Unicode
နေညိုစာကြည့်ခန်းထဲမှစာအုပ်တွေကိုသူ့နေရာနဲ့သူပြန်စီလို့နေရင်းစာအုပ်စင်အားကြည့်လိုက်သည်။
သူဌေးဆိုတော့ဘာမဆိုဖြစ်နိုင်တယ်ဆိုတာထိုကဏ္ဍ၌လည်အပါအဝင်။နေညိုကစာဖက်ရတာကိုသဘောကျပေမဲ့အချိန်မပေးနိုင်တာရယ်လိုချင်တဲ့စာအုပ်ကိုဝယ်မဖက်နိုင်တာရယ်ကြောင့်စာသိပ်မဖက်ဖြစ်ခဲ့။
အခုဘုန်းရဲ့အိမ်စာအုပ်စင်ကတော်တော့စာအုပ်ဆိုင်ထက်ပင်ကြီးကျယ်လို့ခမ်းနားနေသည်။ထွက်သမျှစာအုပ်တိုင်းဘယ်ဆိုင်မှာမှမရှိရင်တောင်ဒီစာအုပ်စင်မှာတော့ရှိပေလိမ့်မည်။
နိုင်ငံရေးစာအုပ်၊စီးပွားရေးစာအုပ်၊အားကစား၊ဗဟုသုတ၊နဲ့အချစ်ဝတ္ထု၊ကဗျာ၊ဟာသစသည်တို့ကိုသူ့နေရာနဲ့သူသပ်ရပ်စွာထားရှိတဲ့စာအုပ်စင်ကိုကြည့်ကာနေညိုသဘောကျလို့နေသည်။
ဘုန်းဖက်ပြီးနေရာကိုပြန်မထားတဲ့စာအုပ်တစ်ချို့ကစာပွဲပေါ်၌ဖရိုဖရဲဆန်နေသည်။
ထိုစာအုပ်အများစုကစီးပွားရေးနဲ့ဆိုင်တဲ့စာအုပ်အများစုဖြစ်ပြီးထိုအထဲမှအချစ်ဝတ္ထုစာအုပ်တစ်အုပ်ကကြားညှပ်ကာပါနေသည်။
ထိုစာအုပ်ကထွက်ထားတာဆယ်စုနှစ်တစ်ခုကျော်ကျော်ကြာနေပြီဖြစ်တဲ့ဆရာမလမင်းမိုမိုရဲ့ကမ္ဘာတစ်ခြမ်းကနေ့ကမ္ဘာတစ်ခြမ်းကညဝတ္ထုလေးပင်။
"သူလိုအေးတိအေးစက်ကအချစ်ဝတ္ထုတွေဖက်တာလား။ဟွန်း..သူ့မှာချစ်တတ်တဲ့အသည်းရောရှိလို့လား.."
နေညိုတစ်ယောက်ထဲပြောရင်းထိုစာအုပ်အားလှန်ကြည့်လိုက်ကာဖက်ကြည့်တော့စာအုပ်ကဆွဲဆောင်မှုရှိ၍နေညိုအစမှဖက်ကြည့်နေလိုက်သည်။
"ဒီမှာဘာလုပ်နေတာလဲ.."
"ဟင်.."
စာအုပ်ထဲမှာစျာန်ဝင်နေတုန်းအသံကြောင့်နေညိုလန့်သွားကာစာအုပ်အားပြန်အုပ်လိုက်ကာထိုင်နေရာမှထရပ်လိုက်သည်။
"ငါကစာအုပ်တွေပြန်စီခိုင်းတာမင်းကိုဝတ္ထုဖက်ခိုင်းတာမဟုတ်ဘူး.."
"ကျွန်တော်ဖက်ဖို့မရည်ရွယ်ပါဘူး၊ဒါပေမဲ့စာအုပ်ကဆွဲဆောင်လွန်းတော့ဖက်မိသွားတာ၊ကျွန်တော်ဘာလုပ်ပေးရမလဲ.."
"အချိန်ကိုကြည့်လေကွာညစာစားချိန်ရောက်နေပြီ.သွားပြင်တော့.."
"ဟုတ်ကဲ့သူဌေး..ဒါနဲ့.ပြန်ရင်ကျွန်တော်ဒီစာအုပ်ကိုယူသွားလို့ရမလား၊နောက်နေ့ပြန်ယူခဲ့ပါ့မယ်.."
