Unicide
"ခလွမ်း..လွမ်း..."
"တောက်..ဒါကဘယ်လိုဖြစ်ရတာလဲ၊ငါဒီလိုမျိုးကော်ဖီမသောက်ဘူးဆိုတာမင်းမသိဘူးလား..."
ကျကွဲသွားတဲ့ကော်ဖီခွက်နဲ့အတူဒေါသထွက်နေတဲ့သူ့အသံကြောင့်အတွင်းရေးမှုးမလေးကြောက်လန့်ကာခေါင်းကိုငုံ့ထားသည်။
ခွက်ကိုကိုင်ပေါက်ကာခွဲလိုက်ပေမဲ့ထွက်နေတဲ့ဒေါသကပြေလျော့သွားခြင်းမရှိပဲပိုလို့ပင်ထွက်လာခဲ့သည်။
"ဘယ်လိုဖြစ်ရတာလဲ..."
CEOရဲ့ရုံးခန်းထဲမှာဆူညံနေ၍ကြည်ကြည်တစ်ယောက်အခန်းထဲသို့ဝင်လာကာအခန်းထဲမှကွဲနေတဲ့ကော်ဖီခွက်တစ်ခွက်နှင့်အတူကော်ဖီအရေများကြမ်းပြင်ထက်၌ပျံ့ကျဲနေပြီးအတွင်းရေးမှူးမလေးမှာလဲကြောက်လန့်တကြီးနဲ့မျက်ရည်တွေကျကာငိုနေတာကိုမြင်တော့သူ့အားမေးလိုက်သည်။
"ကြည်ကြည်..သူအတွင်းရေးမှူးလုပ်တာကြာနေပြီ၊ကျွန်တော့်ဖို့ကော်ဖီဖျော်လာတာသကြားတွေထည့်လာတယ်လေ၊ဒါသက်သက်ငါ့ကိုအရွဲ့တိုက်တာ၊ဟေး..မင်းဒီနေ့ကစပြီးငါ့ကုမ္ပဏီကိုလာစရာမလိုတော့ဘူး.."
"ဟင့်..အဲလိုမလုပ်ပါနဲ့CEOရယ်၊နောက်မဖြစ်စေရပါဘူး၊ကြည်ကြည်ပြောပေးပါအုံး.."
"အို.ဟုတ်သားပဲဘုန်းကလဲ၊နောက်တစ်ခါမဖြစ်အောင်ကြည်ကြည်သေချာ.."
"တော်တော့ကြည်ကြည်..မင်းဘုန်းနေရဲ့ဘဝမှာနောက်တစ်ခါဆိုတာမရှိဘူး၊ကြည်ကြည်သူ့ကိုဒီတစ်လစာရောနောက်လစာပါထုတ်ပေးလိုက်ပါ..မင်းသွားလို့ရပြီ.."
ပြောရင်အပြတ်၊လုပ်ရင်အရှင်းဆိုတဲ့အတိုင်းမင်းဘုန်းနေဆိုတဲ့လူရဲ့ရာဇဝင်မှာနှစ်ခါဆိုတာတကယ်လဲမရှိခဲ့။
"ဘုန်း..သူ့ဘဝကသနားစရာလေးပါဘုန်းရယ်၊သူ့ရဲ့အမေကပန်းနာရင်ကြပ်ရောဂါသည်ကြီးလေ၊နောက်ပြီးသူ့မှာဆယ်တန်းတတ်နေတဲ့ညီမလေးလဲရှိနေတော့သေချာပြန်ပြီးစဉ်းစားပေးပါနော်.."
"ကြည်ကြည်ဒါသူ့ဘဝလေ၊လောကမှာရှိသမျှသနားစရာဘဝတွေကိုကယ်တင်နေရမယ်ဆိုရင်ငါ့အတွက်နေစရာတောင်ရှိမှာမဟုတ်ဘူး၊ငါပြောသလိုပဲလုပ်လိုက်ပါ.."
"ဟင့်.."
