Part 20

4.3K 182 3
                                    

Unicode

"ဘုန်းကားအက်စီးဒင့်ဖြစ်လို့၊နေညို.နင်အခုလာခဲ့ပေးနိုင်မလား.ဟင့်.."
ဆိုတဲ့စကားကြောင့်နေညိုကြားလိုက်ပြီဆိုရင်ပဲခေါင်းတွေထူပူကာသွားရသည်။
"နုထွေးကားအက်စီးဒင့်ဖြစ်လို့.."
ဆိုတဲ့စကားနဲ့ပုံစံချင်းတူနေပြီးနုထွေးလိုဖြစ်မှာနေညိုစိုးရိမ်နေသည်။
"နေညို..မသွားပါနဲ့.."
"ရောင်နီ..ငါသွားမှဖြစ်မယ်..သူအခုလိုဖြစ်ရတာငါ့စကားကြောင့်လဲဖြစ်နိုင်တယ်.."
"နေညို.."
နေညိုကပြောကာထွက်လာတော့ရောင်နီမှာသူ့ကိုအော်ခေါ်ကာကျန်ရစ်နေခဲ့သည်။
စိုးရိမ်စိတ်နဲ့အတူကားကိုမြန်နှုန်းမြှင့်၍မောင်းလာခဲ့သည်။ဆေးရုံကိုရောက်တော့ခွဲစိတ်ခန်းရဲ့ရှေ့မှာအရင်တစ်ခါကလိုပဲကြည်ကြည်ကငိုနေသည်။
"နေညို.."
"ကြည်ကြည်အခြေအနေဘယ်လိုရှိလဲဟင်.."
"အခြေအနေမကောင်းဘူးတဲ့၊ကားကအရှိန်နဲ့တိုက်လိုက်တော့သွေးတွေအရမ်းထွက်နေတယ်၊ခေါင်းကိုလဲထိသွားတယ်ထင်တယ်..ဟင့်.."
"အဆင်ပြေမှာပါ..စိတ်မပူပါနဲ့ကြည်ကြည်ရယ်.."
စိတ်မပူပါနဲ့ဆိုပြီးပြောပေမဲ့တကယ်တမ်းမှာတော့သူကစိတ်ပူနေပြီးအသံတွေပင်တုန်နေသည်။
မင်းသေလို့မဖြစ်ဘူးဘုန်း...
မင်းအပြစ်အတွက်ဒီနည်းနဲ့ပေးဆပ်သွားလို့မရဘူး...
နုထွေးလိုငါ့ကိုထားမသွားပါနဲ့ဘုန်းရာ..
"လူနာမင်းဘုန်းနေရဲ့လူနာရှင်.."
"ဟုတ်ကဲ့ကျွန်မတို့ပါ.."
"လူနာကအရေးတကြီးသွေးလိုနေတယ်.."
"ဘာသွေးလဲ.."
"ရှားပါးတဲ့သွေးပါ..Oသွေး..လူနာကသွေးတွေအထွက်လွန်ထားတော့အမြန်ဆုံးလိုအပ်နေပါတယ်.."
"ကျွန်တော်လှူပါ့မယ်..ကျွန်တော့်သွေးကOသွေးပါ.."
"ကောင်းပါပြီ..ဒါဆိုပြင်ဆင်ထားပါ၊ဆရာမတစ်ယောက်ကိုအခေါ်လွှတ်လိုက်မယ်.."
"ဟုတ်ကဲ့ပါဒေါက်တာ.."
နေညိုရဲ့သွေးကလဲOသွေးဖြစ်နေ၍အဆင်ပြေသွားကာနေညိုသူ့ရဲ့သွေးဖြင့်ဘုန်းကိုကယ်တင်ရန်ဆုံးဖြတ်လိုက်သည်။
အဝတ်အစားလဲပြီးခွဲစိတ်ခန်းထဲသို့ဝင်ကာဘုန်းအားသွေးလှူရန်လူနာစင်ပေါ်သို့လှဲလိုက်သည်။
သူ့ရဲ့ဘေးမှာတော့ဒေါက်တာများချွေးသံတရဲရဲနဲ့ကုသပေးနေတဲ့ဘုန်းကိုနေညိုကြည့်လိုက်သည်။
ဘုန်းရယ်...
