Part 18

3.7K 185 0
                                    

Unicode

အိမ်ထဲဝင်လာတဲ့နေညိုရဲ့ခြေလှမ်းတွေကလေးလို့နေသည်။
"သားပြန်လာပြီလား..."
ဆိုတဲ့မားရဲ့အမေးကိုတောင်ခေါင်းညိတ်၍သာဖြေခဲ့ပြီးသူ့အခန်းထဲသို့တန်း၍ဝင်လာခဲ့သည်။
တစ်နေ့လုံးဘုန်းနဲ့အတူရှိခဲ့ပြီးကြယ်စင်လေးနဲ့ဘုန်းကိုဘယ်လိုပက်သတ်တယ်ဆိုတာနေညိုမသိခဲ့၊မေးလဲမမေးမိ။
ညနေဘက်ဘုန်းကိုအိမ်ပြန်ပို့ပေးပြီးကြယ်စင်နဲ့အတူအိမ်ပြန်လာရာနေညိုသူတို့ရဲ့ပက်သတ်မှုကိုမေးချင်ပေမဲ့မမေးဖြစ်ခဲ့။
အိမ်ရောက်မှသားကြယ်စင်ကအိမ်ထဲဝင်ရန်အလုပ်..
"ကြယ်စင်..ညီမလေး.."
"ရှင်အကိုကြီး.."
"ဟို..ဟို.."
တဟိုဟိုနဲ့ဖြစ်နေပြီးဘယ်ကဘယ်လိုစပြီးမေးရမှန်းမသိဖြစ်နေသည်။ဒါကိုနားလည်လိုက်တဲ့ကြယ်စင်က..
"အကိုကြီးဘာမေးချင်လို့လဲ.မေးလေ.."
"ဟို.."
"ကဲပါ..အေးအေးဆေးဆေးဖြစ်သွားအောင်ဟိုနားကဒန်းလေးပေါ်သွားကြမယ်.."
ကြယ်စင်ကဦးဆောင်ခေါ်လာ၍နေညိုနောက်ကလိုက်လာခဲ့သည်။ကြယ်စင်ကအိမ်ရှေ့မှဒန်းပေါ်ထိုင်လိုက်တော့နေညိုကထိုနေရာနားမှအုတ်ခုံပေါ်သို့ထိုင်လိုက်သည်။
"ကဲပြော..ဘာမေးချင်လို့လဲ.."
"ဟိုလေ..မင်းဘုန်းနေနဲ့ညီမလေးကဘယ်လိုပက်သတ်နေတာလဲ၊ကိုကိုဆိုပြီးခေါ်တော့လေ.."
"ဪ.ဒါများ..ကိုကိုကကြယ်စင်ရဲ့ကိုကိုလေ.."
"ကိုကို.."
"ဟုတ်တယ်အကိုရဲ့..ကိုကိုမင်းဘုန်းနေကကြယ်စင်တို့နဲ့သွေးသားအရင်းအချာတွေတော်စပ်တဲ့သူတစ်ယောက်ပါ.."
"မင်းဘုန်းနေကကြယ်စင်ရဲ့အကိုအရင်းပေါ့.."
"ဟုတ်တယ်အကို.."
"ဒါ..ဒါဆို.ရောင်နီဦးနဲ့ရော.."
"ဟုတ်တယ်အကို၊ကိုကိုရောင်နီနဲ့ရောမမလမင်းနဲ့ပါမောင်နှမအရင်းတွေတော်စပ်ပါတယ်.."
"ဘယ်..ဘယ်လိုဖြစ်ပြီး.."
ကြယ်စင်ရဲ့စကားကိုနေညိုတကယ်ပင်နားမလည်ဖြစ်သွားရသည်။
"အကိုနားလည်အောင်ကြယ်စင်ရှင်းပြပါ့မယ်၊တကယ်တော့ကိုကိုကအရမ်းကိုသနားဖို့ကောင်းတဲ့လူတစ်ယောက်ပါ..."
ကြယ်စင်ကသူ့အကိုအကြောင်းပြောပြရာ၌မျက်နှာလေးငယ်ကာနိဒါန်းပျိုးလိုက်ပြီး...
