Unicode
"နေညို..နေညို..နုထွေးကားအက်စီးဒင့်ဖြစ်လို့တဲ့.."
"ဗျာ.."
"ဟုတ်တယ်..ဒဏ်ရာအတော်ပြင်းတယ်တဲ့.ဆေးရုံကိုပို့လိုက်ကြပြီးအဲဒါအခုမင်းဆေးရုံကိုလိုက်သွားလိုက်.."
"ဘယ်ဆေးရုံမှာလဲကိုသက်ဦး..."
"ကန်သာယာဆေးရုံမှာ.."
"ဟုတ်..ဒါ.ဒါဆိုကျွန်တော်လိုက်သွားလိုက်မယ်.."
"ဟဲ့..သား..ဘယ်လဲ၊မင်္ဂလာပွဲချိန်ကနီးနေပြီ၊နုထွေးကနောက်ကျတဲ့အထဲမင်းကဘယ်လဲ.."
အလျှင်စလိုပြေးထွက်သွားတဲ့သားဖြစ်သူကိုမားကအော်ပြောနေပေမဲ့နေညိုဘာမှပြန်မဖြေနိုင်ပဲခန်းမကြီးထဲမှထွက်ပြေးသွားတော့သည်။
လာပြောတဲ့ကိုသက်ဦးကမားနဲ့နုထွေးရဲ့မိဘတွေကိုပြောပြလိုက်တော့နုထွေးမိခင်မှာနေရာမှာတင်သမီးအတွက်စိတ်ပူကာငိုရင်းသတိလစ်သွားသည်အထိ။
လာရောက်ကြတဲ့ဧည့်သည်တွေမှာလဲရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြတော့သည်။ဖိုးစိုင်းညီမအတွက်စိတ်ပူကာဆေးရုံသို့လိုက်ရန်ခန်းမထဲကထွက်လာတော့နေညိုဆိုင်ကယ်နဲ့တွေ့ကာနောက်ကတတ်လိုက်လာခဲ့သည်။
ဒီနေ့ကသူတို့ရဲ့မင်္ဂလာပွဲကျင်းပတဲ့နေ့...
ဒီလိုကြီးကျယ်ခန်းနားတဲ့ပွဲလေးဖြစ်ဖို့တစ်နှစ်တိတိကြိုးစားကာငွေရှာပြီးပျော်ရွှင်ဖွယ်ဒီနေ့လေးကိုရည်မှန်းခဲ့ကြတာဆိုရင်မမောမပမ်းနိုင်ခဲ့ကြ။
အခုတော့...
စိုးရိမ်စိတ်နဲ့အတူနေညိုဆိုင်ကယ်အားလီဗာမြှင့်တင်ကာမောင်းထွက်လာခဲ့သည်။
စိတ်ထဲမှာလဲနုထွေးဘာမှမဖြစ်ဖို့ဆုတောင်းနေမိသည်။
ဒီလိုနဲ့ကန်သာယာဆေးရုံသို့ရောက်သွားကြသည်။
ကောင်တာသို့သွားကာနုထွေးကိုမေးတော့သူနာပြုမလေးကခွဲစိတ်ခန်းထဲဝင်နေကြောင်းပြောပြသည်။
ဒါနဲ့သူတို့ခွဲစိတ်ခန်းရှိရာသို့ပြေးလွှားလာကြသည်။ခဏကြာတော့သူနာပြုမလေးတစ်ယောက်ခွဲစိတ်ခန်းထဲကထွက်လာကာ..
"နုထွေးရဲ့လူနာရှင်ရောက်လာပြီလား."
"ဟုတ်..ကျွန်တော်ပါဗျ..."
ဖိုးစိုင်းကအလျှင်အမြန်ပဲပြောလိုက်သည်။
"ဒီမှာလက်မှတ်ထိုးပေးပါ.."
"ဟုတ်..ဆရာမ..ညီမလေးအခြေအနေကဘယ်လိုရှိလဲ.."
"အခြေအနေကတော့စိုးရိမ်ရတယ်..သူ့စီးလာတဲ့ကားဒရိုင်ဘာဆိုရင်နေရာမှာတင်ပွဲချင်းပြီးဆုံးသွားတာ၊လူနာကဆေးရုံကိုဒီထက်စောစောလေးရောက်နည်းနည်းလေးစောရောက်ရင်ပိုကောင်းမယ်၊ဒါပေမဲ့ဆရာဝန်ကြီးတွေအကောင်းဆုံးကြိုးစားနေပါတယ်.."
ဆရာမလေးကပြောကာအထဲသို့ပြန်ဝင်သွားသည်။နုထွေးအတွက်စိတ်ပူကာနေညိုဘာလုပ်ရမှန်းမသိဖြစ်နေသည်။
"ဘုန်းရယ်..ဘုန်း.ဖြစ်မှဖြစ်ရလေ.ဟင့်..မင်းဘုန်း..ဟင့်..ဟင့်.."
