Zawgyi
"ဇမ်ယမ်းရေ.. ကိုကြီး ဝင်ခဲ့မယ်နော်.."
အခန်းတံခါး ခေါက်သံနှင့်အတူ
ကိုမင်းဆက်၏ အသံကိုပါ တစ်ပါတည်း
ကြားလိုက်ရတာကြောင့်၊ ညဏ်လင်း
ခန္ဓာကိုယ်ကို မတ်လိုက်မိသည်။"ဟုတ် ကိုကြီး...."
ကိုမင်းဆက်က ညဏ်လင်း
ရောက်နေတာ သိပုံရသည်။
ဝင်လာလာခြင်း ညဏ်လင်းအား
အရင် လှမ်း၍ ပြုံးပြလေသည်။
ပြီးနောက် ညီဖြစ်သူကို ကြည့်ကာ.."အမယ် ဆံပင် ပြန်ဆိုးလိုက်ပြီလား..?၊
ဇမ်ယမ်းက ခေါင်းညိတ်လိုက်ပြီး..
"ဘာကိတ်လဲ ကိုကြီး....."
"ဘာကိတ်လဲ ဆိုတော့.၊
ကိုကြီး စင်ကာပူသွားမယ့် ကိစ္စလေ.၊
ဇမ်ယမ်း လိုက်မယ်ဆိုလို့...""ဪ ဟုတ်တယ်.. ၊
သွားတော့မှာလား ဘယ်တော့လဲ..?""နောက်လထဲ...."
ဇမ်ယမ်းက တွေဝေစွာ စဉ်းစားနေရင်းမှ
ညဏ်လင်းအား ကြည့်လာကာ.."ကိုညဏ်းကိုပါ ခေါ်ခဲ့လို့ရလား...?"
ဇမ်ယမ်း ဟိုမှာလည်ဖို့ အဖော်မရှိဘူး...""ရတာပေါ့...၊ ခေါ်ခဲ့လေ... ၊
ညဏ်းက အဆင်ပြေရဲ့လား..?"ကိုမင်းဆက် အမေးကြောင့်
ညဏ်လင်း ခေါင်းကို ခါလိုက်ကာ.."ကျွန်တော် မလိုက်တော့ပါဘူး...."
"အာ.. ကိုညဏ်းကလည်း
လိုက်ခဲ့ပါ...၊ ပိုက်ဆံအတွက်တော့
မပူနဲ့.. ၊ ကိုကြီးက အကုန်
တာဝန်ယူမှာ......""အကိုက အလုပ်ရှိသေးတယ်....."
ဇမ်ယမ်းက နှုတ်ခေါင်းရှုံ့လိုက်ပြီး...
"အကို့အလုပ်ကလည်း
တစ်ရက် နှစ်ရက်တောင်
ခွင့်တိုင်လို့ မရဘူးလား..??""ဇမ်ယမ်းကလည်း.၊
သူများကို အဲ့လို ဇွတ်မလုပ်ရဘူးလေ၊
အလုပ်ဆိုတာ ဖျက်ချင်တိုင်း
ဖျက်လို့ရတဲ့ အရာမှ မဟုတ်တာ...."ကိုမင်းဆက်က ဝင်ပြောတာကြောင့်..
ဇမ်ယမ်းက နှုတ်ခမ်းဆူလေသည်။"အဲ့တာဆို ဇမ်ယမ်းက
ဟိုမှာ အဖော်မရှိပဲ တစ်ယောက်တည်း
လျှောက်သွားရမှာလား..?!!"
YOU ARE READING
The Last Page
RomanceUnicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....