တောပန်းတို့အိမ်လေးသည် နေချင့်စဖွယ် နှစ်ထပ်တိုက်လေးဖြစ်သည်။ မြို့ပေါ်ရှိအိမ်များနှင့် ကွဲပြားကာ ခြံကျယ်ကျယ်ရှိသည်။ ခြံဝန်းထဲတွင်တော့ အတော်ကြီးမားလှသည့် တမာပင်ကြီးတစ်ပင်၊ ခပ်ပုပု သရက်ပင်တစ်ပင်နှင့် အိမ်၏ အနောက်ဘက်တွင် တစ်အိမ်လုံးအား အရိပ်ပေးရန်လုံလောက်သည့် မန်ကျည်းပင်ကြီးရှိသည်။ မုံရွာနွေသည် ပူပြင်းလှသည် ဆိုသော်လည်း လက်ပံတို့ အိမ်လေးမှာ သီးခြားကမ္ဘာတစ်ခုအလား အိုအေစစ်လေးဖြစ်သည်။ အိမ်အနောက်ဘက် မန်ကျည်းပင်ကြီးအောက်တွင် ကွပ်ပျစ်ကြီးကြီးတစ်ခုခင်းထားသည်။ နေ့လယ် နေ့ခင်း တစ်ရေးတစ်မော အိပ်စက်လို့ အတော်ကောင်းမည့် နေရာဖြစ်သည်။
"Dr လာပါ အထဲကို"
တောပန်း အိမ်တံခါးမကြီးကို ဖွင့်ရင်း စကားဆိုလာသည်။
"အပေါ်ထပ်မှာ အခန်းနှစ်ခန်းရှိတယ် Dr အပေါ်ထပ် တစ်ခန်းကတော့ လက်ပံ နေပါတယ် လက်ပံနဲ့ မျက်နှာချင်းဆိုင်အခန်းကို Dr ကိုပေးနေပါ့မယ်"
"အောက်ထပ်က အခန်းကတော့ လက်ပံအဘွား လက်ပံဆီလာရင်နေတဲ့အခန်းပါ လက်ပံတစ်ယောက်တည်း စိတ်မချလို့ အဘွားက နှစ်ပတ် တစ်ခါလောက်တော့ လာတယ်"
"တကယ်လို့ အပေါ်ထပ် အဆင်မပြေရင် အောက်ထပ်မှာနေလို့လည်းရပါတယ် Dr"
"ရပါတယ် လက်ပံ ကျွန်တော် အပေါ်ထပ်မှာပဲ နေပါ့မယ်"
"Dr ရဲ့ ပစ္စည်းတွေကော ဘယ်တော့လာပို့မှာလဲ"
"မနက်ဖြန် လာပို့ဖို့ ဖုန်းဆက်လိုက်ပါ့မယ် လက်ပံ"
"မနက်ဖြန် လက်ပံလည်း duty off တယ် Dr လက်ပံရော ကူပြီး နေရာချပေးပါ့မယ်"
"လာ Dr အပေါ်ထပ်ကို လိုက်ပြမယ်"
အပေါ်ထပ်တွင် အိမ်ခန်း နှစ်ခန်း၊ ဘုရားခန်းနှင့် ရေချိုးခန်းအိမ်သာရှိသည်။ နေရမည့် အခန်းသည် အတော်အတန် ကျယ်ဝန်းသည်။ စာပွဲတစ်လုံး၊ ထိုင်ခုံတစ်ခု နှင့်ဗီရိုတစိလုံးကိုပါထည့်ထားသည်။ ခုတင်သည်လည်း လူနှစ်ယောက် ချောင်ချောင်ချိချိ အိပ်လို့ရသည်အထိ ကျယ်ဝန်းသည်။
"ပရိဘောဂတွေ အစုံထည့်ထားတာပဲ လက်ပံ"
"ဟုတ်တယ် Dr အဘွားရဲ့ လာဘ်မြင်မှုတွေပေါ့ နောင်တစ်ချိန် မိသားစုဝင်တွေတိုးလာရင် အရန်သင့်ရှိအောင်တဲ့"
YOU ARE READING
The Last One (Zawgyi + Unicode)
General Fictionကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်