Unicode
"ဘုန်း..နင်ဘာတွေလုပ်နေတာလဲ.."
"ဒါရုံးမှာနော်ကြည်ကြည်.."
"ငါအခုပြောနေတာအလုပ်ရှင်ဖြစ်တဲ့CEOဦးမင်းဘုန်းနေကိုပြောနေတာမဟုတ်ဘူး၊သူငယ်ချင်းဖြစ်တဲ့မင်းဘုန်းကိုငါပြောနေတာ.."
ကြည်ကြည့်ရဲ့စကားကြောင့်ဘုန်းပြုံးကာအလုပ်လုပ်ရင်းသူမအားမော့ကြည့်၍..
"ကဲဆိုပါအုံး..နင်းကဘာကိုပြောချင်တာလဲ.."
"နေညိုသွင်ဆိုတဲ့လူ..နင့်ဘေးမှာရှိနေရတဲ့အကြောင်းအရင်းလေ..ပြောစမ်းပါအုံးနင်ဘာတွေလုပ်နေတာလဲ.."
"ငါဘာလုပ်လို့လဲ.."
"ဘုန်း..ငါအကောင်းမေးနေတာနော်၊ဘာလဲ.နင့်နှလုံးသားကိုနင်မလွန်ဆန်နိုင်တော့လို့.."
"ဟိုး..တော်တော့ကြည်ကြည်၊နင့်စကားကငါ့ရဲ့မာနကိုထိခိုက်စေတယ်၊ငါဆိုတာကမ္ဘာမှာတစ်ယောက်ပဲရှိတဲ့လူ၊ငါ့နှလုံးသားကိုသူ့ကိုသဘောကျနေတယ်ဆိုရင်တောင်ငါဆိုတဲ့ငါကခွင့်မပြုဘူး၊အခုငါသူ့ကိုအလုပ်ပေးထားတယ်ဆိုတာလဲသူ့ရဲ့အကြွေးတွေအတွက်လေ.."
"အေးလေ..အဲဒီအကြွေးတွေတင်အောင်နင်လုပ်တာမလား.."
"ကြည်ကြည်နင့်ကိုဘယ်သူပြောတာလဲ၊ဟိုကောင်ဥဩပြောတာလား.."
"မဟုတ်တာမပြောနဲ့ဘုန်း၊နင့်အကြောင်းကိုငါအသိဆုံးပါ၊နင်ဘယ်ခြေလှမ်းရင်ဘာဆိုတာငါသိတယ်၊နင်ဥဩကိုခိုင်းထားတာငါသိတယ်၊ဘာလို့လဲဘုန်း..သူကနင့်ကိုအရမ်းမုန်းနေတယ်လေ။နင့်ကိုသူတစ်ခုခုတုံ့ပြန်မှာကိုနင်မကြောက်ဘူးလား.."
"ငါကအချဉ်မဟုတ်ဘူးကြည်ကြည်၊ငါအခုလိုလုပ်တာငါ့ကိုလူကြားထဲမှာအရှက်ခွဲရင်ဘယ်လိုခံရမယ်ဆိုတာသူသိစေဖို့ပဲ.."
"ဘုန်းရယ်..နင်သူ့ကိုဘာလုပ်မလို့လဲ.."
"အများကြီးမဟုတ်ပါဘူး၊နောက်ပြီးငါသူ့ကိုသေအောင်လဲမသတ်ဘူး၊အခုဘယ်နှစ်နာရီထိုးပြီလဲ.."
"ဆယ်နာရီထိုးတော့မယ်.."
"အဟင်း..အခုလောက်ဆိုသူငါ့ပေးတဲ့အပြစ်တစ်ခုခံနေရလောက်ပြီပေါ့.."
ဘုန်းရှေ့မှခလုတ်အားနှိတ်လိုက်သည်။
"နေ့ခင်းအစည်းအဝေးပွဲရှိသေးတယ်မဟုတ်လား၊ဟိုကောင်ဥဩငါ့ကိုစာရင်းတွေလဲလာမပေးသေးဘူး..."
ဘုန်းပြောကာအလုပ်စာရင်းတစ်ခုအားစစ်နေလိုက်သည်။ထိုစဉ်တံခါးဖွင့်သံကြား၍..
"မင်းဘာလိုစာရင်းတွေလာမတင်..ဟင်..ဘာလို့မင်းလဲ..မင်းဥဩခေါ်တာလေ.."
