Unicode
ဒီနေ့တော့ဘုန်းရဲ့မျက်နှာကမရွှင်လန်းနေပေမဲ့ညှိုးမှိုင်လို့မနေပဲခါတိုင်းလိုပင်တည်ကြည်နေသည်။
ရင်ထဲမှာမွန်းကျပ်သမျှတွေကိုလဲကြည်ကြည့်ကိုအားလုံးရင်ဖွင့်လိုက်ရ၍ပေါ့ပါးသလိုခံစားရသည်။
"ဒေါက်..ဒေါက်.."
"ဝင်ခဲ့.."
တံခါးခေါက်သံကြောင့်ဘုန်းပြောလိုက်တော့မင်းဥဩအခန်းထဲဝင်လာခဲ့သည်။
"CEO..ဒီနေ့လုပ်ရမဲ့အလုပ်အချိန်ဇယားကိုပြောပြပါ့မယ်.."
"အင်း.."
"မနက်ဆယ်နာရီမှာမြစ်နှစ်စင်းကုမ္ပဏီနဲ့အကျိုးတူစီးပွားအတွက်မြစ်နှစ်စင်းကုမ္ပဏီရဲ့CEOနဲ့တွေ့ဖို့ရှိပါတယ်၊နေ့လည်နှစ်နာရီမှာ"ဘုန်းသစ်ရောင်"ကုမ္ပဏီကိုအကျိုးတူစီးပွားအတွက်CEOသွားရပါ့မယ်.."
"နေပါအုံး..ဘုန်းသစ်ရောင်ကုမ္ပဏီနဲ့ဘယ်တုန်းကလုပ်တဲ့အကျိုးတူလဲ၊ငါလဲမသိရပါလား.."
"မန်နေဂျာလုပ်ထားတာနဲ့တူတယ်..ကျွန်တော်မေးလိုက်ရမလား.."
"အဲဒါကိုဖျက်လိုက်ပါ.."
"ဗျာ.."
"ဖျက်လိုက်လို့.."
"ဟို..အဲဒါက.."
"ဘာဟိုတွေဟင်တွေလုပ်နေတာလဲ၊အဲဒီကုမ္ပဏီနဲ့ဘာအကျိုးတူမှမလုပ်နိုင်ဘူး၊အခုချက်ခြင်းဖျက်လိုက်လို့ငါပြောနေတယ်လေ.."
"ဒေါက်..ဒေါက်.."
"CEO..ဘာတွေဒေါသဖြစ်နေတာလဲ.."
တံခါးခေါက်သံနဲ့အတူကြည်ကြည်အခန်းထဲဝင်လာကာဆိုလိုက်သည်။
"ကြည်ကြည်..ဒီကိစ္စကဘယ်လိုဖြစ်ရတာလဲ.."
သူ့ရဲ့ရှေ့မှဖိုင်တွဲအားကြည်ကြည့်ကိုပြကာပြောတော့ကြည်ကြည်ထိုဖိုင်အားကောက်ယူလိုက်သည်။
"ဪ..ဒါကငါလုပ်ထားတာလေ၊ဘာဖြစ်လို့လဲ.."
"ကြည်ကြည်.ဒီစကားကအဲလိုပေါ့ပေါ့ဆဆပြောရမယ့်စကားမဟုတ်ဘူး၊အဲဒါဘယ်သူကုမ္ပဏီလဲဆိုတာနင်သိရဲ့သားနဲ့ဟာ.."
"မင်းဥဩ..အပြင်ထွက်ပေးပါ.."
"ဟုတ်.."
ကြည်ကြည်ကပြောတော့မင်းဥဩအပြင်ကိုထွက်သွားသည်။နောက်တော့ကြည်ကြည်ဘုန်းရဲ့ရှေ့ထိုင်ခုံ၌ဝင်၍ထိုင်လိုက်သည်။
"ဘုန်း..နင်အဲဒါကိုလုပ်ရမယ်.."
"ကြည်ကြည်.."
"အဲဒီကုမ္ပဏီကနင့်အဖေရဲ့ကုမ္ပဏီလေ၊ဘာလဲနင်ကြောက်လို့လား.."
