Part-13

2K 213 8
                                    

Zawgyi

ရင်ထဲတွင် ဆို့နင့်နာကျင်နေမှုကြောင့်.
ဖြိုး မျက်ရည်တို့ ထပ်မံဝဲတက်လာချိန်တွင်
မပန်းဖူးအား နှုတ်ဆက်ကာ
ထွက်လာခဲ့မိသည်။

မိမိအခန်းဆီ ပြန်ရောက်မှ ထိန်းချုပ်ထားသော
မျက်ရည်စတို့ ပါးပြင်ထက်သို့
တစ်သွင်သွင် လိမ့်ဆင်းကျလာခဲ့သည်။

ဟိန်းရယ်..၊ ခုလို နေကောင်းကျန်းမာနေတာ
တွေ့လို့ ငါ အရမ်းဝမ်းသာပါတယ်.....။
ငါ့ကို မှတ်မိနေသေးတဲ့ အတွက်လည်း
အတိုင်းမသိပျော်ရွှင်ရပါတယ်....။

ဒါပေမယ့်..မင်းသိလား....?
ငါတို့ နှစ်ယောက်က
ဘယ်လိုမှ ပြန်နီးစပ်ဖို့ မဖြစ်နိုင်တော့ဘူး...။

.........

ဇမ်ယမ်း တစ်ယောက် အိပ်ယာထဲ
လူးလှိမ့်ကာ အတွေးတို့နှင့်
ချာချာလည်နေမိသည်။
မနက်က အီသန့်အား ဟိန်းကြည့်
နေသော အကြည့်များကို မျက်လုံးထဲမှ
ဘယ်လိုမှ ဖျောက်ဖျက်လို့မရပေ။

ဟိန်းမှာ ချစ်ရတဲ့ သူ ရှိနေတယ်တဲ့..။
ထိုသူက...အီသန်တဲ့....။

အီသန်ဟာ စစတွေခြင်းထဲက
စိတ်ထားကောင်းပြီး၊ သိပ်ကို
ချောလွန်းတာကြောင့်  နတ်သားဟုပင်၊
တင်စားခေါ်ဝေါ်ခဲ့ရသူ
တစ်ယောက်ဖြစ်သည်။

ဟိန်း ချစ်ခဲ့တာလည်း မပြောနှင့်၊
အီသန်မှာ ထိရက်စရာ မရှိအောင်၊
တစ်ကိုယ်လုံး လှပလွန်းနေသည်။

"အား..!!!"

ခေါင်းထဲတွင်ရှိနေသော အတွေးများကို
အတင်း ဖျောက်ဖျက်ရင်း၊ ခေါင်းအား
ခေါင်းအုံးနှင့် တင်းကျပ်စွာ ဖိထားမိသည်။

ဘယ်လိုပဲဖြစ်ဖြစ်.အီသန့်ထက်
ဇမ်ယမ်းကို  ပိုပြီးချစ်တဲ့
အခြေအနေဖြစ်လာအောင်.၊
ဇမ်ယမ်း ကြိုးစားရမည်။
ဒီတိုင်းလက်လျှော့လိုက်လျှင်
ဇမ်ယမ်းမပီသပဲ နေလိမ့်မည်။
ဇမ်ယမ်းမှန်လျှင် ရအောင်ယူနိုင်ရပေမည်
ဟူ၍ ကြုံးဝါးလိုက်မိသည်။

................

အခန်းထဲတွင် လက်တော့တစ်လုံးကို
ရှေ့မှာထားပြီး၊ အလုပ်ကိုသဲမဲစွာ
လုပ်နေသော   ဟိန်းအား
စစ်ယံ အကဲခတ်နေမိသည်။

The Last PageOù les histoires vivent. Découvrez maintenant