ထိုစဉ်လူနာတွန်းလှဲတစ်ခုရောက်လာကာအရေးပေါ်ခွဲစိတ်ရန်ရောက်လာခဲ့သည်။လူနာရှင်ဖြစ်ဟန်တူတဲ့အမျိုးသမီးကတော့လူနာအားကြည့်ကာငိုနေရှာသည်။
"လူနာရှင်အထဲကိုလိုက်လို့မရပါဘူး..."
သူနာပြုမလေးကပြောတော့သူမအပြင်မှပဲနေခဲ့ရပြီးလက်ထဲမှပုဝါနဲ့မျက်ရည်များကိုသုတ်ကာငိုနေရှာသည်။
ထို့အတူနေညိုနဲ့ဖိုးစိုင်းတို့မှာလဲနုထွေးအတွက်စိတ်ပူနေကြသည်။
ခဏကြာတော့ဒေါက်တာတစ်ယောက်ထွက်လာကာ...
"လူနာမနုထွေး.2019.ဖေဖော်ဝါရီလ၁၉ရက်ညနေ၃နာရီမှာကွယ်လွန်သွားပါတယ်၊ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားပေမဲ့ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး၊စိတ်မကောင်းပါဘူး.."
"ဗျာ.."
"ဟာ.."
နေညိုမျက်လုံးပြူးသွားပြီးနေရာမှာတင်ရပ်တည်နိုင်စွမ်းမရှိတော့၍ဖင်ထိုင်လျက်သားကျသွားခဲ့သည်။
"ဟာ..ဟာ..မဖြစ်ရဘူး..အဲလိုမဖြစ်ရဘူးလေ၊ဟာ..နု..ဒေါက်တာ၊အဲဒါနောက်နေတာမဟုတ်လားဟင်..နုထွေးခွဲစိတ်မှုအောင်မြင်တယ်မဟုတ်လား.."
နေညိုမယုံနိုင်ဖြစ်ကာဒေါက်တာအားမေးနေတော့ဒေါက်တာကမျက်နှာမကောင်းပဲနေညိုရဲ့နောက်ကျောကိုပုတ်ကာ..
"စိတ်မကောင်းပါဘူး.."
ဆိုပြီးပြောကာထွက်သွားတော့သည်။
"ဟာ..နု..ကိုယ့်ကိုတစ်ယောက်ထဲထားသွားပြီလား..၊ကိုယ်မင်းမရှိပဲအသက်ဘယ်လိုဆက်ရှင်နိုင်မှာလဲ၊ဟင့်..."
"ဖြစ်မှဖြစ်ရလေ..ညီမလေးရယ်..ဟင့်.."
နေညိုနဲ့ဖိုးစိုင်းနုထွေးအတွက်ရင်ထဲမှာစို့နင့်သွားကာဖြေမဆည်နိုင်ဖြစ်လို့နေကြသည်။သူတို့ကိုကြည့်ကာစိတ်မကောင်းဖြစ်နေရင်းသူ့လူနာပါထိုသို့ဖြစ်မှာစိုးရိမ်နေသူကကြည်ကြည်..
"ဒေါက်တာ..ဘုန်းအခြေအနေဘယ်လိုလဲ၊အော်ပရေးရှင်းအောင်မြင်တယ်မဟုတ်လား.."
ခွဲစိတ်ခန်းထဲမှာဒေါက်တာတစ်ယောက်ထွက်လာ၍ခုံပေါ်မှာထိုင်နေတဲ့ကြည်ကြည်ထကာမေးလိုက်သည်။
"စိုးရိမ်ရတဲ့အခက်အခဲတွေကိုလွန်မြောက်ပြီးလူနာမင်းဘုန်းနေကိုကယ်တင်လိုက်နိုင်ပါတယ်.ဒါပေမဲ့လူနာကိုအမြန်ဆုံးနှလုံးအစားထိုးကုသဖို့လိုနေပါတယ်.."
"ရှင်.."
"တိုက်ဆိုင်စွာပဲ..သူနဲ့အက်စီးဒင့်ဖြစ်ပြီးဆုံးသွားတဲ့မနုထွေးရဲ့နှလုံးကအလုပ်လုပ်နေသေးတယ်၊ကိုက်ညီမှုရှိမရှိသိရရင်ဆရာမင်းကိုလာပြောမယ်.."
"ဟုတ်..ဟုတ်ကဲ့ဆရာ.."
ပြောပြီးဝင်သွားတဲ့ဆရာကိုကြည့်ကာနှလုံးအစားထိုးကုသဖို့မနုထွေးရဲ့နှလုံးနဲ့ကိုက်ညီမှုရှိပါစေလို့ကြည်ကြည်ဆုတောင်းနေမိသည်။
ဒါနဲ့ကြည်ကြည်ဒေါက်တာရဲ့စစ်ဆေးမှုအဖြေကိုစောင့်နေရင်းတစ်နာရီလောက့ကြာတော့ဒေါက့တာကအပြုံးမျက်နှာနဲ့ထွက်လာကာ..
