Zawgyi
"ကိုဟိန်း.....၊ လာ..."
အကုန်လုံး ထွက်သွားကြချိန်၊
မိုးခင်က ဟိန်းတို့ ယူထားသော သီးသန့်ခန်း
အမှန်ဆီသို့ ဟိန်းအား ဆွဲခေါ်လာသည်။
ဒီနေ့မှာပင် တိုက်ဆိုင်စွာ၊ ဦးလင်းရှိန် နှင့်အတူ၊
မိသားစု တွေ့ဆုံပွဲ ရှိနေခဲ့သည်။သို့သော် အခန်းထဲတွင် ဟိန်းနှင့် မိုးခင်
တို့နှစ်ယောက်တည်းသာ ရောက်နေသေးသည်။"ခုနက ကလေးက ဇမ်ယမ်းဆိုတာလား..?
စိတ်လျှော့ထားလိုက်ပါတော့. အကိုရယ်.၊
သူ့ဘဝလေးနဲ့ သူ ပျော်ရွှင်ပါစေတော့...၊
ခင်တို့ ဘဝက စိတ်ကို အလိုလိုက်လို့ရတဲ့
ဘဝတွေမှ မဟုတ်တာ.."ဟိန်း သက်ပြင်းချမိသည်။
ဇမ်ယမ်း၏ မျက်ဝန်းတွေကို ပြန်လည်
မြင်ယောင်မိတော့ ရင်ထဲ နာကျင်မှုက
အတိုင်းအဆမဲ့။
သိပ်ကို မုန်းတီးနာကျည်းနေသည့်
ပုံရိပ်တို့က မျက်ဝန်းတွင် အထင်အရှား
ပေါ်လွင်နေလေသည်။"ကိုချစ်တဲ့ လူတွေ မနာကျင် မထိခိုက်ဖို့က
ပိုပြီး အရေးကြီးတယ်မလား..?"အားလုံးက ဒီလေသံတွေပင်။
တကယ်တမ်း ၊ ဒီလိုတွေ လုပ်နေရင်ရော
ကိုယ်ချစ်တဲ့လူတွေက တကယ်ပဲ
မနာကျင်ရတော့ဘူးတဲ့လား.?။"မိုးခင်....၊
မင်းရဲ့ ချစ်သူက ခုရော ပျော်ရွှင်နေရလား..?
မင်းနဲ့ ဝေးနေရတာထက် သေရတာက
ပိုကောင်းမယ်လို့ သူတွေးနေရင်ရော..??"ဟိန်း၏ စကားကြောင့် မိုးခင်က
တွေဝေသွားလေသည်။ သူမ မျက်ဝန်းတွင်
မျက်ရည်ဥတို့ ချက်ချင်း ဝဲတက်လာကာ.."သူ အဲ့လိုတွေးနေရင်တောင် ခင်က
ခင်ကြောင့်နဲ့ သူ့ကို ထိခိုက်စေချင်ပါ့မလား.?
အကိုတောင် ခင့်လိုပဲ တွေးလို့.
ခုလို အခြေအနေတောင်
ရောက်လာပြီ မဟုတ်ဘူးလား..?"နှစ်ယောက်လုံး ခတ္တမျှ တိတ်ဆိတ်
ငြိမ်သက်သွားမိကြသည်။
ဟိန်းနှင့် မိဘချင်းသဘောတူထားသော
ခင်ဆိုသည့် မိန်းကလေးသည်၊
မိမိလိုပင်၊ လိင်တူ စုံမက်သူ
တစ်ယောက်ဖြစ်သည်။ သို့သော် ပုံစံ
ခွက်အတွင်း ချမှတ်ထားသော
အသိုင်းအဝိုင်းထဲတွင်၊ ချစ်ခင်ရသူနဲ့
ပေါင်းသင်းရဖို့ အတွက် အရမ်းကို
ခက်ခဲလွန်းလှသည်။
ငွေကြေး အရှိန်အဝါတစ်ခုနှင့်
ဘာမဆိုလုပ်လျှင် ရသည်ဟူသော၊
မိဘဘိုးဘွားတွေကြောင့်၊ ချစ်ရသူကို
ထိခိုက်မှာ မလိုလားကြ။
YOU ARE READING
The Last Page
RomanceUnicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....