"တီ တီ တီ တီ......."
မနက်စောစောမြည်လာတဲ့ ဖုန်းသံကြောင့် မေလက်ပံ တစ်ယောက် အိပ်ယာမှ အလူးအလဲ ထကာ ဖုန်းကိုင်လိုက်သည်။
"ဟဲလို"
"ဟဲလို ဟုတ် အမမေလက်ပံလားရှင်"
"ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး"
"ဟုတ်အမ တော်ဝင်နွယ်ဆေးရုံကပါအမ"
"ဒီနေ့မနက် urgent(အရေးကြီးသော) OT
(ခွဲစိတ်မှု) လေးရှိလို့ သွေးနှစ်လုံးလောက်
reserve(ကြိုတင်) တောင်းချင်လို့ပါ"
ကျွတ် သွားပြီ။ ဒီနေ့ pride ပွဲသွားဖို့အတွက် ဆေးရုံမှ အမတစ်ယောက်နှင့် ဂျူတီချိန်းပြီးသားဖြစ်သည်။ သို့သော် ဂျူတီဆွဲထားသော schedule အရ မိမိနာမည် ဖြစ်သဖြင့် ဧည့်ကောင်တာမှ ကောင်မလေးက မိမိဆီ ဖုန်းဆက်ခြင်းဖြစ်သည်။ ဆေးရုံကလည်း အဟောင်းနေရာမှ အသစ်သို့ ပြောင်းထားသဖြင့် အထိုင်မကျသေးရွေ့ မိမိတို့ဓါတ်ခွဲဌာနအတွက် ညဂျူတီ လူတစ်ယောက်မချသေး။ ဂျူတီလဲပေးထားသော အမသည်လည်း ကလေးတစ်ယောက်အမေ ထို့အပြင် အဝေးမှလာရမည် ဖြစ်သဖြင့် ယခုချက်ချင်းလာရန် အဆင်မပြေနိုင်။ မတက်နိုင် မိမိကိုယ်တိုင်သာ သွားမှရတော့မည်။
"ဟုတ်ပြီ ညီမလေး အမအခုပဲထွက်လာခဲ့မယ်"
"သွေးလှူရှင် အသင်းကိုတော့ ညီမလေးတို့ ဆက်သွယ်ထားလိုက်နော်"
"ဟုတ်ကဲ့ အမ "
မေလက်ပံ တစ်ယောက် အပြေးအလွှားထကာ ဆံပင်ကို အရင်ဆုံး သပ်ရပ်အောင်ပြင်လိုက်သည်။ ထို့နောက် ရေချိုးခန်းသို့ဝင်ကာ အပြေးအလွှား မျက်နှာသစ် သွားတိုက်ပြီး ဆိုင်ကယ်ထားရာသို့ ပြေးသွားလိုက်သည်။
"အော် အရေးထဲမှ သော့ မေ့နေပြန်ပြီ"
အခန်းထဲသို့ သော့အပြေးအလွှား ဝင်ယူကာ မသုတ်ရသေးသော မျက်နှာမှ ရေများကို သတိရ၍ တဘက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်ခဲ့ရသေးသည်။
"အမ ရောက်လာပြီလား"
"အေး ညီမလေး လူနာကကော"
"စမ်းသပ်ခန်း ၂ ထဲမှာ အမ"
"အေးအေး ဟုတ်ပြီ"

YOU ARE READING
The Last One (Zawgyi + Unicode)
General Fictionကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်