"ဝမ်းသာစရာပါ၊ကံကောင်းထောက်မစွာပဲမနုထွေးရဲ့နှလုံးနဲ့အစစအရာရာကိုက်ညီမှုရှိနေပါတယ်၊ဒီကမနုထွေးရဲ့လူနာရှင်တွေထင်တယ်၊ကြည်ကြည်နင်သူတို့နဲ့ဆွေးနွေးလိုက်ပါ။အချိန်သိပ်မရှိဘူး.."
ဒေါက်တာကပြောကာခွဲခန်းထဲပြန်ဝင်သွားပြန်သည်။ဆရာစကားကြောင့်ကြည်ကြည်ခုံပေါ်ထိုင်နေကြတဲ့သူတို့အနားသွားကာ..
"ဟို..ရှင်တို့လူနာအတွက်စိတ်မကောင်းပေမဲ့၊ကျွန်မလူနာကို.."
"မပေးနိုင်ဘူး..နုရဲ့နှလုံးကိုနုကိုသေအောင်လုပ်တဲ့သူကိုနုရဲ့နှလုံးမပေးနိုင်ဘူး.."
ဒေါက်တာနဲ့ကြည်ကြည်ရဲ့စကားကိုကြားပုံရတဲ့နေညိုဟာကြည်ကြည့်စကားမဆုံးခင်မှာပဲဒေါသထွက်ကာမျက်လုံးကြီးပြူးအံကြီးကြိတ်ကာပြောလိုက်သည်။
"အဲလိုမလုပ်ပါနဲ့ရှင်၊ကျွန်မတောင်းပန်ပါတယ်၊ကျွန်မလူနာအတွက်အရေးကြီးနေလို့ပါ.."
"သား..သားမင်းညီမလေးအခြေအနေရော.ဟင်..သား..."
နုထွေးမိဘတွေနဲ့မားတို့ရောက်လာကြကာမေးတော့ငိုနေတဲ့သားဖြစ်သူဖိုးစိုင်းကိုမြင်၍စိတ်ပူသွားကြသည်။
"အဖေကလဲအမေ့ကိုဘာလို့ခေါ်လာတာလဲ.."
"မင်းအမေကပြောမရဘူးသားရဲ့.."
"သား.မင်းညီမလေးရော၊ဟင်..မောင်နေညို၊အန်တီသမီးရော.."
"မေမေ..ညီမလေးဆုံးပြီတဲ့၊ညီမလေးဆုံးပြီ..."
"အမလေး..သမီး..အမလေး..သမီးရယ်၊မဖြစ်ရဘူး..ဟင်း..ဟင်း.."
"မေမေ..မေမေ.."
"ခင်မေ..ခင်မေ.."
သမီးသတင်းကိုကြာလိုက်ပြီဆိုရင်ပဲဒေါ်ခင်မေသတိလစ်လို့သွားတော့အားလုံးဝိုင်းကာပွေ့ကာဆရာဝန်အားခေါ်ကာထိုနေရာမှထွက်သွားကြသည်။
ကြည်ကြည်မှာတော့သူတို့ကိုကြည့်ကာဘာမှမပြောနိုင်ဖြစ်နေရသည်။
"အချိန်သိပ်မရှိဘူး.."
ဆိုတဲ့ဒေါက်တာရဲ့စကားကိုပြန်ကြားကာသူတို့ထံသွားရန်ပြင်တော့သူမဆီသို့ဖိုးစိုင်းပြန်လာကာ...
"ခင်ဗျားလူနာအတွက်အသုံးတည့်မယ်ဆိုရင်ညီမလေးရဲ့နှလုံးကိုကျွန်တော်တို့လှူပါတယ်.."
"ကျေးဇူးတင်ပါတယ်ရှင်၊ကျွန်မအရမ်းကျေးဇူးတင်ပါတယ်.."
ကြည်ကြည်မှာဖိုးစိုင်းရဲ့စကားကြောင့်ဝမ်းသာကာမျက်ရည်များကျဆင်းလို့လာတော့သည်။
ဘုန်းရယ်...
နင်ကတော့ဘယ်သူနဲ့မှမတူတဲ့ဘုန်းပါပဲ...

YOU ARE READING
နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completed
RomanceUnicode နေညိုသွင် "ငါမင်းကိုအရမ်းမုန်းတယ်...ငါအရမ်းချစ်ရတဲ့ငါ့ချစ်သူကိုလူ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပြီးငါနဲ့ခွဲခဲ့တဲ့မင်းကို..ငါတသက်လုံးခွင့်မလွတ်ဘူး..." မင်းဘုန်းနေ "ငါမင်းကိုလက်လွှတ်လိုက်တာမဟုတ်ဘူးနေညိုသွင်... မင်းကိုလွတ်လပ်ခွင့်ပေးလိုက်တာ... ငါ့ကိုမ...