Part-7

2.2K 259 6
                                    

Zawgyi

2018 ( သင်္ကြန်အကျတ်နေ့..)

ရေနှင့် ကောင်လေး၏ မျက်နှာ
ထိခတ်သွားချိန်တွင်၊ အိပ်နေရာမှ
အလူးအလဲ ထလာကာ..၊
ထိတ်လန့်တကြားနှင့် ပတ်ဝန်းကျင်အား
ဟိုကြည့်ဒီကြည့်လုပ်နေလေသည်။

"အဟွတ်... အဟွတ်...!!"

သူ့အပေါ်ပိုင်းတစ်ခုလုံး စိုရွှဲသွားကာ၊
မျက်နှာမှာ ကြွက်စုတ်လေးအလား
ဖြစ်သွားသည်။
ရေမွှန်းသွားတာကြောင့်၊ ချောင်းတွေ
တစ်ဟွတ်ဟွတ်ဆိုးကာ၊ နှာခေါင်းထဲမှ
ရေတို့ စီးကျလာလေသည်။

သူ့အဖြစ်ကို ကြည့်ကာ ဟိန်း ရယ်လိုက်မိသည်။

"happy thingyan festival.. ပါ ဇမ်ယမ်း.."

ဟိန်း ထိုသို့ အော်ပြောလိုက်ချိန်တွင်
သူက ဟိန်းအား ပြူးကြောင်ကြောင်နှင့်
မော့ကြည့်လာလေသည်။
ဟိန်းလက်ထဲကို ရေပုံးကို တွေ့ကာ
အခြေအနေကို နားလည်သွားဟန်နှင့်...

"ဟိန်းပက်လိုက်တာလား..??"

"ဒါပေါ့....
မင်းက သင်္ကြန်ပွဲကို အရမ်းဆင်နွှဲချင်နေတယ်
ဆိုလို့..၊ ငါလုပ်ပေးတာလေ....."

သူက နှုတ်ခမ်းဆူသွားပြီး၊ အိပ်ယာပေါ်မှ
ထလာလေသည်။
သူဦးတည်သည့်နေရာက ရေချိုးခန်းထဲသို့
ဖြစ်နေပြီး ၊ ရေချိုးဇလုံထဲမှ ခွက်ကို
ယူလိုက်တာကြောင့်..

"ဟေ့ကောင့်.. ငါ့ကို ပြန်မပက်နဲ့နော်..၊ "

သူက ရေခွက်အတွင်းရေဖြည့်ကာ၊
အပြင်သို့ ထွက်လာလေသည်။

"ပက်မှာပဲ....၊ သင်္ကြန်တွင်းပဲ
ဘယ်သူက ဘယ်သူ့ကို ပက်ပက်ပေါ့.."

ဟိန်းလက်ကို ကာထားမိကာ..

"ပက်ချင်ရင် အိမ်ပြင်ရောက်မှ ပက်..၊
ငါ့ပစ္စည်းတွေ စိုကုန်မယ်.. ၊
ချလိုက်.. ခုချ..!!"

ဟိန်း၏ စကားက အရာမရောက်ခဲ့ပါ။
ဇမ်ယမ်း က သူ့ လက်ထဲမှ ခွက်ကို
တစ်ချက် လွှဲလိုက်စဉ်၊ဟိန်းဆီသို့
ရေမှုန်ရေမွှားတို့ ကျရောက်လာလေသည်။

မွေ့ယာဘေးမှ ကြမ်းပြင်တွေလည်း
အကုန် စိုရွှဲကုန်လေသည်။

"ငါ မင်းကို မလုပ်နဲ့လို့ ပြောနေတယ်
မလား..!!!"

အံကြိတ်ကာ ဒေါသတကြီး ဆိုမိရင်း၊
သူ့အား လက်နှင့်ရွယ်လိုက်စဉ်၊
သူက လှစ်ခနဲ  နေအောင် ပြေးလေသည်။

The Last PageWhere stories live. Discover now