မျက်သွယ်ဦးတစ်ယောက် သက်နှင်းဖျော်ပေးထားသော ကော်ဖီသောက်ရင်း patient charts များကို အပြန်ပြန်အလှန်လှန် လေ့လာနေလိုက်သည်။ အချိန်ကား နေ့လည် ဆယ်နှစ်နာရီတောင်ခွဲတော့မည်ဖြစ်သည်။ တောပန်းတစ်ယောက်လည်း အခုထိ ပေါ်မလာသေးပါ။ တောပန်းက ကော်ဖီအလွန်အကျွံသောက်တာကို မကြိုက်သော်ဌားလည်း မျက်သွယ်ဦးမှာ တစ်နေ့အနည်းဆုံး ကော်ဖီနှစ်ခွက် မသောက်ဘဲ မနေနိုင်ပါ။ ဆေးရုံက Ward ထဲတွင်တော့ သောက်ရန်ကော်ဖီထုပ်များ အမြဲထားပေးသောကြောင့် အဆင်ပြေလှသော်လည်း အိမ်ရောက်ပါက တောပန်းရဲ့ မျက်စိဒေါက်ထောက်ကြည့်မှုများအောက်တွင် ကော်ဖီတစ်ခွက်ကို မနည်းသောက်ရသည်။ ကဖိန်းဓာတ်သည် လူ့အတွက် မကောင်းမှန်း ဆရာဝန်တစ်ယောက်ဖြစ်သော မျက်သွယ်ဦး ကောင်းကောင်းကြီး သိပါသည်။ ဒါကြောင့် မိမိ၏ မကောင်းတဲ့ အကျင့်ကြီးကိုပြင်ရန် ကော်ဖီ candyများ ဆောင်ထားသော်လည်း သိပ်အဆင်မပြေ၍ သက်နှင်းကို အကူအညီတောင်းလိုက်ရခြင်းဖြစ်သည်။
"တောပန်းများသိလို့ကတော့ ဘယ်လောက် ဒေါသပုန်ထမလဲမသိ ဟိဟိ"
မျက်သွယ်ဦး စိတ်မှ ကျိတ်တွေးကာ ရယ်မိသည်။
"ဒေါက် ဒေါက် ဒေါက်"
မျက်သွယ်ဦး နားနေရာအခန်းသို့ တံခါးခေါက်သံက ပေါ်လာသည်။ patient charts များ သိမ်းဆည်းရင်း ဝင်လာဖို့ အသံပြုလိုက်သည်။
"ဘယ်သူလဲ ဝင်ခဲ့ပါ"
ဖြေးညင်းစွာ ခပ်ဟဟ ပွင့်လာသော တံခါးတွင် ပထမဆုံးမြင်လိုက်ရသည်က ခပ်ကြီးကြီး ငါးဆင့်ချိုင့်ကြီး၊ ထို့နောက် ငါးဆင့်ချိုင့်ကြီးကို မြှောက်ပြကာ ပြုံးနေသော တောပန်းရဲ့ မျက်နှာလှလှလေး........
"အာ ရောက်ပြီလား တောပန်းရဲ့"
"အင်း ***အချစ်***"
အင်းမှာသာ အသံထွက်ပြီး အချစ်ကို ပါးစပ်လေးလှုပ်ပြရုံပဲပြသော တောပန်းကြောင့် မျက်သွယ်ဦး ရယ်မိသည်။
"လာလေ အထဲထိ ဝင်ခဲ့ပါ တောပန်းရဲ့"
ထိုမှသာ ချစ်မျက်စောင်းလေးတစ်ချက်ထိုးပြီး နားနေခန်းထဲသို့ ဝင်လာသည်။ ဝင်ဝင်လာချင်းမှာပင် တစ်ခုခုကို တွေးတောသလို နားနေခန်းတစ်ခုလုံးကို မျက်လုံးဝေ့ကြည့်နေသော တောပန်း .....
YOU ARE READING
The Last One (Zawgyi + Unicode)
General Fictionကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်