"ငါကဘာကိုကြောက်ရမှာလဲ.."
"မကြောက်ရင်နင်ဘာလိုရှောင်နေအုံးမှာလဲ၊နင့်ရဲ့အရည်အချင်းကိုနင့်ကိုအထင်သေးနေတဲ့နင့်အဖေရှေ့မှာထုတ်ပြလိုက်စမ်းပါ၊သူတို့စွန့်ပစ်ထားတဲ့နင်ကသူတို့ထက်အစစအရာရာသာတယ်ဆိုတာနင်ပြဖို့လိုနေပြီ၊တကယ်ဆိုနင်ကစင်ပေါ်ကပါ၊သူတို့ဘက်ကိုကငါတို့ကုမ္ပဏီနဲ့လိုလိုလားလားပူးပေါင်းဖို့ကမ်းလှမ်းခဲ့တာ၊တကယ်တမ်းရှောင်ရမှာနင်မဟုတ်ဘူးဘုန်း၊နင့်ကိုစွန့်ပစ်ခဲ့တဲ့သူတို့ကရှောင်ရမှာ၊ငါနင့်ကိုဖြစ်သင့်ဖြစ်ထိုက်တာကိုဖြစ်စေဖို့ပဲလုပ်ခဲ့တာပါ၊ငါ့ကိုနင်ယုံတယ်ဆိုရင်နင်ဒီကိစ္စကိုလက်ခံလိုက်ပါ.."
"ဒါပေမဲ့ကြည်ကြည်ရာ..ငါသူတို့နဲ့မျက်နှာချင်းမဆိုင်ချင်ဘူး၊သူတို့စွန့်ပစ်ခဲ့တဲ့ငါကဘယ်လောက်ပဲတော်နေတော်နေသူတို့အထင်မကြီးဘူးဆိုတာငါသိနေတယ်၊ဒါပေမဲ့ငါဂရုမစိုက်ပါဘူး၊ငါတကယ်ကြောက်တာကအဲဒီကုမ္ပဏီမှာသူရှိနေတယ်မလား.."
"ဘုန်း..ငါအဲဒါကြောင့်ဒီကိစ္စကိုလက်ခံခဲ့တာပဲ၊ငါ့ကိုယုံစမ်းပါဘုန်းရယ်.."
"ငါသူ့ကိုတွေ့ရင်.."
"နင်သည်းခံရမယ်ဘုန်း..ငါပြောတဲ့အတိုင်းသာလုပ်၊နင့်ဆီကိုဘုန်းမကြာခင်ပြန်လာလိမ့်မယ်၊ဘာလို့ငါအဲလိုတပ်အပ်ပြောနိုင်တာလဲဆိုရင်သူနင့်ကိုသံယောဇဉ်ရှိနေလို့ပဲဘုန်း.."
"နင်ပြောသလိုဆိုတော့ငါဘာလုပ်ရမှာလဲ.."
"အင်း..ဒီလိုလုပ်.."
ကြည်ကြည်ကသူ့ကိုယ်သူယုံကြည်ချက်ရှိရှိနဲ့ဘုန်းကိုအချက်ပေါင်းများစွာကိုပြောရင်းဘုန်းထိုကုမ္ပဏီသို့ရောက်လို့လာခဲ့သည်။
"ဟူး..."
"ဘုန်းသစ်ရောင်"ဆိုတဲ့ကုမ္ပဏီကြီးရဲ့ရှေ့ကိုကားရပ်လိုက်တော့ဘုန်းသက်ပြင်းတစ်ချက်အားချလိုက်သည်။
"သူဌေး..ဘာဖြစ်လို့လဲ.."
"ဘာဖြစ်လို့လဲ.."
"သက်ပြင်းတွေချနေလို့လေ.."
"မင်းဥဩ..ငါဘာမှမဖြစ်ဘူး၊ဒီကိစ္စကိုအကောင်းဆုံးဖြစ်အောင်လုပ်နိုင်ရမယ်၊မင်းဘာမှအမှားအယွင်းမဖြစ်စေနဲ့နော်.."
