Part-32

2.3K 261 10
                                    

Zawgyi

ဟိန်းက သူကြုံခဲ့ရသည့်၊ အဖြစ်အပျက်
အစအဆုံးအား ထိုညမှာပင်
ဇမ်ယမ်းအား အကုန်ပြောပြခဲ့သည်။
ဇမ်ယမ်းကတော့ ရင်မောစွာဖြင့်...
နားထောင်နေရသည်။
တိုက်ဆိုင်လွန်းတဲ့ ကံကြမ္မာတွေက
ဆိုဖွယ်ရာ မရှိပေ။

အရာအားလုံးကို ပြောပြီးနောက်၊
ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လာသော၊
ဟိန်းကြောင့်၊ ဇမ်ယမ်း ပြုံးလိုက်မိသည်။
ဇမ်ယမ်းက ကုတင်ခေါင်းရင်းတွင်
မှီထိုင်နေကာ၊ သူကတော့ ခွေခွေလေး
လှဲအိပ်နေလေသည်။

တစ်ယောက်အိပ် ကုတင်သေးသေးလေးတွင်
နှစ်ယောက်သား ကျပ်ညှပ်စွာ။
သူ့ခေါင်းမှ ရွှေအိုရောင် ဆံနွယ်လေးများကို
ဇမ်ယမ်း တိုးဖွပွတ်သပ်ပေးနေမိချိန်
သူက စကားပြန်စလာသည်။

"ငါ ဘာဆက်လုပ်သင့်လဲ.....?"

သူ့ဆီမှ ထွက်ပေါ်လာသော မေးခွန်းကြောင့်၊
ဇမ်ယမ်း ခတ္တမျှ စဉ်းစားလိုက်ပြီးနောက်...

"ဟိန်း ဘာဆက်လုပ်ချင်လဲ...?"

ဟူ၍ မေးခွန်း ပြန်ထုတ်မိသည်။
ဟိန်းဆီမှ အဖြေတို့ ထွက်မလာခဲ့။

"ဇမ်ယမ်းကလေ ငယ်သေးလို့လားမသိဘူး.၊
အမြဲတမ်း လုပ်ချင်တာ၊ ဖြစ်ချင်တာကို
သိတယ်..၊ အဲ့အတိုင်းလည်း လုပ်တယ်.၊
တွေဝေတာတွေ...၊ တွန့်ဆုတ်တာတွေ
သိပ်မရှိဘူး....၊ ရွေးချယ်စရာမရှိတဲ့
အချိန်ဆိုတာ မရှိဘူးလို့ ထင်တာပဲ.၊
အားလုံးက ကိုကိုယ်တိုင်ရဲ့
ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်.၊
ဖြစ်လာမယ့် အဆိုးတွေ အကောင်းတွေ
အားလုံးကို ယဉ်ဆိုင်ရဲဖို့တော့ လိုတာပေါ့...."

ဇမ်ယမ်းပြောသည့် စကားတွင်
ဆိုလိုရင်းက ပျောက်ချင် ပျောက်နေလိမ့်မည်။
ဟိန်းခံစားနေရတာနှင့် ထပ်တူ ကျချင်မှလည်း
ကျပေလိမ့်မည်။ သို့သော်.၊ ဟိန်းအဖြစ်နှင့်
ယှဉ်ပြီး တွေးကြည့်လို့တော့ ရနိုင်သည်လေ။

"သူတို့ကို ငါ လက်မခံနိုင်ဘူး.....၊
ငါ့ဘဝနဲ့ ငါပဲ နေချင်တယ်....၊
ဒါပေမယ့် သူတို့က ငါ့ဘဝကို ဘယ်လောက်ထိ
ခြိမ်းခြောက်နိုင်မလဲ ဆိုတာ မသေချာဘူး.၊
ငါ ဘယ်လောက်ထိ ရှောင်ပြေးနိုင်မှာလဲ.....?"

The Last PageWhere stories live. Discover now