"မရဘူး..ဖက်ချင်ဒီမှာတင်ဖက်.."
"အားမှမအားတာ.."
"မင်းအိမ်ရောက်ရင်ရောအိပ်ရုံပဲအချိန်ရှိတာအားလို့လား၊အခုညစာစားမယ်၊စားပြီငါအလုပ်လုပ်မယ်၊မင်းငါ့ကိုကူလုပ်ပေးရမယ်.သွားတော့.."
"ဟုတ်..ဒါဆိုကျွန်တော်သွားပြင်လိုက်မယ်.."
"အင်း.."
ဘုန်းရဲ့စကားအဆုံးမှာနေညိုထိုအခန်းထဲမှထွက်လာကာညစာအတွက်အပြင်ကဝယ်လာတဲ့အစားအစာတွေအားပန်ကန်ထဲထည့်ကာပြန်နေလိုက်သည်။
ပြီးတော့နောက်ကပါမလာတဲ့ဘုန်းကြောင့်စာကြည့်ခန်းဆီသို့ပြန်လာခဲ့သည်။အခန်းထဲမှာဘုန်းကမမှီတမှီနဲ့စာအုပ်စင်ပေါ်ကစာအုပ်ကိုဆွဲထုတ်နေပြီးစာအုပ်လဲရဆိုထိုစာအုပ်ပေါ်ကစာအုပ်တွေကသူ့အပေါ်ကျလာတော့မလိုဖြစ်၍နေညိုပြေးကာသူ့အစားဝင်ခံကာဘုန်းအားကာကွယ်လိုက်သည်။
"အား.."
"ဟာ..မင်းဘာဖြစ်သွားလို့လဲ.."
"အား.."
နေညိုရဲ့ရင်ဘက်နဲ့အနီးကပ်ဆုံးနေရာ၌ဘုန်းရောက်နေပြီးနာ၍အောက်နေတဲ့နေညိုကြောင့်ဘုန်းလန့်သွားရသည်။
"ဘယ်နာသွားလို့လဲ.."
ဘုန်းစိုးရိမ်တကြီးမေးတော့နေညိုကရှုံရှုံတွန့်တွန့်နဲ့သူ့ရဲ့ပေါင်ခွကိုထိုးပြလိုက်တော့ထိနေရာ၌ဘုန်းရဲ့ဒူးကရောက်နေ၍ဘုန်းသူ့ခြေထောက်ကိုနောက်ဆုတ်လိုက်သည်။
တကယ်တော့စာအုပ်တွေပြိုကျလာ၍နေညိုသူ့အပေါ်မကျစေရန်ရှေ့မှာလာအကာဘုန်းကလဲလန့်သွားပြီးနောက်ပြန်ထိုင်လျက်ကျသွားပြီးထိုအတူနေညိုကလဲသူ့အပေါ်ထပ်ကျသွားကာစာအုပ်ပိလို့မနာပဲဘုန်းရဲ့ဒူးနဲ့သူ့ပစ္စည်းကိုတည်းမိသလိုဖြစ်သွား၍နာခြင်းဖြစ်သည်။
"အား.."
"ငါ..ငါဘာလုပ်ပေးရမလဲ.."
ပေါင်ခွကိုလက်နဲ့အုပ်ကာအော်နေတဲ့နေညိုကြောင့်ဘုန်းဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည်။
"ရေခဲအုပ်မလား..ငါရေခဲသွားယူမယ်.."
"အား..ရတယ်..မယူနဲ့၊ဟင်း..ခဏနေသက်သာသွားလိမ့်မယ်.."
"ဖြစ်ပါ့မလား..မတော်တတ်ပြီးသေသွားရင်ဘယ်လိုလုပ်မလဲ.."
"ကျွန်တော့်အခြေအနေကျွန်တော်သိပါတယ်၊သူဌေးအမှုမပတ်စေရပါဘူး.."
"ငါကစေတနာနဲ့ပြောတာပါ.."
"စေတနာ.."
နေညိုရဲ့စကားကြောင့်ဘုန်းစေတနာဆိုတာကိုပြန်စဉ်းစားနေလိုက်သည်။
တကယ်တော့ဘုန်းဘယ်သူ့ကိုမှစေတနာမထားဖူးခဲ့၊သူ့ကိုယ်သူပဲသိပြီးဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့လူသား။
အခုတော့စေတနာဆိုတာကိုစိတ်နဲ့ပင်မကပဲစကားပင်ထုတ်ပြောမိတာကြောင့်သူ့ကိုယ်သူဖူမလုံသလိုဖြစ်သွားရသည်။
"ဘာလို့လဲ.."