"စိတ်ချပါသူဌေး..ကျွန်တော့်ကိုယုံစမ်းပါ.."
"ကောင်းပြီ..သွားမယ်.."
ကားကိုကားပါကင်မှာထိုးကာမင်းဘုန်းနေနဲ့မင်းဥဩကားပေါ်ကဆင်းလို့လာခဲ့သည်။
မြန်မာနိုင်ငံရဲ့နံပါတ်တစ်ကုမ္ပဏီဆိုတဲ့အတိုင်းကြီးကျယ်ခန်းနားလှတဲ့အပြင်အဆင်တွေကနန်းတော်တစ်ခုကိုရောက်နေသလိုပင်။
အလွှာတိုင်းအလွှာတိုင်းမှာလဲမတူညီတဲ့အပြင်အဆင်တွေနဲ့မွန်းမံထားပြီးလူတစ်ယောက်ကိုဆွဲဆောင်နိုင်လွန်းလှသည်။
ဘုန်းဓာတ်လှေကားမှတတ်လာရင်းကြည်ကြည်ရဲ့စကားတွေကိုပြန်ကြားလို့လာသည်။
"ပထမတစ်အချက်.နင့်ရဲ့စိတ်ကိုပြုပြင်ရမယ်၊အဲဒီကုမ္ပဏီကိုသွားရမယ်၊အထူးသဖြင့်နင်ကသူထွက်သွားလဲဘာမှဖြစ်မနေခဲ့ဘူးဆိုတာသူသိအောင်နင်နေရမယ်.."
"ဒုတိယအချက်.နင့်အတွက်သူဆိုတာမလိုအပ်ဘူးဆိုတာကိုသူသိအောင်လုပ်ပြရမယ်.."
"တြီ..."
အလွှာရှစ်ကိုရောက်တော့ဓာတ်လှေကားကရပ်သွားကာဘုန်းနဲ့ဥဩထွက်လာခဲ့ကြသည်။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင့်.."
"ဦးဘုန်းသစ္စာ.."
"ဘယ်သူများလဲမသိဘူး၊ဘယ်သူလို့ပြောပေးရမလဲ.."
"မင်းဘုန်းနေ.."
"ဪ..သူဌေးကြီးကမှာထားပါတယ်၊ဒီမှာခဏထိုင်စောင့်ပေးပါရှင့်၊ကျွန်မသူဌေးကြီးကိုသွားပြောပေးပါ့မယ်.."
ဘုန်းခေါင်းကိုညိတ်ပြလိုက်တော့ကောင်မလေးကသုတ်သုတ်ပြာပြာပဲထွက်သွားတော့သည်။
ဘုန်းတို့လဲကောင်မလေးပြတဲ့နေရာ၌ထိုင်၍စောင့်နေတုန်းခဏအကြာမှာကောင်မလေးသူတို့အားခေါ်ကာသွားသည်။
"ဒါကသူဌေးကြီးရဲ့ရုံးခန်းပါ၊အထဲကိုဝင်သွားလိုက်ပါရှင့်.."
ကောင်မလေးကပြောကာထွက်သွားတော့ဘုန်းတံခါးကိုဖွင့်လိုက်တော့...
"ဟင်.."
"သူဌေး.."
သူတံခါးဖွင့်လိုက်တယ်ဆိုရင်ပဲတံခါးရဲ့ရှေ့မှာရပ်နေတဲ့လူတစ်ယောက်ကြောင့်ဘုန်းအံ့အားသင့်သွားရသည်။
သူကနေညိုသွင်...
နေညိုသွင်ကသူ့ကိုကြည့်နေတော့ဘုန်းသူ့ကိုကြည့်နေရာမှအကြည့်အားလွှဲကာအထဲသို့ဝင်၍သွားသည်။
"ဪ.သူဌေးမင်းဘုန်းနေရောက်လာပြီပဲ..ထိုင်ပါ၊မောင်နေညို.သူတို့ဖို့ကော်ဖီဖျော်ခဲ့ပါ.."