သူ့စိတ်သူ့သဘောအတိုင်းဆုံးဖြတ်ပြီးပြီဆိုရင်ဘယ်သူဘာပြောပြောနားမထောင်တတ်တာလဲသူ့အကျင့်။
ဘာမှမတတ်နိုင်တော့တဲ့ကြည်ကြည်မှာငိုနေတဲ့အတွင်းရေးမှူးမလေးကိုနှစ်သိမ့်ပေးကာရုံးခန်းထဲမှထွက်လာကြတော့သည်။
ဘယ်သူ့ကိုမှလဲမသနားတတ်သလို၊ဘယ်သူ့အပေါ်မှာမှလဲကိုယ်ချင်းစာတရားမထားခဲ့။သူမှန်တယ်ထင်ရင်ဘာပဲဖြစ်ဖြစ်လုပ်တတ်သည်။
"ဘုန်းနေရောင်"ကုမ္ပဏီဆိုတာနိုင်ငံရဲ့ထိပ်တန်းဆယ်နိုင်ငံထဲမှာပါဝင်ခဲ့ပြီးထိုကုမ္ပဏီကိုဦးဆောင်နေတဲ့ဦးမင်းဘုန်းနေဆိုတဲ့နာမည်ကိုမသိတဲ့သူကစီးပွားရေးလောကမှာမသိသူမရှိလောက်အောင်ပင်။
စည်းကမ်းကြီးတယ်၊အလုပ်နဲ့ရောကိုယ်ရေးကိုယ်တာကိစ္စမှာရောနည်းနည်းမှအမှားအယွင်းမခံတဲ့သူ။ဒါကြောင့်လဲကုမ္ပဏီကဝန်တမ်းအားလုံးကသူ့ကိုကြောက်ရွံလေးစားကြသည်။
အသက်အရွယ်အားဖြင့်၂၇နှစ်သာရှိသေးပြီးသူ့ရဲ့ကြီးကျယ်ခမ်းနားမှုကြောင့်သာဦးတတ်၍ခေါ်နေရခြင်း။
ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဆိုတော့အများကလေးစားကြသည်။
မင်းဘုန်းနေဆိုတာနဲ့တည်ကြည်တဲ့မျက်နှာပိုင်ရှင်ဆိုတာကိုတန်းပြီးမြင်နိုင်ပြီးသူ့ရဲ့အပြုံးကိုမြင်ရဖို့ဆိုတာကဧရာဝတီမြစ်ထဲနဂါးရှိတယ်လို့ပြောတာကမှနဂါးဆိုတာကိုမြင်နိုင်ပြီးသူ့ရဲ့အပြုံးဆိုတာကိုမြင်ရဖို့ဆိုတာခဲယဉ်းလှသည်။
စကားအများကြီးမပြောဘူး။လိုရင်းတိုရှင်းသာပြောပြီးစိတ်ဆတ်သည်။
သည်းခံတယ်ဆိုတာသူ့ဘဝမှာမရှိ။မကြိုက်ရင်မကြိုက်သလိုဆုံးဖြတ်တတ်တာအခုကိစ္စမှာပင်အသိ။
နောက်ပြီး...
သူ့ဘဝမှာဘယ်သူ့ကိုမှမချစ်ဖူးခဲ့။
အချစ်ဆိုတာကိုပင်မပြောနဲ့ရင်းရင်းနီးနီးနေတာဆိုလို့စောစောကမန်နေဂျာကြည်ကြည်တစ်ယောက်ပဲရှိသည်။
သူမနာမည်အရင်းကကြည်ကြည်ဝင်း။
ဘုန်းနဲ့အလည်တန်းလောက်ကတည်းကခင်လာကြတဲ့သူငယ်ချင်းဖြစ်ပြီးကျောင်းပြီးသွားတော့ဘုန်းနဲ့အတူအလုပ်လုပ်ရင်းဘုန်းကကုမ္ပဏီထောင်လိုက်တော့ဘုန်းရဲ့ကုမ္ပဏီမှာမန်နေဂျာလိုတမျိုးတိုင်ပင်ဖော်တစ်ယောက်ဆိုရင်လဲမှားနိုင်မည်မဟုတ်။
ဘုန်းရဲ့အရင်းနီးဆုံးဖြစ်တဲ့ကြည်ကြည့်ကိုအလုပ်သမားအားလုံးကအားကိုးကြပြီးတစ်ခုခုဖြစ်ပြီဆိုကြည်ကြည့်ကိုအကူအညီတောင်းကြသည်။
သို့ပေမဲ့ဘုန်းကိုပြောရဲဆိုရဲသာရှိပေမဲ့ဘုန်းအပေါ်မှာတော့ဩဇာမညောင်းနိုင်ပဲဘုန်းကတော့သူလုပ်ချင်ရာသာလုပ်၍သူမဘာမျှမတတ်နိုင်။အရင်းနီးဆုံးသူငယ်ချင်းဆိုတော့ကြည်ကြည်ကလဲဘုန်းအပေါ်နားလည်ပေးပြီးဘုန်းရဲ့ကုမ္ပဏီမှာဘုန်းကိုကူညီပေးရင်းနေရှာသည်။
"ကြည်ကြည်..ငါအပြင်သွားစရာရှိတယ်၊အတွင်းရေးမှူးအသစ်ခန့်အပ်ရေးကိစ္စကိုနင်ပဲစီစဉ်လိုက်.."
