Part-8

2.2K 244 8
                                    

Zawgyi

2018 april

ဟိန်းကို တွေ့ရရန်  သူ့အခန်းရှေ့သို့
ဇမ်ယမ်း ရောက်နေခဲ့ပြန်သည်။
သူက အလုပ်နားရက်တွင်
အပြင်သိပ်ထွက်လေ့ရှိပုံမရပေ။

အခန်းတံခါးကို သုံးချက်လောက်
ဆင့်ခေါက်လိုက်ချိန်တွင် အခန်းတံခါးလေး
ပွင့်လာခဲ့သည်။

အထဲမှ အပေါ်ပိုင်းအဝတ်ဗလာနှင့် ဟိန်းအား
တွေ့လိုက်ရသဖြင့်၊ ဇမ်ယမ်း ပါးတို့ နီရဲ
တက်သွားရသည်။ သို့သော် ချက်ချင်း
မျက်မှောင်ကြုတ်မိကာ....

"ဘာလုပ်နေတာလဲ...??"

ဟူ၍ မေးချိန်၊ သူက ဇမ်ယမ်း ဝင်မလာစေရန်
တံခါးကို အုပ်မိုးရပ်လိုက်လေသည်။
ပြီးနောက် ထုံးစံအတိုင်း ဇမ်ယမ်းအား
အလိုမကျမှုများစွာနှင့် ကြည့်ကာ...

"ဘာလာလုပ်ပြန်တာလဲ..??၊ "

"ဟိန်းကို လွမ်းလို့လာတာလေ...
ဘာလုပ်နေတာလဲလို့..?"

ဇမ်ယမ်း သူ့အား သင်္ကာမကင်းကြည့်မိသည်။
ဘာလို့ အင်္ကျီမဝတ်ထားရတာလဲ.?။

သူ ဘာလုပ်နေလဲ သိချင်လာတာနှင့်၊
အခန်းထဲ အတင်းဝင်ရန် တွန်းတိုက် လိုက်မိချိန်၊
သူက ဇမ်ယမ်းအား အတင်းပြန်လည် တွန်းထုတ်ကာ.

"ဘယ်လိုဖြစ်နေတာလဲ..???
သွား..!! ပြန်တော့..!! ငါ မအားသေးဘူး...!"

သူက အတင်း ပြန်ခိုင်းနေစဉ်၊ သူ့နောက်မှ
လူတစ်ယောက် ဖြတ်သွားတာကို ဇမ်ယမ်း
မြင်လိုက်ရသည်။

"အထဲမှာ ဘယ်သူလဲ..?"

"မင်းကိစ္စ မဟုတ်ဘူး....!! သွားတော့...."

အခန်းတံခါးက ဝုန်းခနဲ ပိတ်သွားလေသည်။

ဇမ်ယမ်း တံခါးကို တစ်ဒုန်းဒုန်း မြည်အောင်
ခေါက်ရင်း..၊

"တံခါးဖွင့်...၊ ဟိန်း မဖွင့်မချင်း
ဇမ်ယမ်း မပြန်ဘူး..!!"

အံကို ကြိတ်ကာ ထိုသို့ပြောရင်း တံခါးအား
ထုနေမိသည်။ ချက်ချင်းပင် တံခါးက ပြန်လည်
ပွင့်လာကာ၊ဝုန်းခနဲ ထွက်လာသော ဟိန်းက
ဇမ်ယမ်း ခန္ဓာကိုယ်အား ခပ်ပြင်းပြင်း
ဆောင့်တွန်းလိုက်လေသည်။
အရှိန်ပြင်းလွန်းတာကြောင့် ဇမ်ယမ်းမှာ
ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက်
လဲကျသွားရသည် အထိပင်။

The Last PageWhere stories live. Discover now