Unicode
ထွက်ပြေးသွားတဲ့နေညို့ကိုကြည့်တော့သူ့ရဲ့မျက်ဝန်းအိမ်တွေကစိုစွတ်နေ၍သူငိုသွားတာလာဆိုပြီးဘုန်းတွေးလိုက်မိသည်။
ဒါကြောင့်လဲသူ့ရဲ့နောက်ကိုလိုက်လာကာ...
"နေညိုသွင်.."
ဘုနျးခေါျလိုကျတော့နညေိုသှားနရောမှရပျလို့့နပွေီးနောကျကိုတော့လှညျ့မကွညျ့။
"နေညို.."
"သူဌေးကျွန်တော့်ကိုဘာခိုင်းစရာရှိလို့လဲ၊ကျွန်တော့်ကိုမကျေနပ်သေးဘူးလားသူဌေး၊သူဌေးတို့ကိုနှောင့်ယှက်မိလို့ကျွန်တော်သူဌေးကိုလဲတောင်းပန်ပါတယ်.."
နေညိုလှည့်ကြည့်ကာခေါင်းငုံ့၍ပြောတော့ဘုန်းရှေ့သို့တိုးလာကာ..
"မင်းစကားကငါသိက္ခာကိုထိခိုက်နေတယ်.."
ဘုန်းစကားကြောင့်နေညိုခေါင်းမော့ကာကြည့်လိုက်သည်။
"တောင်းပန်ပါတယ်သူဌေး.."
အသံကအနည်းငယ်တော့တိုးညှင်းနေသည်။ပြောချင်တဲ့စကားနဲ့ထွက်လာတဲ့စကားကမတူညီသလိုမျက်ဝန်းတွေကစိုစွတ်နေ၍မျက်ရည်ကျထားတာကသိသာနေသည်။
"နေညို..ငါတောင်းပန်ပါတယ်.."
"....."
ဘုန်းရဲ့စကားကြောင့်နေညိုသူ့အားကြည့်နေပြီးဘာစကားမှမပြော..
"ငါမင်းကိုအဲလိုဖြစ်ဖို့မရည်ရွယ်ပါဘူး၊ငါမင်းကိုအဲလိုခိုင်းတယ်ဆိုတာကလဲသူနဲ့သဘောတူညီထားတဲ့လုပ်ငန်းတွေမပျက်ချင်လို့ပါ.."
"ကျွန်တော်နားလည်ပါတယ်သူဌေး၊ကျွန်တော်ကသူဌေးလိုအပ်ရင်ဘာမလိုလုပ်ပေးရမှာပါ၊ကျွန်တော်ကိုယ့်အဆင့်ကိုယ်သိပါတယ်.."
"နေညို.."
"ဘာမှခိုင်းစရာမရှိရင်ခွင့်ပြုပါအုံးသူဌေး.."
နေညိုပြောကာထွက်သွားတော့ဘုန်းထိုနေရာ၌ရပ်နေရစ်ကာသူ့အားကြည့်လို့နေသည်။
သူ့ကိုမမြင်ရတော့မှဘုန်းပွဲဆီသို့ပြန်သွားတော့သည်။
"နေညို..ဘယ်လိုဖြစ်တာလဲ.."
ငူငူကြီးလျှောက်လာတဲ့နေညိုအားရှေ့မှဖိုးစိုင်းကဆီးကာမေးလိုက်သည်။
နေညိုဘာမှပြန်မပြောပဲသူနဲ့အတူနေညိုရဲ့အခန်းဆီသို့လျှောက်လို့လာသည်။
အခန်းထဲရောက်တော့နေညိုထိုင်ခုံပေါ်၌ထိုင်လိုက်သည်။
"နေညို.."
"ငါဘာမှမဖြစ်ပါဘူးဖိုးစိုင်း.."
"မင်းမျက်ဝန်းကမျက်ရည်ကျထားတယ်ဆိုတာငါသိတယ်၊ဘယ်လိုဖြစ်တာလဲ.."
"ငါမဆိုင်တဲ့ကိစ္စဝင်ပြီးရှုပ်မိလို့ဖြစ်ရတာပါ.."
"....."
နေညိုပြောကာထိုင်ရာမှထလိုက်ပြီးသူ့အိပ်ယာပေါ်သို့လှဲလိုက်ကာ..
"ငါသူ့ကိုကာကွယ်လိုက်တာပါဖိုးစိုင်းရာ..သူ့ကိုမဖြစ်သင့်တာမဖြစ်အောင်လို့ငါလုပ်လိုက်မိတာပါ.."
ပြောရင်းနေညိုအသံတိမ်ဝင်လို့သွားသည်။
"နေညိုရာ..ငါနားလည်ပါတယ်.."
"မဟုတ်ဘူးဖိုးစိုင်း၊ငါ့ကိုမင်းနားမလည်ဘူး၊သူငါ့ကိုမျက်လုံးစူးစူးတွေနဲ့ကြည့်ပြီးငါ့ကိုတခြားသူကိုတောင်းပန်ခိုင်းတာငါအရမ်းခံစားရတယ်ဖိုးစိုင်းရာ၊ငါသိက္ခာကျတာကိစ္စမရှိဘူး၊ဒါပေမဲ့ဒီလိုပြောရက်တဲ့သူ့ကြောင့်ငါခံစားရတာ.."