"အင်းပါ..CEOဘယ်သွားမလို့လဲ၊ဒရိုက်ဘာကဒီနေ့ခွင့်ယူထားတယ်လေ.."
"ရတယ်ကြည်ကြည်..ငါဘာသာငါပဲမောင်းသွားမယ်၊အဝေးကြီးလဲမဟုတ်ပါဘူး၊မြို့အစွန်ဘက်တင်၊ကွန်ဒိုအသစ်ဆောက်နေတာကိုကြည့်ပြီးတာနဲ့ငါပြန်လာမှာမို့စိတ်မပူပါနဲ့.."
"ဒါပေမဲ့..CEOကားမောင်းလို့အဆင်ပြေပါ့မလား၊နှလုံးက.."
"ဘာမှမဖြစ်ပါဘူး၊ဆေးသောက်လိုက်ရင်ဖြစ်တယ်၊အချိန်မရှိတော့ဘူး၊ငါသွားမယ်.."
ဘုန်းကြည်ကြည့်ကိုပြောပြီးဂိုထောင်မှကားရှိရာသို့လျှောက်လာခဲ့သည်။
ကားတံခါးကိုဖွင့်ပြီးကားပေါ်ထိုင်လိုက်တယ်ဆိုရင်ပဲသူ့ရဲ့အိတ်ကိုဖွင့်ပြီးအထဲကဆေးဗူးကိုယူကာအဖုံးဖွင့်၍ဆေးတစ်လုံးကိုရေသန့်ဘူးတစ်ဗူးဖွင့်ကာသောက်လိုက်သည်။
နောက်မှခါးပတ်ကိုပတ်ကာကားစီအာတိုင်ကိုကိုင်ကာသက်ပြင်းတစ်ခါကိုချ၍...
"ဟူး..ငါလုပ်နိုင်တယ်..ငါမလုပ်နိုင်တာဘာမှမရှိဘူး၊ဟင်း..ငါကအားလုံးထဲမှာအတော်ဆုံး၊အထူးချွန်ဆုံး၊ငါလုပ်ကိုလုပ်နိုင်တယ်.."
ဘုန်းသူ့ကိုယ်သူအားပေးရင်းကားစက်ကိုနှိုးကာမောင်းထွက်လာခဲ့သည်။
ကားမောင်းရင်းနဲ့သက်ပြင်းတွေကိုတဟူးဟူးချလို့နေပြီးကားကိုဂရုတစိုက်မောင်းလို့နေရသည်။
"မင်းဘုန်းနေ..မင်းလုပ်နိုင်တယ်.."
အသံထွက်၍ပင်ဘုန်းသူ့ကိုယ်သူအားပေးလို့နေရင်းကရှေ့မှဆိုင်ကယ်တစ်စီးကရုတ်တရက်ဆိုသလိုချိုးကွေ့ဝင်လာရာ..
"ကျွီ..."
ဘုန်းဘရိတ်ကိုအရမ်းကြီးနင်းလိုက်ပြီးမျက်လုံးကိုမှိတ်ထားလိုက်သည်။
"ဟေး..ကားကိုဘယ်လိုမောင်းလာတာလဲ၊ထွက်ခဲ့..မင်းကားကြောင့်ဒီမှာဒဏ်ရာရသွားပြီ.."