"ဘာမှမဖြစ်ပါဘူး၊ခဏငြိမ်ငြိမ်လေးနေရင်သက်သာသွားမှာမို့စိတ်မပူပါနဲ့.."
"ငါကမင်းကိုဘာလို့စိတ်ပူရမှာလဲ.."
"ဟင်.."
"ငါမင်းကိုစိတ်မပူဘူးလို့..မင်းဘာသာကောင်းသွားပြီဆိုလာခဲ့၊ငါထမင်းသွားစားတော့မယ်.."
ဘုန်းပြောကာထိုအခန်းထဲမှထွက်လာခဲ့သည်။နေညိုကတော့စိတ်ပူနေတော့လဲသူ။စိတ်မပူနဲ့ပြောတော့စိတ်မပူဘူးဆိုပြီပြောကာထွက်သွားတဲ့ဘုန်းကိုနားမလည်ဖြစ်နေရသည်။
အေးလေ..
သူကငါ့ကိုပညာပေးဖို့ခေါ်ထားတာ၊ငါ့ကိုဘာလို့စိတ်ပူမှာလဲ၊ဒါကတမင်လုပ်တာလဲဖြစ်နိုင်တာပဲ..
ဆိုပြီးတွေးကာစိတ်မကောင်းသလိုပင်ဖြစ်သွားသေးသည်။
ညစာစားပြီးဘုန်းအလုပ်လုပ်နေတော့နေညိုသူ့အတွက်ညအိပ်ချင်ပြေသံပုရာရည်ဖျော်ကာတံခါးကိုခေါက်တော့..
"ဝင်ခဲ့..တံခါးပိတ်မထားဘူး.."
ဆို၍နေညိုဝင်လာခဲ့သည်။
"ကျွန်တော်ဘာလုပ်ပေးရမလဲ.."
"မင်းသက်သာသွားပြီလား.."
"ဟင်.."
"ဪ..ဟိုဟာကသက်သာသွားပြီလားလို့.."
"သက်သာပါပြီ၊အဟင်း..အကောင်းပဂတိဖြစ်သွားပြီ.."
နေညိုရှက်သလိုလိုဖြစ်ကာစပ်ဖြီးဖြီးပြောတော့ဘုန်းပြုံးလိုက်မိသည်။ဘုန်းပြုံးတော့နေညိုပို၍ရှက်ကာ..
"ဘာလို့ပြုံးတာလဲ.."
"မပြုံးပါဘူး၊ကဲပါ..ငါမင်းကိုခိုင်းစရာရှိတယ်၊ဒီမှာအဲဒီစာရင်းတွေကိုမှန်မမှန်စစ်ပေး.."
"ဟုတ်.."
နေညိုပြောကာဘုန်းရဲ့ဘေး၌ထိုင်လိုက်သည်။နေညိုကပညာတတ်တစ်ယောက်ဖြစ်၍ဘုန်းအလုပ်မှာသူကအသုံးဝင်သည်။
"ဪ..ဒါနဲ့နောက်တစ်ပတ်စနေနေ့ခရီးထွက်ရမယ်၊အဲဒါဟိုမှာညအိပ်ရမှာ.."
"ဗျာ..ဘယ်ကိုလဲ၊ဘယ်လောက်တောင်ကြာမှာလဲ.."
"ငွေဆောင်၊အဲဒီမှာအသစ်ဆောက်ထားတဲ့ဟော်တယ်ပြီးသွားပြီလေ၊အဲဒါကိုဖွင့်ပွဲလုပ်ရမှာ၊အနည်းဆုံးသုံးညအိပ်လေးရက်လောက်ကြာလိမ့်မယ်.."
"ဟို.ကျွန်တော်မလိုက်လို့မဖြစ်ဘူးလား.."
"မဖြစ်လို့ခေါ်တာပေါ့၊ဟိုကျရင်ငါကဟိုသွားဒီလာနဲ့မင်းပါမှဖြစ်မှာ၊အဲဒီအတွက်မင်းကိုငါဘောနပ်ပေးပါ့မယ်.."
"...."
နေညိုဘာမှမပြောတော့ပဲလုပ်စရာရှိတဲ့စာရင်းကိုလုပ်နေတော့..