"နေညိုရာ.."
ဖိုးစိုင်းသူ့ရဲ့ကျောကိုပုတ်ကာနှစ်သိမ့်ပေးလိုက်သည်။ဖိုးစိုင်းကအားပေးတော့နေညိုနှုတ်ခမ်းထက်ကိုအပြုံးတစ်ပွင့်ဖန်ဆင်းထားလိုက်ကာ..
"အဟင်း..ဘာမဟုတ်တာလေးကိုအရေးလုပ်ပြီးခံစားနေတယ်၊အဟင်း..မင်းရောဘယ်လိုလဲ.."
"ဘာကိုလဲ.."
"ဪ.မင်းကြိုက်ရမဲ့သူတွေ့နေပြီလား.."
"ဟာ.."
"မတွေ့သေးဘူးပေါ့.."
"တွေ့နေပြီ.."
"ဘယ်သူလဲ..ဘယ်ကကောင်လေးလဲချောလား.."
ဖိုးစိုင်းယောင်္ကျားလေးတွေကိုသာသဘောကျမှန်းသိ၍နေညိုမေးလိုက်ခြင်း။
"အဲဒါကိုမပြောခင်ငါမင်းကိုမေးစရာရှိတယ်နေညို.."
"စကားပလ္လင်တွေခံမနေပါနဲ့၊ဘာမေးမှာလဲ.."
"မင်းယောင်္ကျားလေးတွေကိုသဘောကျလား၊ငါဘာမေးတယ်ဆိုတာမင်းသိမှာပါ.."
"......"
"ငါမင်းကိုချစ်နေမိပြီထင်တယ်.."
ဖိုးစိုင်းရဲ့စကားကြောင့်နေညိုဘာမှပြန်မဖြေနိုင်ပဲတွေဝေသွားကာဘုန်းရဲ့စကားကိုပြန်ကြားလို့လာသည်။
ထိုစဉ်ကမကြားသလိုနေကာမသိချင်ယောင်ဆောင်၍ကမ်းစပ်မှာတစ်ယောက်ထဲနေခဲ့ရပေမဲ့တစ်ယောက်ထဲထိုစကားကိုတွေးကာအံဩလို့နေသည်။
သူစိတ်ထဲမှာရော၊အတွေးထဲမှာပါဘုန်းကိုထိုသို့လူတစ်ယောက်လို့မထင်ထားခဲ့၊သူမိမိကိုသဘောကျနေတယ်လိုဘယ်လိုများထင်နိုင်မှာလဲ။
သူကမိမိကိုအညှိုးအတေးနဲ့အနားကိုထားကာပညာပေးဖို့အကွက်ကျကျစီစဉ်ခဲ့တာ။
ဘယ်တုန်းကများငါ့ကိုသဘောကျသွားပါလိမ့်ဆိုပြီတောင်နေညိုတွေးမိသေးသည်။
အတူတူအလုပ်လုပ်လာတာတစ်လဆိုတဲ့အချိန်အပိုင်းအခြားလေးမှာသံယောဇဉ်ဆိုတာကတော့ရှိနိုင်ပေမဲ့အချစ်ဆိုတာကြီးလောက်ထိဖြစ်လာမယ်လို့မထင်ပါ။
အဲဒီနောက်မှာနေညိုတွေးလိုက်မိတာက..
ငါကရောသူ့ကိုချစ်လားဆိုတာပင်..
ထိုမေးခွန်းရဲ့အဖြေကတိကျသည်။နေညိုသူ့ကိုမကြိုက်ပါဘူး။
သူကမိမိရဲ့ချစ်သူကိုသေစေခဲ့သူဖြစ်ပြီးသူကယောင်္ကျားတစ်ယောက်ဖြစ်နေလို့။
နေညိုယောင်္ကျားတစ်ယောက်ကိုချစ်လို့ရတယ်လို့ဘယ်တုန်းကမှမတွေးမိခဲ့။သူ့ကိုဝိုင်းလေးလိုထင်၍သာနေညိုလိုတာထက်ပို၍ဆက်ဆံခဲ့ခြင်းဖြစ်သည်။
"နေညို.."
"ဟေ.."
အတွေးတွေထဲမှာမျောနေရင်းဖိုးစိုင်းရဲ့လှုပ်ကာအော်ခေါ်လိုက်မှုကြောင့်နေညိုအသိပြန်လည်လာသည်။
"ငါမေးတဲ့မေးခွန်းကအဲလောက်စဉ်းစားဖို့လိုလို့လားနေညိုရာ.."
"မဟုတ်ပါဘူး..ငါသူဌေးကိုဘာသွားကူညီပေးရမလဲစဉ်းစားနေတာ.."
"ဟမ်..နေညို..မင်း..မင့်သူဌေးကို.."
