မန္တလေးနွေသည် ညနေ 5 နာရီတိုင်အောင် အပူမလျော့ချင်သေးပါ။ မန္တလေးနွေကို အန်တုရင်း မျက်သွယ်ဦး နှင့် ဖြိုးဇော်လင်းတို့ကတော့ ကျုံးဘေး လမ်းကြားလေးထဲဝင်ကာ အအေးထိုင်သောက်နေကြသည်။
မျက်သွယ်ဦး သောက်လက်စ ထောပတ်သီး ဖျော်ရည်လေးကို တစ်ငုံငုံလိုက် ကော်ပြန့်ကြော်လေး တစ်ဖက်ဝါးလိုက်နှင့် အလုပ်ရှုပ်နေသည်။ စကားစလာသူက ကိုဖြိုး........
"ငဦး နင့်တောပန်းလေးကိုရှာတွေ့ပြီလား"
ငယ်ငယ်ကတည်းက ခင်မင်းရင်းနှီးလာခဲ့ကြပြီး ကြီးလာတော့လည်း မိမိနှင့် Lgbt အသိုင်းအဝိုင်းတူဖြစ်နေသော ကိုဖြိုးက မျက်သွယ်ဦးကို ယောကျာ်းလေးတစ်ယောက်လို "ငဦး" ဟုခေါ်သည်။
မျက်သွယ်ဦး သက်ပြင်းအရှည်ကြီးချရင်း......"ငါလည်း ရှာတာ တစ်မြို့လုံးက ဆေးရုံတွေ နှံ့နေပြီ"
"သူကဆေးဘက်နဲ့ဆိုင်တဲ့အလုပ်ဆိုလို့ ဆေးရုံတွေ အရင်ပတ်ရှာနေတာ ငါကိုယ်တိုင်က ဆရာဝန်ဖြစ်နေလို့ တော်တော့တယ်"
ကိုဖြိုး သံပုရာရည်ကို ကမန်းကတန်းသောက်ရင်း မေးလိုက်သည်။
"အဲ့တော့ တွေ့ခဲ့ဝာာလား မတွေ့ခဲ့တာလားဟ"
ကိုဖြိုးတစ်ယောက်တော်တော် သိချင်နေပုံရသည်။ မျက်နှာမချိုမချဉ်နှင့် ဖြစ်နေသော မျက်သွယ်ဦးကို ကိုဖြိုး မချင့်မရဲ ကြည့်ရင်း
"ငဦး သိလား နင်သာ စာရေးဆရာဆို နင့်ဇာတ်လမ်းကြီးကလေ ကောင်းခန်းရောက်လိုက် ဖြတ်လိုက်နဲ့ လုပ်နေလို့ လူတွေဖတ်ချင်ကြမှာ မဟုတ်ဘူး"
"ဒီတစ်သက် စာရေးစားဖို့ စိတ်မကူးနဲ့"
ဟုစိတ်တိုစွာ ပြောလိုက်သည်။မျက်သွယ်ဦး ထောပတ်သီးဖျော်ရည်သီးမတက် ရယ်လိုက်သည်။
"အမယ်လေး ငဖြိုးတို့ သိချင်နေပုံများ ဟန်တောင်မဆောင်နိုင်ဘူး"
"ပြောပြမယ် နားထောင်"
ထိုနေ့ကစပြီး မျက်သွယ်ဦးဘဝတွင် အလုပ်တစ်ခု ထပ်တိုးလာခဲ့သည်။ လက်လှမ်းမှီသလောက်ဆေးရုံများတွင် တောပန်းအကြောင်း မေးရ ရှာရသည်။ မေးပါများလွန်း၍ ဆေးရုံများမှ ကျောင်းအတူဆင်းသော ဆရာဝန်သူငယ်ချင်းများက ရိုက်မလွှတ်တာ ကံကောင်းသည်ဟုဆိုရမည်။မျက်သွယ်ဦးတစ်ယောက် ခေါင်းမီးတောက်နေချိန် နယ်ဘက်တွင်အိမ်ထောင်ကျနေသော ဦးလေးဖြစ်သူ နေမကောင်း၍ မန္တလေးတက်လာခဲ့သည်။ ဆရာဝန်ဖြစ်သော တူမကိုအားကိုး၍ ဆေးခန်းလာပြချင်းဖြစ်သည်။ ထို့ကြောင့် တောပန်းရှာပုံတော် တစ်ခန်းရပ်ကာထားရသည်။ ဦးလေး၏ ကိစ္စအဝဝ ဆောင်ရွက်ပေးရင်း သွေးအဖြေယူရန် ဓါတ်ခွဲခန်းတစ်ခုသို့သွားရပြန်သည်။
![](https://img.wattpad.com/cover/215330761-288-k23798.jpg)
ВЫ ЧИТАЕТЕ
The Last One (Zawgyi + Unicode)
Художественная прозаကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်