ပါးချိုင့် ခွက်ခွက်လေးတွေကို ငေးကြည့်နေတဲ့ အခိုက်အတန့်.............
"ထိုင်ပါ ညီမလေး"
"Ah ဟုတ်ကဲ့အမ"
"ညီမလေး ဘာတွေဆွေးနွေး ရင်ဖွင့်ချင်လဲ"
"ညီမလေး နာမည်ကော ပြောပြချင်လား"
"နောက်ပြီး ဒီမှာ ညီမလေးဆွေးနွေးရင်ဖွင့်သွားတဲ့ အချက်တွေနဲ့ ညီမလေးရဲ့ အချက်အလက်တွေကို သေချာပေါက် confidential အနေနဲ့ ထားပေးမှာဖြစ်တဲ့အတွက် ညီမလေး စိုးရိမ်ရတဲ့ အဖြစ်မျိုးတွေ ဖြစ်မလာဘူးလို့ အမတို့ ကတိပေးပါတယ်"
"စကြတော့မလား ညီမလေး"
လက်ပံရဲ့စိတ်ထဲက စိုးရိမ်မှုတွေ ဖောက်ထွင်းများ မြင်နေရသလား အမရယ်။ လက်ပံဘက်က ဘာမှ complain မလာခင်မှာပဲ အကုန်သေချာပြောပြသွားသည့်အတွက် လက်ပံ စိတ်ထဲမှ ကျိတ်အံ့ဩသွားသည်။
"ဟုတ် ညီမနာမည်ကိုတော့ ခပ်ရိုင်းရိုင်းတောပန်းတစ်ပွင့်ရဲ့ နာမည်နဲ့ အတူတူပဲလို့ မှတ်လိုက်ပါ အမ ညီမ မပြောပြချင်ဘူး"
"ဟုတ်ပါပြီ အဲ့ဒါဆို တောပန်းလို့ပဲ မှတ်ထားလိုက်မယ်နော်"
"ပြောပြပါဦး ညီမလေး ခံစားနေရတာတွေကို"
"ညီမ ကိုယ့်ကိုယ်ကို Gay ဖြစ်တယ်ဆိုတာ သေသေချာချာ သိရတာ တစ်နှစ်ကျော်ကျော်လောက်တော့ ရှိပါပြီ အမ"
"ငယ်ငယ်တုန်းက ဇာတ်လမ်းတွေ ဘာတွေကြည့်ရင် အမျိုးသမီးသရုပ်ဆောင်တွေကိုပဲ ပိုပြီး စွဲလမ်းမိ သဘောကျမိတယ်"
"ဒါပေမယ့် ကိုယ်ဟာ Gay လို့ ဘယ်တုန်းကမှ သံသယမဝင်မိဘဲ မိန်းကလေးအချင်းချင်း သူလိုလေးလှချင်လို့ အားကျလို့ ဖြစ်တာတွေလို့ပဲ ထင်ခဲ့မိတယ်"
"ဟုတ်ပြီ ဒါဆို ဘယ်လိုအဖြစ်အပျက်မှာ ကိုယ်ဟာ gay ဆိုတာ ညီမလေး သေသေချာချာ သိသွားရတာလဲ"
စိတ်ဝင်စားစွာ နားထောင် မေးမြန်းနေတဲ့ ပါးချိုင့်မမလေးကြောင့် လက်ပံဆက်ပြောရန် အားတက်လာမိသည်။
"ညီမအသက် ၂၀ ပြည့်ခါနီးလောက်မှာ ကိုယ့်ကိုယ်ကို သတိထားမိလာတယ် ညီမက ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှုမရှိဘူးဆိုတာ"

ESTÁS LEYENDO
The Last One (Zawgyi + Unicode)
Ficción Generalကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်