Unicode
အောက်သို့ဆင်းကာခေါက်ဆွဲဗူးသွားဝယ်ပြီးပြန်အလာသူ့ကိုကြည့်ကာတချို့ကတီးတိုးတီးတိုးဆိုနေကြ၍ဘာဖြစ်တာလဲဆိုပြီးတွေးလိုက်မိသေးသည်။
သူဝတ်လာတာကပဲတစ်ခုခုဖြစ်နေလို့လား၊မျက်နှာကဘာဖြစ်နေတာလဲလိုထင်၍နေညိုမှန်ကိုထုတ်ကြည့်တော့ဘာမှမဖြစ်ပါဘူးလို့ပြောကာအပေါ်သို့တတ်လာခဲ့သည်။
တစ်ယောက်လဲမဟုတ်ရုံးမှလူတိုင်းလိုလိုကသူ့ကိုကြည့်ကာပြောနေကြတော့နေညိုသူ့ကိုယ်သူဖူမလုံဖြစ်လို့လာသည်။
"မင်းဥဩ.."
"ဗျာ..အကိုနေညို..ဘာလို့လဲ.."
မင်းဥဩကိုမြင်တော့နေညိုခေါ်ကာမေးရန်လုပ်တော့သူကလဲနေညို့ကိုကြည့်ကာပြုံးစိစိလုပ်နေသည်။
"မင်းကရောပြုံးစိစိနဲ့.ငါဘာဖြစ်နေလို့လဲ၊ဒီနေ့ငါဝတ်ထားတာဘာမှားနေလို့လဲလူတိုင်းလိုလိုငါ့ကိုကြည့်ပြီးပြုံးစိစိနဲ့တီးတိုးပြောနေကြတယ်..ဘာလို့လဲ..မင်းသိလား.."
"အကိုနေညိုလိုင်းလေးဘာလေးဖွင့်မကြည့်ဘူးလား၊နေအုံး.ကျွန်တော်ပြမယ်.."
မင်းဥဩပြောကာဖုန်းကိုထုတ်ကာဖွင့်၍တစ်ခုခုကိုရှာနေရင်းက..
"ဒီမှာ.."
"ဟင်.."
ဖုန်းထဲကဓာတ်ပုံကိုကြည့်ကာနေညိုမျက်လုံးပြူးသွားသည်။
နေညိုကအပေါ်ကနေဘုန်းရဲ့နှုတ်ခမ်းကိုငုံ့၍နမ်းနေတဲ့ပုံ။
အပြင်မှာကအသက်ကယ်နေခြင်းဖြစ်ပေမဲ့ဖုန်းနဲ့ဓာတ်ပုံရိုက်ထားတာဆိုတော့အသက်ကယ်နေတယ်မထင်ရပဲနမ်းနေတယ်ဟုသာထင်ရသည်။
"ဟာ..ဒါ.ဒ.ကဘယ်လိုဖြစ်တာလဲ၊တကယ်ကအဲလိုမဟုတ်ဘူးလေ၊မင်းလဲသိနေတာပဲ.."
"ဟုတ်ပါတယ်..ဒါပေမဲ့ဖြတ်ခနဲကြည့်ရင်မျက်မြင်ဖြစ်တဲ့ကျွန်တော်တို့တောင်ကြောင်သွားရတယ်၊အားလုံးကကွန်းမန့်ပေးထားတာဖက်ကြည့်မလား၊ဒီမယ်..အရမ်းတွေroနေပါပြီ၊နောက်ပြီးဒါက.အရမ်းကိုချစ်ဖို့ကောင်းတယ်..တဲ့၊ဒါက.."
"တော်တော့.."
နေညိုဆက်ပြီးမကြားချင်တော့တာနဲ့ထိုနေရာမှထွက်လာကာအပေါ်သို့တတ်လာခဲ့သည်။
ဘုန်းကိုဒီကိစ္စဖြေရှင်းခိုင်းဖို့သူ့အခန်းတံခါးကိုခေါက်တော့..
"ဝင်ခဲ့.."
ဆို၍နေညိုဝင်လာခဲ့သည်။
"ဘာကိစ္စလဲ.."
