"လက်ပံ"
"ဟင် သဲငယ်"
ခပ်ဝေးဝေးမှ လက်ပြနှုတ်ဆက်နေသော မိန်းကလေးက မြင်ကွင်းထဲတွင် တစ်ဖြည်းဖြည်းနီးကပ်လာသည်။ ခပ်ဝေးဝေးတုန်းက သတိမထားမဘဲ နီးမှကြည့်လိုက်တော့ ဗိုက်ကလေးက လုံးလုံးလေးနှင့် ဖောင်းနေသည်။ လက်ပံ အံ့ဩသင့်သွားမိသည်။
"သဲငယ် နင်ကိုယ်ဝန်ရှိနေပြီလား"
အံ့ဩတကြီးမေးလိုက်သောလက်ပံ၏စကားကြောင့် သဲငယ်တစ်ယောက်ရယ်မိရင်း Drပါပြုံးမိသွားသည်။ အချစ်ဦးကို ဒီလိုပုံစံမျိုးနှင့် တွေ့လိုက်ရတော့ ခံစားရခက်သား။ ဝမ်းနည်းတာလိုလို နှမြောတာလိုလိုနှင့် ဒီခံစားချက်ကြီးကို လက်ပံ မပြောပြတတ်အောင်ပင်ဖြစ်သည်။
"ဟုတ်တယ် လက်ပံရဲ့ ငါးလကျော်လို့ ခြောက်လထဲတောင် ရောက်ပြီ သားဦးမို့ ဗိုက်က သိပ်မထွက်တာ အဲ့ဒါဒီနေ့ အာထရာစောင်းလာရိုက်တာ "
"ရိုက်ခဲ့ပြီလား သဲငယ်"
"အင်းရိုက်ခဲ့ပြီ သမီးလေးတဲ့"
"ဟုတ်လား ဝမ်းသာပါတယ် သဲငယ်ရယ်"
ဘာပဲနေနေ လူ့လောကထဲ ဝင်ရောက်တော့မယ့် ကလေးလေးအတွက် လက်ပံ ဝမ်းသာစကားပြောလိုက်မိသည်။ ထိုစဉ်ဘေးမှာရှိသော Dr ကို သတိရသွားသည်။
"အာ သဲငယ် ဒါက Dr မျက်သွယ်ဦးတဲ့"
"Dr ဒါက သဲငယ်ဆူးတဲ့ လက်ပံရဲ့သူငယ်ချင်း"
"တွေ့ရတာဝမ်းသာပါတယ် Dr"
"တွေ့ရတာ ဝမ်းသာပါတယ် မသဲငယ်ဆူး"
"လာ လက်ပံ စကားလေးထိုင်ပြောရအောင် Dr ရောလာပါ"
သဲငယ်ဆူးက ဦးဆောင်၍ season cafe ဆိုင်လေးသို့ သွားလိုက်သည်။ ဆိုင်ထဲတွင် လူများအတော်အတန် ရှင်းနေသည်။ ချောင်ကျကျ တစ်နေရာတွင်အမျိုးသားတစ်ဦး ထိုင်နေသော ဝိုင်းဆီသို့ သဲငယ်က ခေါ်သွားသည်။
"ပြန်လာပြီလား မိန်းမ"
"Nature republic ကောရခဲ့လား"
"ရခဲ့တယ်အကို ဘေးက အိတ်ဆိုင် ခနငေးနေလို့ ကြာသွားတာ"
"လာထိုင် မိန်းမ"
ထိုအမျိုးသားက သဲငယ်၏ ခုံလေးကို ပြင်ပေးလိုက်သည်။သဲငယ်၏ ခင်ပွန်းဖြစ်သည်။
![](https://img.wattpad.com/cover/215330761-288-k23798.jpg)
STAI LEGGENDO
The Last One (Zawgyi + Unicode)
Narrativa generaleကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်