Zawgyi
ဇမ်ယမ်းလည်း ဤမြို့က ပြောင်းကာ၊
ရန်ကုန်တွင် အခြေချတော့မည် ဖြစ်သလို၊
ဘွားမြင့်နှင့် ဦးမောင်ကျော်တို့လည်း
ထွက်သွားကြတော့မည် ဖြစ်သည်။သူတို့နှစ်ယောက်လုံး ထွက်မသွားခင်မှာ
ဇမ်ယမ်းအား လာနှုတ်ဆက်ကြသည်။
နှစ်ယောက်လုံး၏ မျက်နှာမှာ
ပျက်ယွင်းကာ၊ တစ်စုံတစ်ခုကို
ပြောချင်နေဟန်ရှိသည်။"ဘွားမြင့်..၊ ကျန်းမာရေး ဂရုစိုက်နော်.?
လေးထွဋ်ကိုလည်း သတိရတယ် ပြောပေးပါ.."ဘွားမြင့်က မျက်ရည်တို့ကျဆင်းနေလျှက်၊
ဇမ်ယမ်းအား လာရောက်ထွေးပွေ့လေသည်။ဇမ်ယမ်းကတော့ ဘာမှ မခံစားရတော့ပါ။
အချိန်တိုလေးအတွင်းမှာ၊ ဖြစ်ပျက်ခဲ့သည့်
အရာတွေက ဇမ်ယမ်းအား ခံစားချက်တွေ
ကင်းမဲ့လာစေသည်။ သွေးအေးလာစေသည်။
ချစ်ရသူတွေ ၊သံယောဇဉ်ဖြစ်ရသူတွေ၊
တော်တော်များများ၊ ဇမ်ယမ်းအနားက
အသီးသီးထွက်ခွာ သွားကြတော့
လူက ထုံဝေနေပြီဖြစ်သည်။"ဇမ်...ဇမ်ယမ်း......"
ဦးမောင်ကျော်က အထစ်ထစ်အငေါ့ငေါ့နှင့်
စကားစလာသည်။"ဟုတ်ကဲ့.. ပြောပါ ဦးမောင်ကျော်..."
ဘေးတွင် ကိုစစ်နှင့် ကိုနန္ဒတို့ နှစ်ယောက်
ရှိနေသဖြင့်၊ ဦးမောင်ကျော်က တစ်ချက်
မော့ကြည့်သည်။"သူတို့က ဇမ်ယမ်းရဲ့ အရင်းနှီးဆုံးလူတွေပါ.၊
ဦး ပြောလို့ရပါတယ်....."ဦးမောင်ကျော်က သက်ပြင်းတစ်ချက်ကို
ချကာ..၊ အကြောင်းအရာတစ်ခုကို
အစပျိုးသည်။"ဟိန်းကျော်ထွန်းရဲ့ အမေက
သီသီမော်ပါ သား....."ဇမ်ယမ်း အံသြလွန်းသဖြင့် မျက်လုံးတို့
ပြူးကျယ် ဝိုင်းစက်သွားခဲ့သည်။
ဦးမောင်ကျော်က ဆက်၍..."သီသီ အသက် ၁၅ နှစ်အရွယ်မှာ ဦးလင်းရှိန်ရဲ့
သားနဲ့ ရည်ငံခဲ့ကြတယ်...၊
သူတို့နှစ်ယောက်အကြောင်းကို
ဦးလင်းရှိန်သိတော့၊ သူ့သားကို
အဝေးတစ်နေရာကို ပို့လိုက်တယ်..၊
ပို့ပြီးတဲ့ အချိန်မှာပဲ သီသီမော့်မှာ
ကိုယ်ဝန်ရှိနေတာ သိခဲ့ရတယ် သား.."
YOU ARE READING
The Last Page
RomanceUnicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....