Episode 9

3K 253 17
                                    

လက်ပံငိုရလွန်းလို့ မျက်လုံးများပင်ရဲလာသည်။ dutyက တက်ရဦးမည်။ ငိုထားမှန်းမသိသာအောင် မျက်နှာသစ်ပစ်လိုက်ပြီး မိတ်ကပ်လေး အသာအယာဖုံးလိုက်သည်။ မျက်လုံးများ၏ ရဲနေမှုကိုမူ ဖုံးရန်က မစွမ်းသာ.......။ ဓာတ်ခွဲခန်းသို့အဝင် အမမိုးက ဆီးမေးသည်။

"လက်ပံ မျက်လုံးတွေရဲနေတယ် ဘာဖြစ်တာလဲ ညီမလေး"

"အပြင်က ပြန်လာတာ မျက်လုံးထဲ ဖုန်ဝင်သွားလို့ အမမိုး အဲ့ဒါ ပွတ်လိုက်တာ ရဲလာတယ်ထင်တယ်"

"အေးပါ နွေရာသီဆိုတော့ မျက်လုံးကိုဂရုစိုက်ဦး မျက်သားတွေဘာတွေတက်နေဦးမယ်"

"အမမိုး ပြန်တော့မယ် ကျောင်းပိတ်ရက်ဆိုတော့ အိမ်ကပုစုခရုနှစ်ကောင်ကို Ocean လိုက်ပို့မယ်ပြောထားလို့"

"ဟုတ်ကဲ့ အမမိုး ပျော်ခဲ့ပါ"

ညနေပိုင်း လူနာသိပ်မရှိတတ်၍ ဆေးရုံမှ ဓာတ်ခွဲခန်း dutyကို တစ်ဦးသာ ချပေးသည်။ ထို့ကြောင့် ဓာတ်ခွဲခန်းတစ်ခုလုံး တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေသည်။ အချစ်ဦး လက်ထပ်သွားတုန်းကတောင် မကျတဲ့မျက်ရည်က Drအတွက်ကျတော့ တာရိုးကျိုးသည့်အလား ရပ်တန့်မရခဲ့ပါ။ Drကိုချစ်ပါလျက်နဲ့ ကိုယ့်ကိုယ်ကို လှည့်စားခဲ့မိသော မိမိစိတ်ကို လက်ပံကိုယ်တိုင်နားမလည်နိုင်တော့ပါ။ နားလည်ဖို့အတွက်ကြပြန်တော့လည်း အချိန်တွေ လွန်ကုန်ပြီဖြစ်သည်။

အဘွားရှိတုန်းကမှ မနက်နှင့်ည ပုံမှန်တွေ့ဖြစ်သော်လည်း ထိုနေ့ကိစ္စပြီးသည့် နောက်ပိုင်း မျက်သွယ်ဦးနှင့် လက်ပံတို့ မျက်နှာချင်းဆိုင်တွေ့ဆုံချိန်ဆိုတာ မရှိတော့ပါ။နေ့လည်ထမင်းစားချိန်တိုင်း သက်နှင်းနှင့်Drကို လက်ပံက တမင်ရှောင်ပေးတတ်သလို ညပိုင်း Drပြန်အလာကို မန်းကျည်းပင်အောက် ကွပ်ပျစ်မှ တိတ်တိတ်လေးစောင့်၍ ဆိုင်ကယ်ဝင်လာသည်နှင့် အခန်းထဲသို့ ချက်ချင်းဝင်သွားတတ်သည်။မနက်စာကို စားပွဲတွင် ပြင်ပေးခဲ့ပြီး duty အစောကြီးသွားသည်မှာ ရက်ကြာပြီဖြစ်သည်။ သို့သော် နေ့လည်ပြန်လာတိုင်း မနက်ကပြင်ပေးခဲ့သော ထမင်းဝိုင်းက အေးစက်စွာ စောင့်နေသည်။ Drသည် နေ့လည်စာပါမဟုတ် မနက်နှင့်ညပါ အိမ်တွင် ထမင်းမစားတော့ပေး။ အေးစက်စက် ထမင်းဝိုင်းကို မြင်တိုင်း လက်ပံ အခန်းထဲသို့ ဝင်၍ ငိုရလွန်းလို့ မျက်ရည်များပင်မကျန်တော့ပါ။

The Last One (Zawgyi + Unicode)Место, где живут истории. Откройте их для себя