Unicode
"ဘုန်းနင်ဘာတွေလုပ်နေတာလဲဆိုတာငါ့ကိုသေချာရှင်းပြအုံး.."
"ဘာကိုလဲကြည်ကြည်ရာ.."
"နင်မနေ့ကနေညိုသွင်ကိုအဝတ်အစားတွေလိုက်ပြီးဝယ်ပေးတယ်ဆို၊ဝယ်ပေးတာမှနှစ်သိန်းဖိုးကြီးများတောင်ဆို.."
"အဲဒီတော့ဘာဖြစ်လို့လဲ.."
"ဘုန်း..နင့်စကားနဲ့နင့်လုပ်ရက်ကဆန့်ကျင်ဘက်တွေဖြစ်နေတယ်၊နင်ပြောတော့နင်သူ့ကိုပညာပေးရုံသက်သက်ဆို.."
"ကြည်ကြည်..ဟော်တယ်ဖွင့်ပွဲအတွက်လိုအပ်တာကိုငါပြင်ဆင်ရအုံးမှာ၊နင်ပြောချင်တာနောက်မှပြောဟာ.."
ဘုန်းပြောကာသူမအနားကထွက်ကာဖွင့်ပွဲအတွက်ပြင်ဆင်ထားတဲ့ခန်းမဆီသို့ထွက်လာခဲ့သည်။
"ဘယ်လိုလဲCEO..စိတ်တိုင်းကျရဲ့လား.."
စီမံခန့်ခွဲကာခိုင်းနေတဲ့မင်းဥဩကဘုန်းကိုမြင်တော့မေးလိုက်သည်။
"အင်း..အပြင်အဆင်ကတော့မဆိုးပါဘူး၊မင်းတော်တယ်..ကဲ..လုပ်စရာရှိတာဆက်လုပ်၊ငါဟိုဘက်ကိုသွားအုံးမယ်.."
ပြောပြီးဘုန်းကမ်းခြေဘက်ကိုထွက်လာတော့ကျောက်ဆောင်လေးရဲ့အပေါ်မှာထိုင်နေတဲ့နေညို့ကိုမြင်တော့ပြုံးကာသူ့ရဲ့အနားသို့လျှောက်လာခဲ့သည်။
နေကလဲအနောက်အရပ်သို့ရောက်နေကာတဖြည်းဖြည်းကျဆင်းလိုနေ၍ညနေဆည်းဆာရဲ့အလှနဲ့အတူနေညိုအားနောက်မှဘုန်းဓာတ်ပုံရိုက်လိုက်သည်။
"ဒီမှာဘာလုပ်နေတာလဲ.."
"ဪ..သူဌေး..ဘာခိုင်းစရာရှိလို့လဲ.."
"မရှိပါဘူး၊ဟိုမှာပြင်ဆင်နေတဲ့သူတွေကိုခိုင်းနေရတာငြီးငွေ့လာလို့ထွက်လာတာ၊မင်းကရောဒီမှာဘာလုပ်နေတာလဲ.."
"ရေတွေကိုကြည့်နေတာလေ၊အဟင်း..နောက်ပြီးဟောဟိုကမိသားစုကိုကြည့်နေတာ.."
နေညိုလက်ညှိုးထိုးပြရာကိုကြည့်တော့ကမ်းစပ်မှာရေကစားနေကြတဲ့မိသားစုကိုမြင်လိုက်ရသည်။
"ဟင်..သူတို့မိသားစုကဘာထူးခြားလို့လဲ.."
"မိသားစုဆိုတာကမထူးခြားပေမဲ့၊မိဘမရှိတဲ့ကျွန်တော့်အတွက်တော့အဲလိုမိသားစုလေးကိုမြင်ရင်အားကျပီတိဖြစ်ရတယ်.."
"မင်းမှာမိဘမရှိဘူးလား၊အင်းမေးမလို့မေးမလို့နဲ့မင်းနဲ့မားကဘာတော်တာလဲ၊မင်းရဲ့အမေ၊အဲအဖေ..ဟာ..ရှုတ်နေတာပဲ.."