"ပြန်ဖြေလေ.."
"ဘာကိုလဲ.."
"မင်းအဲဒီကိုလိုက်မယ်ဆိုတာ.."
"ဖြေဖို့လိုသေးလို့လား၊ကျွန်တော့်ကိုယ်မှကျွန်တော်မပိုင်တာ.."
"သိရင်ပြီးတာပဲ.."
ဘုန်းပြောကာအလုပ်ကိုဆက်လုပ်ရန်ဖိုင်တွဲတွေကိုစစ်လိုက်တော့..
"ဪ..အရေးထဲအဓိကဖိုင်ကအခန်းထဲကျန်နေရစ်ပြီ.."
ဘုန်းပြောကာသူ့အခန်းကိုသွားကန်ပြင်တော့နေညိုထကာ..
"ကျွန်တော်သွားယူလိုက်မယ်လေ..ဘယ်မှာထားခဲ့တာလဲ.."
"နေပါစေ..ငါဘာသာငါသွားယူမယ်.."
"ဘာလဲကျွန်တော့်ကိုမယုံလို့လား၊သူဌေးအခန်းထဲကပစ္စည်းတွေကိုကျွန်တော်ခိုးမှာစိုးလို့လား.."
"မဆိုင်လိုက်တာ.."
"မဆိုင်ရင်ကျွန်တော်သွားယူမယ်.."
"နေညိုသွင်ငါဘာသာငါသွားယူမယ်လို့ပြောနေတယ်လေ.."
"ဘာဖြစ်လို့လဲ..ကျွန်တော့်ကိုအခုထိမကျေနပ်သေးဘူးလား.."
"ဘာကိုမကျေနပ်ဖြစ်ရမှာလဲ..ငါအခန်းထဲကိုတခြားလူဝင်တာငါမကြိုက်ဘူး၊ငါမစားဖူးတဲ့တခြားလူချက်ကြွေးတဲ့အစားအစာကိုလဲငါမစားဘူး၊ငါ့အိမ်ကိုသူစိမ်းတစ်ယောက်အိပ်တာလဲငါမကြိုက်ဘူး၊အဲဒါကိုမင်းသိနေတာပဲလေ.."
ဘုန်းကပြောတော့နေညိုထရာမှထိုင်လိုက်သည်။နေညိုမျက်နှာမကောင်းဖြစ်သွားတော့ဘုန်းမနေတတ်တော့...
"မင်းကရောရပါတယ်ဆိုဘာလို့ဇွတ်လုပ်ပေးချင်နေတာလဲ.."
"ဘာမှမဖြစ်ဘူး..သွားပါ၊ကျွန်တော်စောဒကတတ်မိလို့တောင်းပန်ပါတယ်.."
နေညိုပြောကာရှေ့မှစာရင်းကိုစစ်နေလိုက်သည်။တကယ်တော့နေညိုသူ့ရဲ့အခန်းထဲကိုဝင်ချင်၍ဖြစ်သည်။
တပတ်ကျော်ကျော်လောက်သူ့အိမ်မှာအလုပ်လုပ်နေရပေမဲ့သူ့ရဲ့အခန်းထဲကိုနေညိုတစ်ခါမှမဝင်ဖူးသေး။
အလုပ်လုပ်ရင်အလုပ်လုပ်တဲ့အခန်းဆိုပြီးဒီအခန်းထဲမှာအလုပ်လုပ်ပေးရသည်။ဟုတ်တော့လဲဟုတ်သည်။ဘုန်းကသူ့အခန်းထဲကိုတခြားလူဝင်တာမကြိုတော့ဘယ်အဝင်ခံပါ့မလဲ။
နေညိုကလဲဘုန်းကဝိုင်းလေးဟုတ်မဟုတ်ဆိုတာကိုသူ့အခန်းထဲဝင်ရင်သိနိုင်တာကြောင့်သူ့အခန်းထဲကိုသွားချင်နေသည်။
ဘုန်းကတော့နေညိုအားထားခဲ့ကာသူ့အခန်းသို့ထွက်လာခဲ့သည်။မျက်နှာမကောင်းဖြစ်သွားတဲ့နေညို့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်မိတာကတော့အမှန်။
တကယ်ဆိုရင်သူ့ကိုပညာပေးဖို့ဆိုပြီးစီစဉ်ထားခဲ့ပေမဲ့တကယ့်လက်တွေ့မှာထိုသို့မဖြစ်ပဲသူ့နှလုံးသားရဲ့စေရာကိုသာဘုန်းလိုက်နေမိသည်။
နေညိုပျော်ရင်သူကျေနပ်မိပြီးအခုလိုမျက်နှာမကောင်းဖြစ်နေခဲ့တာကိုတော့စိတ်မကောင်းဖြစ်စေသည်။
အမုန်းနဲ့စိတ်ကိုအပင်ပမ်းမခံတော့ပဲမေတ္တာနဲ့သာယာမှုကိုသာလိုချင်မိတာဘုန်းဒီနှလုံးသားကိုပိုင်ဆိုင်ပြီးတဲ့အချိန်မှစ၍။
ဒါကလဲသူ့ရဲ့စိတ်ကိုအေးချမ်းစေတာမို့ဘုန်းကျေနပ်သည်။
"အား..."