ဦးဘုန်းသစ္စာဆိုတာနာမည်တစ်လုံးထဲနဲ့နာမည်ကြီးပြီးပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုလဲမမှား..
ယောက္ခမလောင်းသမီးရှင်တိုင်းသဘောကျကြတဲ့သမက်ဆိုရင်လဲအမှန်ပင်ဖြစ်သည်။
သူကစီးပွားရောမှားထူးချွန်သလိုမိဘစကားကိုလဲတသွေမတိမ်းလိုက်နာတဲ့သားလိမ္မာတစ်ယောက်ပါ။ဒီလိုနဲ့သူအရွယ်ရောက်လာတော့သူ့ရဲ့မိဘတွေစီစဉ်ပေးတဲ့သက်ထားမေဆိုတဲ့မိန်းမတစ်ယောက်နဲ့လက်ထပ်လိုက်တယ်။
ချစ်လို့လက်ထပ်လိုက်တာမဟုတ်ပေမဲ့ညားသွားတော့လဲသူတို့သံယောဇဉ်ဖြစ်သွားကြပြီးသာယာတဲ့အိမ်ထောင်တစ်ခုကိုအစပြုလို့လာခဲ့တယ်..
အိမ်ထောင်တစ်ခု၊မိသားစုတစ်ခုရဲ့အသီးအပွင့်ဖြစ်တဲ့သားသမီးရတနာကိုသူတို့အိမ်ထောင်သက်တမ်းမကြာခင်မှာပဲသမီးတစ်ယောက်မွေးဖွားခဲ့တယ်..
တစ်နေ့မှာဦးဘုန်းသစ္စာကအပေါင်းအသင်းအဆွယ်နဲ့KTVကိုပါသွားခဲ့ရာရိုစ့်ဆိုတဲ့KTVကကောင်မလေးနဲ့ဘာလိုလိုညာလိုလိုဖြစ်သွားခဲ့တယ်။
ဦးဘုန်းသစ္စာကဖောက်ပြန်တတ်တဲ့ယောင်္ကျားတစ်ယောက်မဟုတ်ပေမဲ့သူ့မိန်းမကလဲနောက်ကိုယ်ဝန်မပေါ့မပါးနဲ့ဆိုတော့အပေါင်းအသင်းတွေရဲ့မြှောက်ပေးတာရောပါကာအမူးလွန်ပြီးရိုစ်နဲ့မှားသွားခဲ့တယ်...
ဦးဘုန်းသစ္စာကအရမ်းချမ်းသာတဲ့သူဌေးတစ်ယောက်ဆိုတာကိုသိတဲ့ရိုစ်ကသူတို့မှားခဲ့ကြတာကိုဓာတ်ပုံနဲ့တကွမှတ်တမ်းတင်ထားပြီးဦးဘုန်းသစ္စာကိုချိန်းခြောက်ဖို့လုပ်ခဲ့တယ်။
ဒါပေမဲ့မထင်မှတ်ပဲဦးဘုန်းသစ္စာနဲ့ရတဲ့ကိုယ်ဝန်ကိုသူမလွယ်ထားလိုက်ရတော့ချိန်းခြောက်ရမယ့်အစားဦးဘုန်းသစ္စာကိုပိုင်ဆိုင်ချင်လာခဲ့တယ်..
ဒါကြောင့်လဲဦးဘုန်းသစ္စာကိုတာဝန်ယူဖို့ပြောတော့ဦးဘုန်းသစ္စာကလက်မခံခဲ့ဘူး။
"ငါမင်းကိုလက်မခံနိုင်ဘူးရိုစ်.မင်းအတွက်နစ်နာကြေးဘယ်လောက်လိုချင်လဲ၊ငါပေးမယ်.."
