Zawgyi
အော်စတင်ဂေဟာ နောက်က တောင်ကုန်း
ပေါ်သို့ ဟိန်း ရောက်နေခဲ့သည်။
တောင်ကုန်းပေါ်က အရာတွေသည်
ငယ်စဉ်တုန်းက အတိုင်း မပြောင်းလဲပဲ
တည်ရှိနေဆဲပင်။ ဟိန်း လုပ်ထားဖူးသည့်
အိမ်ငယ်လေးတောင် ရှိနေဆဲ ဖြစ်သည်။
ဘုန်းတော်ကြီးက ခြေရာလက်ရာ မပျက်
ထားထားပုံရလေသည်။သို့သော် ပြောင်းလဲသွားသည်
အရာများလည်း ရှိသည်။
တောင်ကုန်းထိပ်က လှမ်းမြင်နေရသော
ရှုခင်းသည်၊ သဘာဝမဆန်တော့ပဲ၊
မီးရောင်စုံများစွာနှင့် မြို့ပြ အငွေ့အသက်
များ ပြည့်နှက်နေပြီ ဖြစ်သည်။ခုနှစ်နှစ်အတွင်းမှာ မြို့က အတော်လေးကို
တိုးတက် ပြောင်းလဲသွားခဲ့သည်။
ပြောင်းလဲ တတ်သည့် အရာများကြားတွင်
လူတွေကလည်း ပြောင်းလဲ လာခဲ့သည်။တကယ်တော့ ထိုပြောင်းလဲသည့်
အထဲတွင် ဟိန်းပါ ပါဝင်နေခဲ့ပုံပင်။
ဖြိုးတစ်ယောက်တည်းကိုပဲ
တစ်သက်လုံး ချစ်နိုင်မည် ဟု
ထင်ထားသော စိတ်တို့ ပြောင်းလဲခဲ့သည်။
ဖြိုးလုပ်ခဲ့တဲ့ အရာတွေကို ခွင့်မလွှတ်နိုင်
တော့ခြင်းက လူကို ပြောင်းလဲ စေခဲ့ပုံပင်။လူတစ်ယောက်က အခြားတစ်ယောက်ကို
အချိန်ဘယ်လောက်ကြာကြာ
ချစ်နိုင်မည်နည်း။ ထိုလူ၏ ကောင်းခြင်း
ဆိုးခြင်း အရာရာကို တစ်သက်လုံး
သည်းခံပြီး ချစ်နိုင်မှ အချစ်ဟု
ဆိုသာသည်လား..?။
ထိုသို့ ချစ်နိုင်သူရော လောကမှာ
ဘယ်နှစ်ယောက်လောက် ရှိနိုင်လိမ့်မည်နည်း။ကောင်းကင်တွင် ထွန်းလင်းနေဆဲ
ဖြစ်သော ကြယ်လေးတွေကို
မော့ကြည့်မိရင်း နေ့လယ်က
ဦးထွန်းမင်း ပြောခဲ့သည့်
စကားများကို ပြန်အမှတ်ရစေသည်။ဇမ်ယမ်းက ကောင်းကင်က ကြယ်ကလေး
တွေနှင့် ဆင်တူသည်။ တစ်ဖျတ်ဖျတ်
တောက်ပနေသော ထိုအလင်းရောင်ကို
မိုးသား မဲမဲတို့ မဖုံးအုပ်သရွေ့
တောက်ပမြဲ တောက်ပနေဆဲ ဖြစ်သည်။ဇမ်ယမ်းအား ဟိန်း သံယောဇဉ်ရှိသည်။
ဇမ်ယမ်းနှင့် အရင်လို ပြန်နေချင်သည်။
ဟိန်းမှ ဟိန်း ဖြစ်နေခဲ့သော ဇမ်ယမ်းအား
ပြန်လိုချင်သည်။
YOU ARE READING
The Last Page
RomanceUnicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....