ဆိုပြီးသူ့ရဲ့ရှေ့ကနေစာအုပ်တွေကိုအပိခံတဲ့နေညိုကြောင့်ဘုန်းပြန်တွေးကာပြုံးမိသည်။
သူ့ရဲ့ရင်ဘက်နဲ့နီးကပ်နေတဲ့အချိန်ဖြစ်ပေါ်လာတဲ့ရင်ခုန်သံကဘုန်းတစ်ခါမှမခံစားဖူးခဲ့။ထိုအခိုက်အတန့်လေးကိုဘုန်းကျေနပ်နေမိသည်။
နုထွေးရဲ့နှလုံးသားကြောင့်ထိုသို့ဖြစ်နေပေမဲ့ဘုန်းကျေနပ်ရသည်။
"ငါ..သူ့ကိုသဘောကျနေမိတာလား၊ဒီနှလုံးသားကြောင့်ငါသူ့ကိုသဘောကျနေတာလား...
ငါ..
ငါ့ရဲ့မာနတွေကသူ့ကြောင့်အရည်ပျော်နေပြီထင်တယ်၊ဒါပေမဲ့ငါကျေနပ်တယ်..
ငါသူ့ကိုသဘောကျတယ်..
ဘာကြောင့်ပဲဖြစ်ဖြစ်ငါသူ့ကိုသဘောကျတယ်။
သူကယောင်္ကျားလေးဖြစ်နေတယ်ဆိုရင်တောင်မှငါသဘောကျတယ်.."
တကယ်ဆိုရင်ဘုန်းရဲ့စိတ်ကနေညိုကိုသူ့အနားမှာရှိနေစေချင်လို့အပေါ်ယံခံစားချက်ဖြစ်တဲ့"သူ့ကိုလူကြားထဲအရှက်ခွဲလို့.."ဆိုတဲ့စကားနဲ့ဖုံးထားခဲ့ခြင်းပင်။
ဒါကြောင့်လဲဘုန်းသူ့ကိုဒုက္ခရောက်အောင်မလုပ်ခဲ့တာပေါ့။မာနတို့ရဲ့အရှင်သခင်လေးမင်းဘုန်းနေဟာနေညိုသွင်ဆိုတဲ့အညတရမင်းသားလေးရဲ့ရှေ့မှာအရှုံးကြီးရှုံးခဲ့တာနုထွေးရဲ့လလည်ဆွမ်းသွပ်တဲ့နေ့ကတည်းက။
မင်းကယောင်္ကျားတစ်ယောက်ဖြစ်နေရင်တောင်ငါမင်းကိုသဘောကျတယ်၊ဒီနှလုံးသားကြောင့်ဖြစ်နေရင်တောင်မှငါကျေနပ်တယ်...

KAMU SEDANG MEMBACA
နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completed
RomansaUnicode နေညိုသွင် "ငါမင်းကိုအရမ်းမုန်းတယ်...ငါအရမ်းချစ်ရတဲ့ငါ့ချစ်သူကိုလူ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပြီးငါနဲ့ခွဲခဲ့တဲ့မင်းကို..ငါတသက်လုံးခွင့်မလွတ်ဘူး..." မင်းဘုန်းနေ "ငါမင်းကိုလက်လွှတ်လိုက်တာမဟုတ်ဘူးနေညိုသွင်... မင်းကိုလွတ်လပ်ခွင့်ပေးလိုက်တာ... ငါ့ကိုမ...