Zawgyi
ကမ္ဘာသစ်ကျွန်းပိုင်ရှင်သမီးဖြစ်သူ၏
မင်္ဂလာပွဲကျင်းပမည့်နေရာက၊
ပင်လယ် ကမ်းပါးစွန်းဘေးတွင်ရှိနေသော
မြေကွက်လပ်တွင် ဖြစ်သည်။
ဘာမှ ပြုပြင်မွန်းမံထားခြင်းမရှိသော
မြေရိုင်းဖြစ်နေသလို၊ လေတိုက်နှုန်းကလည်း
အတော်လေး ပြင်းထန်သည်။
ထို့အပြင် ကမ်းပါးစွန်းတွင် ရှိသော
ကျောက်ဆောင်များအား ရိုက်ခတ်နေသော
ပင်လယ်လှိုင်းပုတ်သံမှာလည်း ကျယ်လောင်
လွန်းလှပေသည်။ထိုနေရာက ပြောရလျှင်တော့၊ တကယ့်ကို
ဘဘာဝအငွေ့အသက်များ အပြည့်နှင့်
အရိုင်းဆန်လွန်းလှပေသည်။
ထို့ကြောင့် ဒီဇိုင်းစဉ်းစားရာတွင်
ရာသီဥတုဒဏ်၊လေဒဏ်၊ နေဒဏ်တို့ကိုပါ
ထည့်စဉ်းစားရပေတော့မည်။သတို့သမီးက သူမ လိုချင်သည်ပုံစံကို ၊
ကိုယ်တိုင်ကိုယ်ကျ ရှင်းပြနေသည်မှာ..၊
ရိုးရှင်းမလိုနှင့် အနည်းငယ်တော့ ရှုပ်ထွေး
လှပေသည်။တစ်နေကုန် သူမနှင့် ဟိန်းတို့ Sun group
စကားပြောပြီးကြချိန်တွင်....၊
ဟိန်းခေါင်းတစ်ခုလုံး ရှုပ်ထွေး
နောက်ကျိကာနေသည်။
ခမ်းနားတာထက်ကို ပိုသာလွန်းသော
မင်္ဂလာပွဲက အတော်လေးကို ခေါင်းစား
ရပေဦးမည်။.........
၉ လွှာအမြင့်ရှိသော buliding type
ဟိုတယ်အဆောက်အဦး ၏
အပေါ်ဆုံး ထပ်တွင်..၊ bar တစ်ခု
ဖွင့်လှစ်ထားသည်။
bar ဆိုပေမယ့်၊ အနောက်တိုင်းစာများ
ဝေဝေဆာဆာရသည့် စားသောက်ဆိုင်
တစ်ခုဆိုလည်း မမှားပေ။သတို့သမီးဖြစ်သူသည်၊ Sun group အား
ညစာကျွေးရန် ဖိတ်ထားသဖြင့် ဟိန်းတို့
အားလုံး၊ ထို bar သို့ ရောက်ရှိ
နေကြခြင်းဖြစ်သည်။
bar နှင့် အထပ်မြင့် building type
တစ်ခုလုံးက ၊ သူမ၏ စိတ်ကူးဖြင့်
ဖန်တီးထားခြင်း ဖြစ်ကြောင်း သိရသည်။အဝေးတစ်နေရာမှ ပင်လယ် လှိုင်းပုတ်သံ
များကြားတွင်၊ ဂီတသံ ငြိမ့်ငြိမ့်လေး
တစ်ခုကို ကြားနေရသည်က တကယ့်ကို
ကောင်းမွန်သော အရသာသစ်တစ်ခုပင်
ဖြစ်သည်။
လေတစ်ဖြူးဖြူးတိုက်ခတ်နေကာ.၊
မီးအလင်းရောင် ခပ်ပါးပါးလေးသာ
ရှိနေတာကြောင့် စိတ်ဖိစိးမှုကိုပင်
ပြေပျောက်စေသလိုပင်။
YOU ARE READING
The Last Page
RomanceUnicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....