အပြင်မှဆူဆူညံညံအသံတွေကြောင့်ဘုန်းမျက်လုံးများအားဖွင့်ကြည့်တော့သူ့ရဲ့ကားနဲ့မနီးမဝေးလေးမှာဆိုင်ကယ်တစ်စီးလဲနေပြီးထိုအတူလူတစ်ယောက်လဲဒူးမှာဒဏ်ရာရသွားပုံရကာရပ်ကွက်ကလူတွေကသူ့အားကြည့်နေကြသည်။
"ဒေါက်..ဒေါက်.."
ကားမှန်ကိုခေါက်လာတာကြောင့်ဘုန်းကားမှန်အားချလိုက်တော့..
"မင်းကားကိုဘယ်လိုမောင်းလာတာလဲ၊အဲဒီလိုကားပေါ်မှာထိုင်နေလို့ပြီးမဲ့ကိစ္စလား.."
"ငါ့ကားနဲ့သူတိုက်မိတာမှမဟုတ်တာ၊ငါ့မှာအပြစ်မရှိဘူး.."
"ဘာကြ.."
ရပ်ကွက်ကလူတွေကဘုန်းရဲ့အဖြေကြောင့်ဒေါသတွေထွက်ကုန်ကြသည်။
"အမလေး..ဟွန်း..အထက်တန်းစားတွေများကားစီးနိုင်တယ်ဆိုပြီးလူစိတ်ကိုမရှိဘူး.."
"ဟုတ်ပ..ဒီလောက်ကျဉ်တဲ့ရပ်ကွက်လမ်းလေးကိုကားကိုအရှန်ပြင်းပြင်မမောင်းသင့်ဘူးဆိုတာမသိဘူးလားမသိဘူး၊သူကလဲမှားသေးအမှားကိုဝန်မခံဘူး.."
"ကြာပါတယ်ကွာ..ဒီကောင့်ကိုဝိုင်းရိုက်ကြ.."
"တော်ကြပါတော့ဗျာ..ကျွန်တော်လဲဘာမှမဖြစ်ပါဘူး၊အခုကိစ္စကလဲသူ့အမှားမဟုတ်ပါဘူး၊ကျွန်တော်ရုတ်တရက်ဆိုင်ကယ်ကိုချိုးဝင်လာလို့ပါ၊နောက်ပြီးသူ့ကားနဲ့လဲမတိုက်မိပါဘူး၊ကျွန်တော့်ဖာသာလန့်ပြီးလဲသွားတာပါ.."
"ကြားတယ်မဟုတ်လား၊ကာယကံရှင်ကတောင်ဘာမှမဖြစ်ဘူး၊သူ့အပြစ်ပါပြောနေတာဘာလဲခင်ဗျားတို့ကကိုယ်ကားမစီးနိုင်တိုင်းကားစီးလာတဲ့သူတွေကိုလိုက်ပြီးအမုန်းပွားနေပုံပဲ.."
"ဘာကြ.."
"တော်ကြပါတော့ဗျာ.."
"မတော်နိုင်ဘူး၊နေညို မင်းခြေထောက်ကဒဏ်ရာရသွားတယ်လေ၊အဲဒါသူ့ကိုလျှော်ကြေးတောင်းရအုံးမယ်ကွ.."
တဖက်ကကောင်မှာအမှုကိုအကြီးအကျယ်မဖြစ်စေချင်၍သူ့ရပ်ကွက်ကလူတွေကိုပြောနေပေမဲ့တကယ်လဲသူမတ်တတ်မရပ်နိုင်ပါ။
"ဟွန်း..ဒါများအစကမပြောဘူး..ဒီမှာရော့..သူ့ကိုဆေးခန်းသွားပြလိုက်..."
သူတို့စကားကြောင့်ဘုန်းပိုက်ဆံအိတ်ထဲမှတစ်ထောင်တန်တစ်အုပ်အားပစ်ပေးလိုက်တော့ရပ်ကွက်ကလူတွေပို၍ဒေါသထွက်နေကြသည်။
"မင်းလူရောဟုတ်ရဲ့လား.."
