Unicode
"Player!!! Player!!!! "
သူမနားထဲသို့ဝင်လာသောထူးဆန်းသောအသံကြောင့်သူမမျက်လုံးကိုဖွင့်ကြည့်လိုက်မိတော့သူမရောက်နေသောနေရာမှာအမဲရောင်ဟာလာပြင်ကြီးတွင်ဖြစ်သည်။
ပတ်ပတ်လည်ဘေးတွင်အမဲထုကြီးကလွဲကျန်တာမမြင်ရထိုနေရာကနေမှသူနဲ့စိမ်းသက်သက်အခေါ်အဝေါ်ကိုတတွတ်တွတ်ခေါ်နေလေသည်။
ထိုအမဲရောင်ထဲမှသူမမျက်စိရှေ့သို့ဘောလုံးလိုအရာ၀တၳုတစ်ခုပျံသန်းလာလေသည်။
သူမထိုအရာကိုကြည့်လို့တော့ထိုအရာဟာသူမမျက်နှာနားခပ်နိမ့်နိမ့်ပျံ့သန်းနေပြီး Player ဟုတောက်လျှောက်ခေါ်ကာသူမကိုဖြေစရာမလိုသောမေးခွန်းများကိုအဆက်မပြတ်မေးနေလေသည်။
(ဖြေစရာမလိုတဲ့မေးခွန်းဆိုတာ သတိရပြီလား အဆင်ပြေလား အဲ့လိုမေးခွန်းမျိုး😁)ထိုအရာဝတၳုဟာသူမတို့ Company ကအသစ်ထုတ်ဖို့လုပ်ထားသော သိစိတ်ရှိစက်ရုပ်နဲ့တောင်ဆင်တူနေသေးသည်။
သူမမူပိုင်ခွင့်တင်ထားတဲ့အရာဝတၳုတစ်ခုကိုဒီလိုခွင့်ပြုချက်မရှိ Copy ယူတာသိလိုက်ရတဲ့အခါသူမဒေါသထွက်ကာအခုချက်ချင်းပင်ခုံရုံးတင်ပစ်လိုက်ချင်တော့သည်။သူမကလက်ရှိဘယ်ဘုံရောက်နေမှန်းမသိတဲ့နောက်မှာတော့စိတ်ကိုအသာလျှော့လိုက်ပြီးထိုစက်ရုပ်ကိုမကြည့်မိအောင်သတိထားရင်း
"ငါဘယ်ရောက်နေတာလဲ"
ကြည့်မိလျှင်သူမရဲ့ဒေါသကိုထိန်းထားနိုင်မည်မထင်သောကြောင့်ရှောင်နေသော်လည်းထိုစက်ရုပ်ဟာသူမအကြည့်တွေကိုရဖို့ကြိုးစားကာလက်ရှိကိုစိတ်အားထက်သန်စွာရှင်းပြတော့လေသည်။"Player လက်ရှိရောက်နေတဲ့နေရာကတော့ HM Company ကနေထုတ်လုပ်ထားတဲ့ Game တစ်မျိုးပါ"
HM Company လို့ပြောလိုက်တာကြောင့်သူမစိတ်ထဲကဒေါသစိတ်ဟာအနည်းငယ်တော့လျော့နည်းသွားတော့လေသည်။
သူမဟာထိုမူပိုင်ခွင့်ကိုသူ့မသူငယ်ချင်းဖြစ်သူ HM Company ရဲ့ CEO ဟန်မင်းသန့်ဆီကနေတဆင့်ပြန်ဝယ်ထားတာကြောင့်ဖြစ်သည်။ဟန်မင်းသန့်ကလည်းသူ့ကိုပွင့်လင်းစွာပင်ထိုကိစ္စကိုပြောပြပြီးသားဖြစ်သည်။
သူ Game တစ်ခုကိုတီထွင်သော်လည်းထို Game ဟာ Error တက်ကချိတ်ပိတ်ခံလိုက်ရတဲ့အကြောင်းပင်။
ŞİMDİ OKUDUĞUN
MISSION-II {Rest}
RomantizmUnicode System:Player!!!! MC: နင်နဲ့ငါနီးနီးလေးကိုဘာလို့စွတ်အော်နေတာလဲ ငါနားမကန်းသေးဘူး System:😡😡😡😡 MC:😐😐🙄🙄 ငါလေးဘာအမှားလုပ်မိလို့လဲ??? &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&& Zawgi System:Player!!!! MC: နင်နဲ့ငါနီးနီးလေးကိုဘာလို့စွတ်အော်နေတာလဲ...