"သူဝမ်းသွားနေလို့ပါသူဌေး..."
"ဘာ.."
အခန်းထဲဝင်လာတဲ့သူမှာနေညိုဖြစ်ပြီးသူ့စကားကြောင့်ဘုန်စိတ်တိုသွားသည်။
"ဟုတ်တယ်သူဌေး..သူတစ်ခုခုအစားမှားလို့ဖြစ်မယ်၊အင်း..မြင်သလောက်တော့သူဒီနေ့စားတာကမနက်ကသူဌေးပေးတဲ့ခေါက်ဆွဲကြော်ပဲရှိတယ်.."
"ဘာ..ခေါက်ဆွဲကြော်ကိုသူစားတာ.."
"ဟုတ်တယ်သူဌေးရဲ့..မနက်ကသူဌေးကစေတနာနဲ့ကျွန်တော့်ကိုပေးပေမဲ့အတွင်းရေးမှူးကလဲဘာမှစားမလာခဲ့လို့ဆိုလို့ကျွန်တော်အကုန်ကြွေးလိုက်တာ၊သူခေါက်ဆွဲကြော်နဲ့မတည့်တာဖြစ်မှာပါ၊ဒါမှမဟုတ်ခေါက်ဆွဲကြော်ထဲ.."
"တော်တော့..ဘာလဲငါကဆေးခတ်ထားတယ်ဆိုလိုချင်တာလား.."
"ကျွန်တော်မပြောရဲပါဘူး၊ဒါပေမဲ့သူဌေးကအဲလိုလုပ်လိုက်လို့ဒီစကားထွက်လာတာနဲ့တူတယ်.."
"နေ ညို သွင်..."
"ပြောပါသူဌေး.."
"မင်းအခုချက်ခြင်းငါ့အခန်းထဲကထွက်သွား.."
"ဟုတ်ကဲ့ပါသူဌေး.."
နေညိုပြောကာပြန်လှည့်ထွက်လာရင်းပြုံးလိုက်သည်။
အဟင်း..မင်းဘုန်းနေ..မင်းဘုန်းနေ..
မင်းကိုငါကလူကြီးလူကောင်းလို့ထင်ခဲ့တာ၊ငါ့ကိုဒီလိုကလေးကွက်တွေနဲ့တိုက်လိမ့်မယ်လို့ငါမထင်ခဲ့ဘူး၊ဒါပေမဲ့လွယ်လွယ်နဲ့ဘယ်သူ့ကိုမှမယုံတတ်တဲ့ငါ့ရဲ့စိတ်ကိုတော့မင်းသိထားသင့်တယ်...
စောရီးပဲမင်းဥဩရေ...
ပြောကာထွက်သွားတဲ့နေညိုအားကြည့်ကာဘုန်းဒေါသထွက်လို့သွားသည်။
"တောက်စ်.."
"ဘုန်း..နင်..နင့်သူ့ကိုဝမ်းနှုတ်ဆေးကျွေးလိုက်တာလား.."
"ဟုတ်တယ်ဟာ..သူဝမ်းလျှောပြီးချိသွားအောင်လုပ်တာ.."
"ဘုန်းရယ်..နင်ကလေးတုန်းကအကျင့်တွေအခုမပျောက်သေးဘူးလား.."
"တော်ပါတော့ဟာ..မင်းဥဩကိုနင်ဖုန်းဆက်ခေါ်၊အခုချက်ခြင်းအစည်းအဝေးပွဲအတွက်စာရင်းတွေလာပေးလှည့်လို့ပြောလိုက်.."
ဘုန်းစိတ်တိုကာပြောတော့ကြည်ကြည်ဖုန်းကိုထုတ်ကာမင်းဥဩထံဆက်လိုက်သည်။
ဘုန်းကတော့အထမမြောက်သွားတဲ့သူအကြံကိုစိတ်အလိုမကျဖြစ်နေပြီး၊သူ့ဆေးနဲ့သူမိသွားတဲ့သူ့အဖြစ်ကိုနေညိုလှောင်နေမှာကိုတွေးကိုဒေါသထွက်နေသည်။
"သူ..သူစာရင်းတွေကိုမလုပ်ရသေးဘူးတဲ့၊ဘယ်လိုလုပ်မှာလဲ.."