"မားကကျွန်တော့်ရဲ့မွေးစားမိခင်ပါ..(မိခင်ပါ😂😂)ကျွန်တော့်ကိုမားကမိဘမဲ့ကျောင်းကနေခေါ်ပြီးမွေးစားထားတာ၊မွေးစားထားတယ်ဆိုပေမဲ့ကျွန်တော့်အပေါ်မှာမားကမိဘဝတ္တရားကျေပွန်ခဲ့တဲ့သူတစ်ယောက်ပါ..ကျွန်တော်ကစစ်ကိုင်းမြို့ကမိဘမဲ့ကျောင်းတစ်ကျောင်းမှာငယ်ငယ်ကနေခဲ့ဖူးတယ်၊မိဘတွေကစွန့်ပစ်ခဲ့တဲ့ကလေးတစ်ယောက်ပေါ့၊ဒါပေမဲ့ကျွန်တော်ဝမ်းမနည်းပါဘူး၊အခုကျွန်တော့်မှာကျွန်တော့်ကိုသိပ်ချစ်တဲ့မားတစ်ယောက်လုံးရှိတယ်။တစ်ခုပဲ.ကျွန်တော့်ရဲ့မိဘအရင်းတွေကဘယ်သူဘယ်ဝါဆိုတာလောက်ကိုတော့ကျွန်တော်သိချင်မိတယ်၊ဘာရယ်မဟုတ်အခုလိုမိသားစုတွေပျော်ပျော်ရွှင်ရွှင်နဲ့မြင်ရရင်ကြည်နူးမိတယ်၊အားကျရတယ်.."
နေညိုရဲ့စကားကိုနားထောင်ရင်းဘုန်းရေပြင်ကျယ်ကြီးအားကြည့်လို့နေသည်။
"သူဌေးမှာရော..မိဘတွေမရှိဘူးလား.."
"မရှိဘူး.."
"ဘယ်ရောက်ကုန်လို့လဲ.."
"သူတို့ရှိတော့ရောဘာလုပ်မှာလဲ၊တာဝန်မယူနိုင်ပဲဘာလို့မွေးထားကြသေးလဲ.."
"ဟင်..."
ဘုန်းရဲ့စကားကြောင့်နေညို့နားထဲမှာထိုစကားကိုကြားခဲ့ဖူးတဲ့ငယ်စဉ်ကအချိန်တွေကိုသတိရလို့သွားသည်။
"ငါမှာအဖေရောအမေရောရှိတယ်၊ဒါပေမဲ့ငါ့ကိုဘယ်သူကမှအဖက်မလုပ်ကြဘူး၊တာဝန်မယူနိုင်ပဲဘာလို့မွေးထားကြသေးလဲ.."
ငယ်ငယ်ကဝိုင်းလေးဆိုတဲ့ချာတိတ်ပြောခဲ့ဖူးတဲ့စကား။
"ဝိုင်းလေးလား.."
"ဟင်.."
နေညိုသူ့ရဲ့ဘေးမှဘုန်းကိုကြည့်ကာမေးတော့ဘုန်းကရေပြင်ကိုကြည့်နေရာမှသူ့အားလှည့်ကြည့်လိုက်သည်။
ဒီတော့နှစ်ယောက်သားအကြည့်ချင်းဆုံသွားကာတစ်ယောက်ကိုတစ်ယောက်ကြည့်လို့နေကြသည်။
"ဝိုင်းလေးဆိုတာက.."
"ဟင်..ဪ..ဘာမှမဟုတ်ပါဘူး၊ဝိုင်းလေးသီချင်းကိုသတိရသွားလို့.."
ဘုန်းကမေးတော့နေညိုစကားကိုလွှဲကာပြောလိုက်သည်။
"မင်းကသူ့သီချင်းနားထောင်တယ်ပေါ့..ဘာသီချင်းလဲ.."
"မညာချင်တော့ဘူးလေ..ဝိုင်းလေးကအသံပါရမီလဲပါတယ်၊ဆိုပုံကလဲဆွဲဆောင်မှုရှိတယ်၊ဒီမှာကျွန်တော်ဆိုအမြဲနားထောင်တယ်နားထောင်မလား.."
နေညိုကပြောကာဖုန်းကိုဖွင့်၍နားကြပ်ထိုးကာသီချင်းကိုဖွင့်၍နားကြပ်တစ်ဖက်အားဘုန်းရဲ့နားကိုတပ်လိုက်ပြီးကျန်တစ်ဖက်ကသူ့နားကိုတပ်လိုက်တော့ဘုန်းသူ့ကိုကြည့်လိုက်တော့သူကဘုန်းအားကြည့်ကာပြုံးလို့နေသည်။
ထိုစဉ်သီချင်းသံစဉ်တစ်ခုကစတင်လာတော့ဘုန်းရင်တွေခုန်လာခဲ့သည်။
ချစ်ရတဲ့သူရဲ့နှလုံးသားဆိုတော့သူချစ်တဲ့နှလုံးသားပိုင်ရှင်နဲ့အကြည့်ချင်းဆုံရာမှာဘုန်းရင်ဘက်ထဲမှနှလုံးသားကထိန်းချုပ်မရအောင်ခုန်လာခဲ့သည်။
"နင့်အနားမှာပဲနေပါရစေလားအချစ်ဆုံးရယ်...
