Zawgyi
ကြီးကျယ်ခမ်းနားတာထက် ပိုသော
ဧည့်ခန်းမကျယ်ကြီးထဲတွင် ဖြစ်သည်။
ဦးလင်းရှိန်က ဆိုဖာထိုင်ခုံတွင်
အခန့်သား ထိုင်နေသော်လည်း၊
ဟိန်းကျော်ထွန်းကတော့ မတ်တပ်ရပ်လျှက်ပင်။ဦးလင်းရှိန်၏ အေးစက်သော အကြည့်တို့
က၊ တစ်ပါးသူအား မိမိကြည့်ခဲ့ဖူးသော
အကြည့်တို့နှင့် ဆင်တူလှသည်။"မင်းက အပေးအယူ လုပ်ချင်တာပေါ့...."
အချိန်အကြာကြီး ငြိမ်သက်နေပြီးမှ
ထွက်ပေါ်လာသော ဦးလင်းရှိန်၏
နှုတ်ထွက်စကားကြောင့် ဟိန်းကျော်ထွန်း
ခေါင်းညိတ်လိုက်သည်။"ဟုတ်တယ်.....၊
ကျွန်တော်တောင်းဆိုတာကို
ဖြစ်မြောက်အောင် လုပ်ပေးမယ်ဆိုရင်...၊
ကျွန်တော်ကလည်း ခင်ဗျားဖြစ်ချင်တာတွေကို
လိုက်လျောပေးမယ်..."ဦးလင်းရှိန်က ခပ်ထေ့ထေ့ တစ်ချက်ပြုံးသည်။
ပြီးနောက် ဟိန်းအား စူးရဲစွာ
စိုက်ကြည့်လာရင်း......"မင်းက ဂတိပေးနိုင်လို့လား...?၊
ဒီလို ကိစ္စတွေကို စာချုပ်ချုပ်ဖို့
အထိတော့ ငါလည်း မလုပ်ချင်ဘူး..."ဟိန်းကျော်ထွန်းက တိကျသေချာ
သော မျက်နှာထားနှင့် ခေါင်းကို
ညိတ်သည်။ ဦးလင်းရှိန် အနည်းငယ်
ပြုံးတုံ့လိုက်ပြီးနောက်.၊ ခေါင်းကို
တဆတ်ဆတ်ညိတ်လိုက်ကာ....."ဟုတ်ပြီ...၊ ငါ သဘောတူတယ်..၊
ထွန်းမင်းဦးရဲ့ အက်စီးတန့်ကိစ္စရော.၊
အလိမ်ခံရတဲ့ လုပ်ငန်းကိစ္စတွေကိုပါ
ငါ စုံစမ်းပေးမယ်....၊
တရားခံကိုပါ ဖမ်းပေးမယ်ကွာ....၊
အေး....ဒါပေမယ့် စုံစမ်းလို့ မသိရသေးခင်၊
ခုချိန်မှာတည်းက မင်း ငါတို့မိသားစု
ထဲကိုဝင်ရမယ်......၊
မင်းမှာ လေ့လာစရာတွေ
အများကြီးရှိသေးတယ်......၊
ငါ အချိန်တွေ သိပ်မဆွဲချင်ဘူး......"ဦးလင်းရှိန်၏ စကားကြောင့်၊
ဟိန်းကျော်ထွန်းက တွေဝေသွားဟန်ပင်။
သို့သော် အချိန်အကြာကြီးတော့ မဟုတ်။"ကောင်းပါပြီ...၊ ကျွန်တော်လည်း
သဘောတူပါတယ်....၊
ဒါပေမယ့် သေချာဖို့တော့ လိုတယ်..၊
စုံစမ်းနေတာ မသေချာရင်တော့
ကျွန်တော်က အချိန်မရွေး ထွက်သွားမှာ..."
CZYTASZ
The Last Page
RomansUnicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....