"ဘာလဲ..နည်းလို့လား၊ကောင်းပြီရော့..ဒီမှာတစ်အုပ်၊ဒီလောက်ဆိုရင်လုံလောက်ပါရော့မယ်၊အကြံအဖန်တွေကိုကျေအေးပေးပါတော့အရေးကြီးကိစ္စရှိသေးတယ်.."
"နေအုံး..ဟေး..မင်းပိုက်ဆံတွေပြန်ယူသွား၊ငါ့ရဲ့သိက္ခာကိုမစော်ကားနဲ့.."
"ဘာလဲနည်းနေသေးလို့လား.."
နေညိုဆိုတော့လူကလဲနေရာမှပြောတော့ဘုန်းနှုတ်ခမ်းအားမဲ့ကာပြောလိုက်သည်။
"ဘာ..မင်း.မင်း.."
"ငါ့မှာအဲလောက်အချိန်မရှိဘူး၊အဲဒီပိုက်ဆံတွေယူချင်ယူမယူချင်နေ၊ငါသွားစရာရှိသေးတယ်၊ရှေ့ကဖယ်ပေး.."
"တောက်..ဒီကောင်ကွာ.."
"ကိုတိုးမောင်..ထားလိုက်ပါတော့ဗျာ၊ဒီပိုက်ဆံတွေကိုသူ့ကားပေါ်တင်ပေးပြီးသူ့ကိုသွားခိုင်းလိုက်ပါတော့.."
"နေညို..မင်းဒဏ်ရာရထားတယ်လေ၊အရိုးတွေကျိုးကုန်ရင်ဘယ်လိုလုပ်မလဲ.."
"ကျွန်တော်ဖာသာကုမယ်၊သူ့ကိုသာပြန်ပေးလိုက်ပါ.."
နေညိုကပြောတော့ကိုတိုးမောင်ပိုက်ဆံနှစ်ထုတ်အားဘုန်းကိုပြန်ပေးလိုက်သည်။
"ဒီမှာ..မင်းဘာသာကားအကောင်းစားဘယ်လောက်ပဲစီးနိုင်စီးနိုင်ဘဝင်တွေမြင့်မနေနဲ့၊ကားအကောင်းစားစီးနိုင်တိုင်းအဆင့်အတန်းမြင့်ပြီလို့မထင်နဲ့။နောက်ပြီးမင်းတွေ့ဖူးတဲ့ကြုံဖူးတဲ့သူတွေနဲ့ငါ့ကိုလာမနှိုင်းနဲ့၊ငါကဥစ္စာဆင်းရဲပေမဲ့စိတ်ကအဆင့်အတန်းမြင့်အောင်နေတယ်ကွ၊မင်းသွားလို့ရပြီ.."
နေညိုရဲ့စကားအဆုံးမှာဘုန်းနှုတ်ခမ်းအားမဲ့ပြုံးပြုံးကာကားကိုမောင်းထွက်လာခဲ့တော့သည်။
လူရှေ့သူရှေ့မို့သာမာနနဲ့စိတ်ကိုတင်းပြီးပြောခဲ့ပေမဲ့အက်စီးဒင့်ဖြစ်တော့မလိုဖြစ်သွားတာကိုတွေးကာတစ်နေရာအရောက်မှာကားကိုရပ်ကာသက်ပြင်းတွေချရင်းရေဗူးကိုမော့သောက်လိုက်မှစိတ်ငြိမ်သလိုခံစားရကာကားကိုဆက်မောင်းလာခဲ့သည်။

YOU ARE READING
နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completed
RomanceUnicode နေညိုသွင် "ငါမင်းကိုအရမ်းမုန်းတယ်...ငါအရမ်းချစ်ရတဲ့ငါ့ချစ်သူကိုလူ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပြီးငါနဲ့ခွဲခဲ့တဲ့မင်းကို..ငါတသက်လုံးခွင့်မလွတ်ဘူး..." မင်းဘုန်းနေ "ငါမင်းကိုလက်လွှတ်လိုက်တာမဟုတ်ဘူးနေညိုသွင်... မင်းကိုလွတ်လပ်ခွင့်ပေးလိုက်တာ... ငါ့ကိုမ...