ဆိုပြီးဦးဘုန်းသစ္စာကငြင်းစကားဆိုခဲ့တယ်၊ဒါကဖြစ်ရိုးဖြစ်စဉ်ဆိုပေမဲ့ရိုစ်ကတော့ဦးဘုန်းသစ္စာမလိုက်လျောနိုင်လောက်တဲ့ပမာဏဖြစ်တဲ့စိန်နို့ဆီဗူးတစ်ဗူး၊ခြံနဲ့တိုက်၊ငွေသားသိန်းငါးထောင်ကိုတောင်းတော့ဦးဘုန်းသစ္စာလိုက်လျောကာပေးခဲ့တယ်။
အသားကျနေပြီဖြစ်တဲ့သူ့ရဲ့အိမ်ထောင်ကိုမပျက်ဖို့ဦးဘုန်းသစ္စာအားလုံးကိုလိုက်လျောခဲ့တယ်။
ဒါပေမဲ့ရိုစ်ကဦးဘုန်းသစ္စာပေးတဲ့စည်းစိမ်တွေကိုယူပြီးသူနဲ့ရတဲ့မင်းဘုန်းနေကိုတော့ဦးဘုန်းသစ္စာရဲ့အိမ်ရှေ့မှာထားရစ်ခဲ့ပြီးနိုင်ငံခြားကိုထွက်သွားခဲ့တယ်..
"အဲ့..အူ.ဝဲ...အူ.ဝဲ.."
မနက်စောစောကလေးငိုသံကြောင့်ခြံစောင့်ဦးလေးကြီးကထွက်ကြည့်ရာခြံရှေ့မှာမွေးကင်းစကလေးတစ်ယောက်ကိုတွေ့၍အိမ်ထဲသို့ပွေ့ခေါ်လာခဲ့သည်။
"မောင်တုတ်..ဒါကဘယ်ကကလေးခေါ်လာတာလဲ.."
ဦးဘုန်းသစ္စာရဲ့မိခင်ဒေါ်မြသွေးကမေးတော့မောင်တုတ်မှာအိမ်ရှေ့မှာတွေ့၍ခေါ်လာကြောင်းပြောတော့ဒေါ်မြသွေးကလေးကိုပွေ့ခေါ်လိုက်သည်။
ထိုအချိန်ကရောင်နီဦးမှာလဲဆယ်လသားအရွယ်ဖြစ်သော်လဲဒေါ်မြသွေးကထိုကလေးကိုသဘောကျကာမွေးစားရန်ဆုံးဖြတ်ခဲ့သည်။
ကလေးရဲ့အနှီးထဲမှာစာကိုတွေ့တော့ထိုကလေးကသူမရဲ့သားဘုန်းသစ္စာရဲ့သွေးသားအရင်းဖြစ်နေတော့ဒေါ်မြသွေးမှာမွေးစားရန်သေချာသွားခဲ့သည်။
"မာမီ..သူ့ကိုတန်ရာတန်ကြေးသားပေးပြီးသွားပြီ၊အဲဒါကလဲဒီကလေးကြောင့်ပေးတာ၊သားရဲ့တာဝန်ကျေသွားပြီ၊မာမီသူ့ကိုမွေးစားမဲ့ကိစ္စသားသဘောမတူဘူး.."
"ဟုတ်တယ်အမေ..သမီးလဲသဘောမတူဘူး၊သူ့ကြောင့်သမီးတို့စည်းစိမ်လဲတော်တော်ထိသွားခဲ့တယ်၊သမီးကတော့သဘောမတူဘူး.."
အဲလိုအထိဦးဘုန်းသစ္စာနဲ့ဒေါ်သက်ထားမေတို့ကန့်ကွက်ခဲ့သော်လည်းဒေါ်မြသွေးကဘာပဲဖြစ်ဖြစ်မွေးစားမယ်ဆိုတော့သူတို့ဘာမှမတတ်နိုင်တော့..
မတတ်သာ၍သာအိမ်မှာထားခဲ့ပြီးမိခင်ဒေါ်မြသွေးမရှိလျှင်သူ့ကိုဝိုင်း၍နှိတ်ဆက်ကြသည်။
ဒေါ်မြသွေးဆုံးသွားတော့ဘုန်းကိုအိမ်ကနေနှင်ထုတ်လိုက်ကြတယ်လေ...
"ဒါ..ဒါဆို..တကယ်ပဲ.."
"ဟုတ်တယ်..အကိုရဲ့..ကိုကိုမင်းဘုန်းနေကအရမ်းကိုသနားဖို့ကောင်းတာ.."