"ရပါတယ်.ကျွန်တော်သူများဖျော်တာမသောက်တတ်လို့ပါ၊အလုပ်ကိစ္စနဲ့လာခဲ့တာဆိုတော့အလုပ်ကိုပဲလုပ်ကြတာပေါ့.."
ဘုန်းကဦးဘုန်းသစ္စာရဲ့စကားကိုအချေအတင်ပြန်ပြောလိုက်သည်။
"ကောင်ပါပြီ..အဲဒါကြောင့်လဲမင်းဘုန်းနေဆိုတာဖြစ်လာခဲ့တာကိုး၊ဒါဆိအလုပ်ကိစ္စပဲပြောကြတာပေါ့.."
"ဟုတ်ကဲ့..ဒါကကျွန်တော့်ရဲ့အတွင်းရေးမှူးမင်းဥဩပါ.."
ဘုန်းကဥဩနဲ့သူ့ကိုမိတ်ဆက်ပေးကာအလုပ်ကိစ္စကိုဆွေးနွေးတိုင်ပင်လို့နေသည်။
အချိန်အပိုင်းအခြားအကြာမှအလုပ်ကိစ္စကပြီးဆုံးသွားကာအကျိုးတူပူပေါင်းဖို့ဖြစ်လာခဲ့သည်။
ဘုန်းကဖခင်အရင်းဖြစ်တဲ့ဦးဘုန်းသစ္စာကိုအလုပ်အတွက်ပါတနာဆိုရုံမျှသာဆက်ဆံပြီးဖခင်ဆိုပြီးချစ်ရိပ်ချစ်ယောင်နည်းနည်းမျှမရှိ။ဦးဘုန်းသစ္စာကလဲထိုနည်း၎င်း...
အလုပ်ကိစ္စပြီးသွား၍ဘုန်းအခန်းထဲကထွက်အလာမှာလဲနေညိုသွင်ကိုတွေ့ပေမဲ့ဘုန်းမသိသလိုသာနေကာရှောင်၍ထွက်လာခဲ့သည်။
"အကိုနေညို.."
"မင်းဥဩ.."
"အဆင်ပြေရဲ့လားအကို.."
"အင်းပြေပါတယ်.."
"မင်းဥဩ.."
"ဗျာ..သူဌေး.."
ဘုန်းကသာသူ့ကိုမသိသလိုရှောင်သွားပေမဲ့မင်းဥဩကနေညိုကိုစကားရပ်ပြောနေ၍ဘုန်းခေါ်လိုက်သည်။
"ဘာလုပ်နေတာလဲ၊ငါတို့မှာအဲလောက်အရေးမပါတာတွေလုပ်နေဖို့အချိန်မရှိဘူး.."
"ဟုတ်ကဲ့ပါသူဌေး.."
မင်းဥဩကဘုန်းကိုကြောက်၍နေညို့အားနှုတ်ဆက်ကာဘုန်းရဲ့နောက်ကိုပြေး၍လိုက်လာခဲ့သည်။
ကျန်နေရစ်တဲ့နေညိုမှာတော့အေးစက်လှတဲ့ဘုန်းရဲ့ပုံစံနဲ့သူ့ကိုမသိသလိုလုပ်သွားတဲ့ဘုန်းကြောင့်စိတ်ထဲမှာလစ်ဟာသွားသလိုဖြစ်ကာထိုလစ်ဟာမှုကဘယ်အရာမှအစားထိုးလို့မရသလိုပင်ဖြစ်ရသည်။

YOU ARE READING
နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completed
RomanceUnicode နေညိုသွင် "ငါမင်းကိုအရမ်းမုန်းတယ်...ငါအရမ်းချစ်ရတဲ့ငါ့ချစ်သူကိုလူ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပြီးငါနဲ့ခွဲခဲ့တဲ့မင်းကို..ငါတသက်လုံးခွင့်မလွတ်ဘူး..." မင်းဘုန်းနေ "ငါမင်းကိုလက်လွှတ်လိုက်တာမဟုတ်ဘူးနေညိုသွင်... မင်းကိုလွတ်လပ်ခွင့်ပေးလိုက်တာ... ငါ့ကိုမ...