ဘာမှထပ်ပြီးမတောင်းဆိုချင်ဘူးလေ...
နင့်စကားတစ်ခွန်းကြားရုံနဲ့တင်ကြေကွဲဝမ်းနည်းမိနေတယ်...
တစ်ယောက်ထဲငါနင့်ကိုချစ်နေတဲ့နေ့စွဲတွေ...
ဘာကြောင့်ရယ်မသိငါသတိရတာတွေ..
ဖွင့်ပြောဖို့အသက်တစ်ခါရှူလိုက်တိုင်းနင်မုန်းလို့သွားမှာလားရင်ထဲမှာဒဏ်ရာတွေအပြည့်နာကျင်နေတဲ့စိတ်..
...မညာချင်တော့ဘူးငါနင့်ကိုလွမ်းတာတွေ...
...မညာချင်တော့ဘူးနင့်ကိုချစ်တဲ့အကြောင်းတွေပဲငါသူစိမ်းတွေရဲ့ကြားခဏခဏပြောတာ...
...မညာချင်တော့ဘူးငါအိပ်မပျော်ခဲ့တာတွေ...
...မညာချင်တော့ဘူးမင်းမရုံလဲနေငါချစ်မိခဲ့တာတွေ...
.....
......
....."
ဝိုင်းလေးရဲ့သီချင်ကဘုန်းကိုပို၍ရင်ခုန်စေသဏ္ဍာန်မညာချင်တော့ဘူးငါမင်းကိုချစ်တာတွေဆိုတဲ့စာသားကဘုန်းကိုကြက်သီးပင်ထစေသည်။
နေညိုကတော့ပြုံးကာရေပြင်ကိုကြည့်လိုက်နေပြီးဘုန်းကတော့သူ့ကိုကြည့်ကာ..
"ငါမင်းကိုချစ်နေမိပြီထင်တယ်.."
"ဟင်..ဘာပြောတာလဲသူဌေး.."
ဘုန်းရဲ့အသံကပဲတိုးသွားလို့လား၊ထိုအချိန်မှားပဲလေးပြေကဝေ့တိုက်သွားလို့လား၊သီချင်းသံကြောင့်ပဲလားမသိနေညိုသေချာမကြားလိုက်တော့နားကြပ်ကိုဖြုတ်၍မေးရာဘုန်းနားကြပ်ကိုဖြုတ်၍..
"ဘာမှမဟုတ်ဘူး၊ငါသွားတော့မယ်..တော်ကြာမိုးချုပ်တော့မှာ၊လေကလဲအေးတယ်ဆိုတော့အအေးမိမယ်.."
"အင်း..ခဏလောက်နေအုံးမယ်.."
"အင်း..ခဏပဲနေနော်.."
ဘုန်းပြောကာထိုနေရာမှထွက်လာခဲ့သည်။စကားကိုအမျှင်မဖြတ်ပဲထိုနေရာ၌သာဆက်နေမယ်ဆိုရင်ခုန်နေတဲ့ရင်ကသူ့ကိုဖွင့်ပြောမိတော့မှာကအမှန်ပင်။
ထိုသို့ဘုန်းအဖြစ်မခံနိုင်..
ထိုစကားကိုနေညိုမကြားလိုက်တာကိုပဲကျေးဇူးတင်မိသည်။
တကယ်လို့ကြားသွားရင်နေညိုသူ့ကိုအထင်သေးသွားမှာကိုဘုန်းမလိုလား။
ငါမင်းကိုချစ်နေတာကိုမင်းသိရင်၊ငါယောင်္ကျားလေးဖြစ်တဲ့မင်းကိုချစ်နေမိတယ်ဆိုတာကိုမင်းသိရင်...
မင်းငါ့ကိုအထင်သေးသွားမလား။
မင်းငါ့ကိုမုန်းနေတာဆိုတော့ငါ့ရဲ့အရှုံးကိုမင်းဟားတိုက်နေမလား၊လှောင်ရယ်နေမှာလားနေညိုရယ်...

YOU ARE READING
နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completed
RomanceUnicode နေညိုသွင် "ငါမင်းကိုအရမ်းမုန်းတယ်...ငါအရမ်းချစ်ရတဲ့ငါ့ချစ်သူကိုလူ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပြီးငါနဲ့ခွဲခဲ့တဲ့မင်းကို..ငါတသက်လုံးခွင့်မလွတ်ဘူး..." မင်းဘုန်းနေ "ငါမင်းကိုလက်လွှတ်လိုက်တာမဟုတ်ဘူးနေညိုသွင်... မင်းကိုလွတ်လပ်ခွင့်ပေးလိုက်တာ... ငါ့ကိုမ...