Unicode
"မမာ...၊ ကျွန်မတို့ အဲ့လောက်ထိတော့
မလုပ်သင့်တော့ဘူး ထင်တယ်..."သီသီမော်၏ စကားကို မမာက ဂရုစိုက်ဟန်
မပြပါ။ လူနာကုတင်ပေါ် လှဲလျောင်းနေသာ
ကိုထွန်းမင်းအား အငြိုးတကြီး
စိုက်ကြည့်နေလေသည်။"ငါတို့ အခု မလုပ်ရင်.၊ နောက်တစ်ခါ
အခွင့်အရေးဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး..၊
ဇမ်ယမ်း ပြန်မလာခင် နင်လုပ်ရမယ်..၊
နင့်ကလေးကို သတ်တဲ့ တရားခံကို
သနားမနေနဲ့......."မမာ၏ စကားကြောင့် သီသီမော်
မျက်ရည်တို့ ကျလာရသည်။
မိမိ၏ လူမမယ် မွေးကင်းစကလေးငယ်ကို
ရက်စက်စွာ သတ်ပစ်ခဲ့သည့်
တရားခံက ကိုထွန်းမင်းဖြစ်ကြောင်း
မမာ ထံမှ သိခဲ့ရသည်။
ထိုသို့ သိပြီးနောက်တွင်၊
မမာ၏ လမ်းပြမှုနှင့် ကိုထွန်းမင်းအား
ကလဲ့စားချေခွင့် ရခဲ့သည်။ကိုထွန်းမင်းနားတွင် အနီးကပ် နေခွင့်ရကာ၊
ယုံကြည်မှုကို တည်ဆောက်ခဲ့ပြီး၊
လုပ်ငန်းပိုင်းဆိုင်ရာပါ
ထိခိုက်အောင် လုပ်နိုင်ခဲ့သည်။ထို့အပြင်၊ ဇမ်ယမ်း အန္တရာယ်ကျရောက်
အောင်လည်း၊ ထွဋ်ဦး၏ အကူအညီကို
ယူကာ ၊ တရားခံ အထင်ရောက်အောင်
လုပ်နိုင်ခဲ့သည်။
ထို့အတွက်ကြောင့် သူတို့သားအဖ
မပြေမလည်တောင် ဖြစ်ခဲ့ရပြီးပြီ။နောက်ဆုံး မမာနှင့် ပေါင်းကြံကာ
ကိုထွန်းမင်းအား အသက်အန္တရာယ်ထိခိုက်
စေသည့် အထိ လုပ်ခွင့်ရခဲ့သည်။ထိုအရာတွေ အားလုံးလုပ်ပြီးနောက်တွင်၊
သီသီမော့်အနေနှင့် မကောင်းတာတွေ
ထပ်မံ၍ လုပ်ဆောင်ရန်
အတွက် ဝန်လေးလာခဲ့ပြီ ဖြစ်သည်။ကိုထွန်းမင်းက ပြင်းထန်သော
အက်စီးတန့်ဖြစ်ပြီးချိန်တွင်၊ ကံထူးစွာပင်
အသက်မသေပဲ ကျန်ရှိနေခဲ့သည်။
သို့သော် ထိုအရာကို မမာက မကျေနပ်နိုင်သေးပေ။သူမတွင် ရှိနေသော အမုန်းတရားက
သီသီမော့်ထက်ပင် များပြားလွန်းနေပုံရလေသည်။"လုပ်လေ...!! မြန်မြန်လုပ်....!၊
နင်ကိုယ်တိုင် လုပ်ရမယ်...!!"မမာ၏ တိုက်တွန်းမှုက အရှိန်အဟုန်
မြင့်တက်လာတာကြောင့်၊
သီသီ မျက်ရည်တို့ကို သုတ်လိုက်မိကာ၊
ကိုထွန်းမင်း၏ အောက်စီဂျင် ပိုက်အား၊
လက်လှမ်းလိုက်မိသည်။
VOUS LISEZ
The Last Page
Roman d'amourUnicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....