နေညိုကြယ်စင်ရဲ့စကားအဆုံးမှာဘုန်းရဲ့ဘဝကိုကိုယ်ချင်းစာသွားကာသနားသွားရတာဆိုရင်အိမ်ရောက်သည်အထိပင်..
နေညိုဖုန်းကိုထုတ်ကာဂလော်ရီထဲမှဘုန်းမူးလာစဉ်ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကိုကြည့်နေလိုက်သည်။
"ငါကမိဘတွေဆုံးသွားလို့မိဘမဲ့ဖြစ်နေတာ၊မင်းကတော့မိရင်းဖရင်းရှိနေပါလျက်မိဘမဲ့ဖြစ်နေတာပေါ့နော်...
မင်းဘယ်လောက်နာကျင်ရမလဲ...
ဘယ်လောက်များစိတ်ထိခိုက်ရမလဲ။..."
"ဟွန်း..ဒါမျိုးတွေလုပ်စားနေကြတာရိုးနေပြီ.."
"ရော့..ဒီပိုက်ဆံနဲ့ဆေးကုလိုက်.."
သူနဲ့ပထမဆုံးတွေ့ခဲ့တဲ့ဂျွတ်ဆတ်ဆတ်အချေသူဌေးကြီးမင်းဘုန်းနေကိုနေညိုပြန်မြင်လာခဲ့သည်။
"ဪ..ဘုန်းရယ်..မင်းရဲ့ဘဝကိုနာကျင်စရာတွေနဲ့ပြည့်နေတော့မင်းရဲ့စိတ်ကလဲဘယ်နူးညံ့နိုင်ပါ့မလဲ..."
"ငါမင်းကိုချစ်တယ်၊ငါဘဝမှာဘယ်သူ့ကိုမှမချစ်ဖူးတဲ့အချစ်နဲ့ချစ်ခဲ့တာ၊ငါဘာအကြောင်းကြောင့်မှမငိုခဲ့ဖူးဘူး၊ဒါပေမဲ့မင်းငါ့ဆီကထွက်သွားတော့ငါငိုခဲ့ရတယ်.."
မူးနေတုန်းအိပ်ပျော်နေရင်းကငိုပြီးပြောနေ၍နေညိုအခန်းထဲပြန်ဝင်လာခဲ့ခြင်းဖြစ်သည်။
"ငါ့မှာဘယ်သူ့မှမရှိဘူး၊ဒါပေမဲ့ငါဝမ်းမနည်းဘူး၊မင်းတစ်ယောက်ထဲပဲငါ့အတွက်ရှိရင်ငါကျေနပ်တယ်၊ငါ့ကိုဘယ်သူမှမချစ်လဲမင်းငါ့ကိုချစ်ရင်ငါသေပျော်ပါပြီ..ဟင့်.."
မျက်လုံးကိုမဖွင့်ပဲငိုကာပြောနေတဲ့ဘုန်းကြောင့်နေညိုဘာကြောင့်ဆိုတာမသိပေမဲ့စိတ်မကောင်းဖြစ်ရသည်။
"သူငါ့ကိုတကယ်ချစ်ခဲ့တာပဲ.ဘုန်းရာ.မင်းသာဝိုင်းလေးဆိုရင်သိပ်ကောင်းမှာပဲ..."
"ဂျစ်တူး.."
ဒီနေ့ဘုန်းရဲ့ပါစပ်ကလွှတ်ခနဲထွက်လာတဲ့နာမည်ကိုနေညိုကြားလိုက်ပေမဲ့ထပ်မေးတော့ဘုန်းကဘာမှမပြောတော့။
သူ့ကိုကြည့်ရတာတစ်စုံတစ်ခုကိုတွေဝေစွာစဉ်းစားနေတဲ့ပုံ။သို့ပေမဲ့သူစဉ်းစားလို့မရ...
"ငါ့အတွေးတွေ.ငါ့ရင်ခုန်မှုတွေ.ငါ့ရဲ့စိတ်ကိုမင်းစိုးမိုးနေပါလားဘုန်းရာ..ငါမင်းကိုချစ်နေမိပြီလား..."

နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completedDonde viven las historias. Descúbrelo ahora