကြာတော့ ခြေသံ နောက်တစ်ခုကို
ကြားရပြန်သည်။ ထိုခြေသံက ဇမ်ယမ်းနှင့်
နီးလာပေမယ့်၊ ချက်ချင်းရပ်တန့်သွားတာကြောင့်၊
ထိုင်နေရာမှ အသဲအသန် ထလိုက်ကာ၊
လှေကားခွင်မှ အောက်သို့ ငုံ့ကြည့်လိုက်သည်။မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံလေသည်။
ဇမ်ယမ်းကို မြင်တာနှင့် အလိုမကျမှုများ
ပြည့်နှက်သွားသော မျက်ဝန်းတစ်စုံ ဖြစ်သည်။ဇမ်ယမ်း သူ့အား ရယ်ပြလိုက်သော်လည်း၊
သူက စိတ်ပျက်လက်ပျက်နှင့် အပေါ်သို့
တက်လာကာ..
YOU ARE READING
The Last Page
RomanceUnicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....