"ဟာ..ကြည်ကြည်ဘယ်လိုလုပ်ရမှာလဲ၊နေလည်ဆိုရင်အစည်းအဝေးကသေချာလုပ်ရမှာ၊ပျက်လို့မဖြစ်ဘူး၊အဲဒါကိုနင်လုပ်လိုက်.."
"မ.မဖြစ်ဘူး..ငါရောနေ့လည်မှာလုပ်မဲ့အစည်းအဝေးအတွက်စာရင်းတွေမပြီးသေးဘူး.."
"အဲဒါဆိုဘယ်လိုလုပ်မှာလဲ..ဟာ..ရူးချင်တာပဲ၊ဟင်း..အဲဒီဖိုင်တွေငါ့ဆီယူခဲ့.."
"ဟင်.."
"ဖိုင်တွေငါ့ဆီယူခဲ့လို့၊အဲဒီပရောဂျက်ကိုမှမတင်ပြနိုင်ရင်အစည်းအဝေးကဘာလုပ်ဖို့လဲ၊ငါဘာသာလုပ်ရတော့မှာပေါ့..."
"အေး..အေး.."
"အေးမနေနဲ့အခုချက်ခြင်းသွားယူ.."
"ဟုတ်.."
ဒေါသထွက်နေတဲ့ဘုန်းကြောင့်ကြည်ကြည်ရုံးခန်းထဲမှပြေးထွက်ကာသွားသည်။မကြာမီမှာပဲဖိုင်တွဲတစ်ထပ်ကြီးနဲ့ပြန်လာတော့ဘုန်းမျက်လုံးပြူးသွားရသည်။
"ဒါတွေအကုန်လုံးလား..."
"အင်း..."
"အစည်းအဝေးကဘယ်အချိန်လဲ.."
"နေ့လယ်တစ်နာရီ.."
"နှစ်နာရီထဲနဲ့ငါကဒါတွေ..."
"နင်ဖြစ်မှာပါ..နင်ကကမ္ဘာမှာတစ်ယောက်ပဲရှိတဲ့လူလေ.."
"ကြည်ကြည်..ငါဒေါသထွက်နေတာနော်၊နင်ရောထွက်သွား.."
"ဟုတ်.."
ကြည်ကြည်မျက်နှာလေးငယ်ကာထွက်သွားသည်။ဘုန်းမှာတော့ရှေ့မှဖိုင်တစ်ထပ်ကြီးကိုကြည့်ကာသက်ပြင်းတစ်ချက်ချလိုက်သည်။
"ဟူး..."
"မင်းဘုန်းနေ..မင်းဘုန်းနေ..မင်းအပြစ်နဲ့မင်းခံပေါ့၊ဟူး...ဘာပဲဖြစ်ဖြစ်ငါလုပ်နိုင်တယ်၊ငါဆိုတာဘယ်သူလဲလေ..."
ဘုန်းထွက်နေတဲ့ဒေါသကိုဘေးဖယ်ထားလိုက်ကာသက်ပြင်းချရင်းသူ့စိတ်ကိုသူအားပေးကာအလုပ်စလုပ်ရန်ပြင်ကာဖိုင်းအားဖွင့်လိုက်သည်။
နေညိုကတော့အောင်နိုင်သူတစ်ယောက်ပမာအလုပ်တစ်ပွေ့ကြီးနဲ့ဘုန်းကိုအခန်းအပြင်မှကြည့်ကာပြုံးလိုက်မိသည်။
ချက်ခြင်းကြီးစေတနာကောင်းသွားတော့သူပေးတဲ့ခေါက်ဆွဲဘူးကိုမသင်ကာဖြစ်သွားကာစမ်းသပ်တဲ့အနေနဲ့တိရစ္ဆာန်တစ်ကောင်အားကျွေးရန်စဉ်းစားခဲ့ပေမဲ့ဘယ်ကတည်းကငတ်နေမှန်းမသိတဲ့မင်းဥဩကသူ့အားကျွေးရန်အတင်းတောင်းနေ၍ပေးလိုက်ရသည်။
"ငါ့ကိုအဲလောက်နဲ့မင်းအနိုင်ရမယ်ထင်လို့လား၊မင်းရဲ့ကလေးကွက်တွေလောက်နဲ့ငါ့ကိုအနိုင်မရနိုင်ဘူး.."