ငါမင်းကိုချစ်တယ်..
ဘာကြောင့်ဆိုတာကိုငါမသိပေမဲ့မင်းကိုငါမုန်းလို့မရအောင်ကိုချစ်တယ်။မင်းကယောင်္ကျားတစ်ယောက်ဖြစ်နေတာတောင်မှငါမင်းကိုချစ့တယ်..
မင်းငါ့ကိုသစ္စာမရှိခဲ့ရင်တောင်မှငါမင်းကိုမုန်းလိုမေ့လို့မရအောင်ချစ်တယ်ဘုန်းရာ..
ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ဘုန်းကတော့ရင်ခုန်ကာအသက်ရှူနေသေးပေမဲ့သူ့ရဲ့အသိစိတ်ကတော့ဟိုအဝေးကြီးကိုရောက်လို့နေခဲ့သည်။
အဲဒီနေရာကိုဘုန်းမသိပါ...
သူမြင်နေရတာကကြီးမားတဲ့အဆောက်အဦးအဟောင်းကြီး။အဆောက်အဦးကြီးကအိုဟောင်းနေကာမြို့နဲ့လဲတော်တော်ဝေးမည့်ပုံ...
ထိုအထဲမှာကလေးတွေအများကြီးကိုသံတံတိုင်းတွေခတ်ထားတဲ့လှောင်ခြံထဲမှာထည့်ထားကာအပြင်မှာလူဆိုးကြီးတွေကသေနတ်တွေကိုင်ကာသူ့တို့ကိုခြောက်လှန့်လို့နေကြသည်။
ထိုအထဲမှကောင်လေးတစ်ယောက်ကတော့ကြောက်လန့်နေပြီးတစ်ယောက်ကတော့ကြောက်စိတ်ဆိုတာနည်းနည်းမျှမရှိခဲ့။
ကြောက်လန့်၍ငိုနေကြသူချင်းအတူတူဝိုင်းလေးဆိုတဲ့ကောင်လေးကဂျစ်တူးဆိုတဲ့ကောင်လေးကိုပို၍သနားမိကာသူ့ရဲ့အနားမှာပဲသွားကာထိုင်၍နေသည်။
"ငိုမနေပါနဲ့..ငိုနေလို့ရောငါတို့ကလွတ်မှာလား.."
"မလွတ်မှန်းတော့သိတာပေါ့..အခုချိန်ဆိုငါကိုသူတို့စောင့်နေကြလောက်ပြီ..ဟီး.."
"မငိုပါနဲ့ဆိုကွာ..ငါတို့လွတ်အောင်အကြံထုတ်ရမယ်.."
"မင်းကဘယ်လောက်သန်နေလို့လဲ..သူတို့မှာကသေနတ်တွေနဲ့သေကုန်မှာပေါ့.."
"လူပါကွ..ငါ့မှာအကြံရှိတယ်..မင်းငါနဲ့လိုက်မှာလား.."
"လွတ်မှာသေချာလို့လား.."
"သေချာတယ်.."
"အင်း..ဒါဆိုငါလိုက်မယ်.."
"ကောင်းပြီ..ဒါဆိုမငိုနဲ့တော့.."
"အင်း..မင်းနာမည်ကဘာလဲ.."
"ဝိုင်းဝိုင်း..ဝိုင်းလေးလို့ခေါ်ကြတယ်.."
"ငါ့နာမည်ကဂျစ်တူး.."
"အင်း.."
"မင်းကဝမ်းမနည်းဘူးလား..ဒီမှာဒုက္ခတွေရောက်နေတာ၊မင်းအဖေနဲ့အမေစိတ်ပူနေရော့မယ်၊မင်းသူတို့ကိုမလွမ်းဘူးလား.."
"သူတို့ကငါ့ကိုရှိတယ်လို့ကိုမထင်တာ၊ထားပါ..ညကျငါတို့ဒီကမရရအောင်ထွက်မယ်.."
"အင်း.."
တစ်ယောက်နဲ့တစ်ယောက်လက်ချင်းရှိတ်ကာကြည့်၍ပြုံးလိုက်ကြသည်။
ညရောက်တော့လူဆိုးကြီးတွေကအရက်သောက်ကာအများစုကာမူးပြီးမှောက်နေကြပြီဖြစ်သည်။ဒါကိုသိတဲ့ဝိုင်းလေးကဗိုက်ကိုနှိတ်ကာ..