"ဟာ.ဖိုးစိုင်း.ရူးနေလို့လား၊ငါယောင်္ကျားလေးတွေကိမြကြိုက်ဘူး၊နောက်ပြီးငါယောင်္ကျားတစ်ယောက်ကိုချစ်နိုင်မယ်ဆိုရင်တောင်အဲဒီလူကသူမဖြစ်နိုင်ဘူးဖိုးစိုင်း.."
"ဘာလို့လဲ..ညီမလေးကြောင့်လား.."
"ဟာ..ငါယောင်္ကျားလေးတွေကိုမကြိုက်ပါဘူး၊ကြိုက်ရင်ပြောပြတာ.."
"ရောင်နီဦးဆိုရင်ရော.."
"ရောင်နီဦး.."
"အင်း.."
ရောင်နီဦးဆို၍ဆွဲကြိုးအမှတ်တရဆိုတကိုပြန်ကြားမိကာသူကလဲဝိုင်းလေးဖြစ်နိုင်တယ်လိုနေညိုသံသရဖြစ်ဖူးသည်။
"နေညို.."
"ဟင်..အာ..ဘာတွေမေးနေတာလဲ၊သူကမင်းသားလေ၊ငါ့ကိုလဲမကြိုက်ဘူး.."
"သူ့မင်းကိုသဘောကျနေတယ်နေညို.."
"ဟမ်..မဟုတ်တာ.."
"ဟုတ်တယ်နေညို..ငါသူမင်းကိုကြည့်တဲ့အကြည့်တွေကိုဖက်တတ်တယ်၊သူမင်းအပေါ်မှာမရိုးသားဘူး.."
"ဟုတ်မှလဲပြောပါ၊သူက.ငါ့ကို..အဟင်း."
"ယုံတာမယုံတာမင်းအပိုင်း၊သူကမင်းကိုသဘောကျတယ်၊တွဲမလားဆိုမင်းဘာလုပ်မလဲ.."
"ဖိုးစိုင်းရာငါGayမဟုတ်ပါဘူးဆို၊ဒါပေမဲ့တကယ်လို့သူငါ့ကိုအဲလိုပြောလာရင်ငါစဉ်းစားပေးမိလိမ့်မယ်ထင်တယ်၊ဘာလို့လဲဆိုသူကချောတယ်လေ၊ယောင်္ကျားဆိုပေမဲ့ချစ်ဖို့ကောင်းတယ်၊ဒါပေမဲ့ငါ့ကိုသူအဲလိုပြောလာမှာမဟုတ်ဘူး..ဘာမှတွေးမနေနဲ့.."
နေညိုရဲ့အဖြေကြောင့်ဖိုးစိုင်းမျက်နှာပျက်သွားတာတော့အမှန်။ယောင်္ကျားတွေကိုမကြိုက်ပါဘူးဆိုတဲ့လူကတောင်ရောင်နီဦးဆိုရင်စဉ်းစားပေးမယ်တဲ့။
"ဖိုးစိုင်း..ငါမေးတာမဖြေရသေးဘူးနော်.."
"ဘာလဲ.."
"မင်းကြိုက်တဲ့သူတွေ့ပြီဆို၊သူကဘယ်သူလဲ.."
"ဟာ..ဘယ်သူမှမဟုတ်ပါဘူး.."
"ဟင်..မင်းမေးတာငါ့သူဌေးမင်းဘုန်းနေနဲ့ရောင်နီဦးအကြောင်းဆိုတော့မင်းရောင်နီဦးကိုကြိုက်နေတာမဟုတ်လား.."
"ဟာ..မဟုတ်တာ..မဟုတ်ဘူး.."
ဖိုးစိုင်းဘာရယ်မဟုတ်တချိန်မှာနေညိုစိတ်ရှုပ်ရမှာကိုမလိုလား၍ပိတ်ငြင်းလိုက်သည်။
"ဒါ..ဒါဆို..ငါသူဌေးမင်းဘုန်းနေကိုလား.."
"ဟင်..အေး..ဟုတ်တယ်.."
"ဟင်.."
ဖိုးစိုင်းပြီးပြီးရောဟုတ်တယ်ဆိုပြီးဖြေလိုက်တော့နေညိုဘာမှဆက်မမေးနိုင်အောင်ဖြစ်ကာတွေဝေသွားရသည်။

YOU ARE READING
နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completed
RomanceUnicode နေညိုသွင် "ငါမင်းကိုအရမ်းမုန်းတယ်...ငါအရမ်းချစ်ရတဲ့ငါ့ချစ်သူကိုလူ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပြီးငါနဲ့ခွဲခဲ့တဲ့မင်းကို..ငါတသက်လုံးခွင့်မလွတ်ဘူး..." မင်းဘုန်းနေ "ငါမင်းကိုလက်လွှတ်လိုက်တာမဟုတ်ဘူးနေညိုသွင်... မင်းကိုလွတ်လပ်ခွင့်ပေးလိုက်တာ... ငါ့ကိုမ...