"သူဌေး..ဟိုအပုံတွေမြင်ပြီးပြီလား.."
"အင်း.."
"မြင်ပြီးတာတောင်ဘာလို့အခုလိုအေးဆေးနေနေတာလဲ.."
"ဒါဆိုငါကဘာလုပ်ရမှာလဲ.."
"ဟာ..သူဌေး.ဒီကိစ္စကိုဖြေရှင်းသင့်တယ်လေ၊ဒါကဒီရုံးကလူတစ်ယောက်ဆီကစတာပဲသူဌေး၊အဲဒီအဖြေကိုရှာပြီးလုပ်သင့်တာလုပ်ရမယ်လေ၊ဘာလဲ..သူဌေးကဒါကိုကြည့်ပြီးသာယာနေတာလား.."
"ဘာ.."
နေညိုဘာရယ်မဟုတ်ဒေါသထွက်ကာပြောလိုက်ပေမဲ့ဘုန်းရဲ့သိက္ခာကိုစော်ကားသလိုဖြစ်သွား၍ဘုန်းအော်တော့နေညိုသူ့စကားအပြောမှာသွားပြီဆိုတာသိလိုက်ကာ..
"ကျွန်တော်အဲဒီသဘောနဲ့ပြောတာမဟုတ်ပါဘူး.."
"ထွက်သွားတော့.."
"ကျွန်တော်.."
"ဒီအခန်းထဲကအခုထွက်သွား.."
နေညိုတောင်းပန်ရန်ပြင်လိုက်ပေမဲ့ဘုန်းကအပြောမခံပဲအော်တော့နေညိုထွက်လာခဲ့သည်။
အခန်းထဲမှာကျန်နေရစ်တဲ့ဘုန်းကထိုင်နေရာမှထကာမှန်တံခါးကိုအထဲကိုမမြင်ရစေဖို့လိုက်ကာအားဆွဲကာလိုက်သည်။
"အဲဒါကိုကြည့်ပြီးသာယာနေတာလား.."
"ဟင့်.."
သူပြောသွားတဲ့စကားကိုကြားကာရင်တွေနာကျင်သွား၍မျက်ရည်များကျဆင်းလာရှိုက်သံသဲ့သဲ့ပင်ထွက်လာခဲ့သည်။
"ပြောရက်လိုက်တာနေညိုရာ.."
"မင်းငါ့ကိုအရမ်းမုန်းနေတာလား၊ငါနဲ့အခုလိုအထင်ခံရမှာမင်းအဲလောက်ထိတောင်ကြောက်နေတာလား.."
"ဟုတ်ပါတယ်..ငါသာယာနေတာ.."
"အဲဒီပုံကိုစမြင်တော့likeပေါင်းများစွာနဲ့ကွန်းမန့်တချို့ကိုဖက်ပြီးငါကျေနပ်နေမိတယ်.."
"ဒါပေမဲ့..ငါမင်းဘက်ကိုထည့်မတွက်မိတဲ့အတွက်ငါမှားသွားတယ်.."
"မင်းပြောတာမမှားပါဘူးနေညို.."
"ငါမင်းကိုစိတ်တိုတာမဟုတ်ပါဘူး၊ငါနာကျင်နေလို့ငါမင်းကိုထွက်သွားခိုင်းတာပါ.."
"ငါငိုတာကိုမင်းကိုမမြင်စေချင်လို့ပါ..."

ESTÁS LEYENDO
နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completed
RomanceUnicode နေညိုသွင် "ငါမင်းကိုအရမ်းမုန်းတယ်...ငါအရမ်းချစ်ရတဲ့ငါ့ချစ်သူကိုလူ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပြီးငါနဲ့ခွဲခဲ့တဲ့မင်းကို..ငါတသက်လုံးခွင့်မလွတ်ဘူး..." မင်းဘုန်းနေ "ငါမင်းကိုလက်လွှတ်လိုက်တာမဟုတ်ဘူးနေညိုသွင်... မင်းကိုလွတ်လပ်ခွင့်ပေးလိုက်တာ... ငါ့ကိုမ...