Zawgyi
အမှောင်ထုတစ်ခုသာ ကြီးစိုးနေသော
အခန်းငယ်ထဲတွင်၊ ဇမ်ယမ်း
တစ်ယောက်တည်း ငုတ်တုတ်လေး
ထိုင်ကာ အတွေးတို့ လွန်နေမိသည်။တကယ်ပဲ အရာအားလုံး ပြီးသွားခဲ့ပြီလား.?။
ဟိန်းနားသို့ ပြန်သွားဖို့ မသင့်တော့တဲ့
အခြေအနေတစ်ခုမှာ၊ ဇမ်ယမ်း
တကယ်ပဲ လက်လျှော့လိုက်သင့်ပြီလား.?။ဟိန်းအနားက ထွက်လာပြီဟု
မိမိကိုယ်ကို ခံယူထားမိတာတောင်၊
ခုရောက်နေသည့် နေရာက ဟိန်းနှင့်
အနီးဆုံး နေရာ ဖြစ်နေခဲ့သည်။ဟုတ်သည်။ ဟိန်းနေသည့် တိုက်ခန်းရှေ့က
အခန်းကို ဝယ်လို့ ရလိုက်ပြီ ဖြစ်သည်။
သို့သော်...၊ ရှေ့ဆက်ဖို့
မဖြစ်နိုင်တော့သည့် အခြေအနေမှာ၊
ထိုသို့ ကြုံလာခြင်းက အကောင်းလား
အဆိုးလားတောင် မသိတော့ပေ။အရင်ဆုံး ဟိန်းကို လွမ်းဆွတ်သည့်
စိတ်အား ထိန်းချုပ်နိုင်ရန် ကြိုးစားရမည်
ဖြစ်သော်လည်း မလွယ်ကူလှ။ဟိန်းက ခုချိန် ကမ္ဘာသစ်ကျွန်းမှာပဲ
ရှိနေပေလိမ့်မည်။
မနက်ဖြန် သူ ပြန်မရောက်ခင် အထိ၊
ဤအခန်းလေးတွင်သာ နေပြီး၊
သူ့ကို အပြီးတိုင် မေ့ပျောက်ဖို့
ကြိုးစားရမည်။ခံရခက်လွန်းလှသည်။
နာကျင်လွန်းလှသည်။
ရင်ဘတ်တစ်ခုလုံး မွန်းကျပ်ကာ နေသည်။" ဟိန်းကို မချစ်တော့အောင်
ဘယ်လို လုပ်ရမလဲ....??"ဘာလို့များ ယုံကြည်ချက်တွေက
ချက်ချင်းဆိုသလို ပျောက်ဆုံး
သွားခဲ့ရသည် မသိတော့..။ဟိန်းအနားကို သွားဖို့ ယုံကြည်ချက်
မရှိတော့သလို၊ မချစ်တော့ဖို့
ယုံကြည်ချက်တွေလည်း ရှိမနေခဲ့သေးပေ။ဟိန်းကို နောက်ဆုံး တွေ့ခဲ့တုန်းက
သူ၏ မျက်ဝန်းတွေကို ပြန်လည်
မြင်ယောင်မိလျှင် ရင်ဘတ်တစ်ခြမ်းက
စူးနင့်စွာ နာကျင်ရသည်။ဇမ်ယမ်းကို ယုံကြည်မှုမရှိခဲ့တဲ့ အပြင်၊
ဇမ်ယမ်း ဘက်က နည်းနည်းလေးမှတောင်
ရပ်တည်ခဲ့ခြင်း မရှိခဲ့။
ESTÁS LEYENDO
The Last Page
RomanceUnicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....