"အား..အား.."
ဆိုပြီးအော်တော့ဂျစ်တူးကအစောင့်လူကြီးကိုခေါ်ကာဗိုက်နာနေလို့ဆိုပြီးပြောရာဟန်ဆောင်ကောင်းလှတဲ့ဝိုင်းလေးက..
"ဦးလေးကြီးကျွန်တော်အီပါချင်တယ်.."
"မင်းတို့ကောင်တွေတော်တော်ရှုတ်တာပဲ၊ကဲကဲထွက်.."
"ကျွန်တော်ရောပါချင်လို့.."
"လာလာ.."
အစောင့်လူကြီးကနှစ်ယောက်စလုံးကိုထွက်ခိုင်းတော့အခြားတစ်ယောက်က..
"ဘဒင်.မင်းတစ်ယောက်ထဲဖြစ်ရဲ့လား.."
"ဟွန်း..ဒီစောက်ကလေးတွေလောက်ကတော့-ီးနဲ့ကောက်ရိုက်တောင်ရတယ်.."
"ပြီးတာပဲ..ငါတို့တောင်အေးအေးဆေးဆေးသောက်ရသေးတယ်.."
ဆိုပြီးထွက်လာခဲ့ရာဝိုင်းလေးနဲ့ဂျစ်တူးတို့ထိုစခန်းနဲ့နည်းနည်းဝေးရာကိုရောက်တော့အီးပါချင်ယောင်ဆောင်နေကြသည်။
"ဦးလေးကြီးရောမပါတော့ဘူးလား.."
ဝိုင်းလေးကမေးတော့..
"မပါဘူး.."
"ပြီးရင်သွားမယ်.."
"မပြီးသေးဘူးဗျ..ဟိုလေ..ဦးလေးကြီးကဒီထဲမှာခေါင်းဆောင်လား.."
"ဒါပေါ့ကွ..ငါ့ကိုဘယ်သူမှခံမပြောရဲဘူး.."
"ဟုတ်လို့လားဗျာ..စောစောကလူကြီးကဦးလေးကြီးကိုမကျေနပ်နေတဲ့ပုံကြီးနဲ့.."
"ငါ့ကိုမကျေနပ်ရင်ဟောဒီသေနတ်နဲ့ပစ်သတ်ပြစ်မှာ.."
"ဦးလေးကသေနတ်ပစ်တတ်တယ်ပေါ့.."
"ဒါပေါ့.."
"မိုက်တယ်ဗျာ..ဦးလေးကြီးကဗလကတောင့်၊ဆံပင်ကရှည်ရှည်၊မုတ်ဆိတ်နဲ့ဆိုတော့တကယ့်ကိုလူချောပဲ၊ပြီးပြည့်စုံနေတာပဲ.."
"အဟင်း.မင်းကတကယ်အမြင်ရှိတဲ့ကောင်ပဲ၊မပြီးကြသေးဘူးလား၊ကြာနေပြီ.."
ဝိုင်းလေးကမြှောက်ပြောတော့ဘဒင်ဆိုတဲ့လူကြီးကသဘောကျကာပြုံးဖြဲဖြဲနဲ့လုပ်နေသည်။ဒီတော့ဝိုင်းလေးကထလာကာ..
"သေနတ်ကအစစ်ဟုတ်လို့လား.."
"အောင်မာ..ဒီမှာသေချာကြည့်ကွ၊ကျည်တွေ.."
"ဟုတ်လို့လား.."
"ဒီမှာ..ကြည့်လေ.."
ဝိုင်းလေးကသူ့ကိုပေးမပြမချင်းပြောနေတော့နောက်ဆုံးမှာဝိုင်းလေးလက်ထဲသေနတ်ရောက်သွားတော့..
"လက်မြှောက်.."
"ဟမ်..ဟေ့ကောင့်.."
"မလှုပ်နဲ့လို့ငါပြောနေတယ်..."
"အေးပါကွာ..အေးပါ..."
ဝိုင်းလေးကသေနတ်ကိုချိန်ကာပြောတော့ဘဒင်ဆိုတဲ့လူအီးတောင်မပေါက်ဝင့်အောင်ကြောက်နေရှာသည်။

နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completedWhere stories live. Discover now