Zawgyi
2018 ( သင်္ကြန် အကြိုနေ့ )
ကိုညဏ်လင်းအား ဇမ်ယမ်း ဖုန်းခေါ်ဖြစ်သည်။
ကိုဟိန်း ရှိသည့် နေရာကို မေးရန်နှင့်၊
ကိုဟိန်းများ သင်္ကြန်လည်မလား သိချင်၍ ဖြစ်သည်။"ဟယ်လို..."
တစ်ဖက်က အိပ်ချင်မူးတူးအသံနှင့်
ဖုန်းကိုင်လေသည်။"ကိုညဏ်လင်း...၊ ဟိန်းက ဘယ်မှာနေတာလဲ..??"
"ဝါး....!!"
အရေးထဲ သမ်းပြနေသေးသည်။
နေ့လည် ၁၂တောင်ထိုးနေပြီ ၊ သူက အိပ်လို့
ကောင်းတုန်းရှိသေး။"ဖြေလေ...!! နေဖင်ထိုးနေပြီ..
အိပ်မနေနဲ့တော့....!!""အကို တစ်ညလုံး မအိပ်ရသေးဘူး
ညီလေးရဲ့...၊ ဒါနဲ့ မင်းက ဘာလုပ်မလို့လဲ..?
သူ့ဆီသွားမလို့တော့ မဟုတ်ပါဘူးနော်..??""သွားမလို့လေ....."
"ဘာ...!!!၊ အာ... မသွားနဲ့....၊
ဘာလို့ သွားမှာလဲ..??"ကိုညဏ်လင်းက အလန့်တကြား ဆိုလေသည် ။
ဇမ်ယမ်း မျက်မှောင်ကြုတ်လိုက်ကာ..."တွေ့ချင်လို့ပေါ့...၊ ဘာဖြစ်လို့လဲ..??"
"သူက တိုက်ခန်းမှာ တစ်ယောက်တည်း
နေတာလေ.၊ မင်းသွားတော့ အန္တရာယ် များတာပေါ့.""အဲ့တာဆို အကို အဖော် လိုက်ခဲ့လေ....."
တစ်ဖက်က ခတ္တမျှ ငြိမ်ကျသွားကာ..
"ဘာသွားလုပ်မှာလဲ..?"
"တွေ့ချင်လို့ပါဆို..... ၊ မျက်နှာလေး
သွားကြည့်မှာပေါ့......၊ ပြီးတော့ သူ သင်္ကြန်ကို
ဘယ်မှာလည်မှာလဲ သိချင်တယ်လေ...."ကိုညဏ်လင်း၏ ကျယ်လောင်လှသော
သက်ပြင်းချသံကြီးကို ကြားလိုက်ရလေသည်။"ဘယ်မှာနေတာလဲ လို့...!"
ကိုညဏ်လင်းဆီမှ ဘာသံမှ ထွက်မလာသဖြင့်...
"ပြောလေ..!!"
ဇမ်ယမ်း စိတ်မရှည်စွာဖြင့် အော်ငေါက်မိတော့မှ.
"သူက အကိုတို့နားမှာပဲနေတာ ၊
တောင်ဒဂုံ ဘက်မှာပဲ....၊
အိမ်လိပ်စာ လှမ်းပို့ပေးလိုက်မယ်..၊
ဘယ်အချိန်သွားမှာလဲ ပြော.၊
အကိုပါ လာခဲ့ပေးမယ်.."
YOU ARE READING
The Last Page
RomanceUnicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....