နေညိုမှန်နံရံမှတဆင့်အခန်းထဲမှာအလုပ်လုပ်နေတဲ့ဘုန်းကိုကြည့်ကာပြောလိုက်သည်။
ဒေါသနဲ့မကျေနပ်မှုတွေကိုမီးအားရေနဲ့ငြှိမ်းသလိုငြှိမ်းလိုက်နိုင်ကာအလုပ်ထဲအာရုံထည့်၍လုပ်နေတဲ့ဘုန်းကိုတော့နေညိုချီးကျူးမိသည်။
လူတစ်ယောက်ကအလုပ်လုပ်နေတဲ့အချိန်မှာပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုတဲ့အတိုင်းဘုန်းအလုပ်လုပ်နေတာကနေညို့အတွက်ကြည့်လို့ကောင်းနေသည်။
တည်ကြည်တဲ့မျက်နှာသွင်ပြင်နဲ့သပ်ရပ်စွာဖီးလိမ်းထားတဲ့ဆံနွယ်တွေကိုနောက်အားလှန်ဖြီးထာသည်။
ရွှန်းလဲ့တဲ့မျက်ဝန်းတွေနဲ့အတူနှင်းဆီသဏ္ဍာန်နှုတ်ခမ်းလေးကအလုပ်လုပ်နေရင်းနဲ့စူပုတ်နေရာချစ်ဖို့ကောင်းနေသည်။
နာရီကိုကြည့်တော့ဆယ့်တစ်နာရီထိုးတော့မည်ဖြစ်၍နေ့လည်စာအတွက်သူ့အားပြင်ပေးရန်ဇယားကိုကြည့်ကာသူစားတတ်တဲ့ဆိုင်နဲ့အစားအစာကိုမှတ်ကာထွက်ဝယ်ရန်ပြင်လိုက်သည်။
ဒီနေ့တော့သူထွက်စားနိုင်မှာမဟုတ်ဘူးဆိုတာဖိုင်းတစ်ထပ်ကြီးကသက်သေ။
ဘုန်းအလုပ်လုပ်ရင်းနဲ့ဂုတ်ကြောတွေတတ်လာသလိုဖြစ်လာသည်။
"ဒေါက်..ဒေါက်.."
"ဘယ်သူလဲ..ဝင်ခဲ့.."
တံခါးခေါက်သံကြောင့်ဘုန်းအလုပ်လုပ်ရင်းပြောလိုက်တော့တခါးဖွင့်ကာနေညိုဝင်လာသည်။
"နေ့လည်စာလာပို့တာပါသူဌေး.."
"ထားလိုက်ငါမစားသေးဘူး.."
ဘုန်းစကားကြောင့်နေညိုအစားအစာတွေအားသင့်တော်မည့်နေရာမှာထားလိုက်သည်။
"ကျွန်တော်နှိပ်ပေးရမလားသူဌေး.."
"ဟင်..."
ဇတ်ကြောတတ်နေသလိုဖြစ်နေတဲ့ဘုန်းကြောင့်နေညိုပြောလိုက်တော့ဘုန်းသူ့အားမော့ကြည့်လိုက်သည်။
ငါအကြောတတ်နေတာသိသာနေသလားလို့ပင်ကိုယ်အားပြန်မတ်လိုက်၍..
"ငါလုပ်နိုင်တယ်..ဒါပေမဲ့မင်းကိုငါကခိုင်းရအောင်ခေါ်ထားတာဆိုတော့.အင်း..လာပြီးနှိပ်ပေး.."
ဘုန်းတကယ်လဲဂုတ်ကြောတွေတတ်နေတာမို့ခိုင်းလိုက်ခြင်းဖြစ်ကာနေညိုကသူ့ရဲ့နောက်ကိုလျှောက်လာခဲ့သည်။
နေညိုနောက်မှဘုန်းရဲ့ဂုတ်နှစ်ဖက်ကိုကိုင်ကာ..
"ငါမင်းရဲ့ဂုတ်ကိုချိုးပစ်ပြီးသတ်ပစ်မှာမကြောက်ဘူးလား.."
ဆိုပြီးပြောတော့ဘုန်းသူ့ကိုနောက်လှည့်ကြည့်လိုက်၍မျက်နှာချင်းကနီးကပ်လို့သွားသည်။
"မင်းလုပ်ရဲရင်လုပ်လေ..."
"ငါမလုပ်ရဲဘူးထင်လို့လား.."
"လုပ်မှာဆိုလုပ်လိုက်ဒါပေမဲ့ငါ့ကိုငါမင်းမသုံးနဲ့၊အခုချိန်မှာငါကမင်းရဲ့အလုပ်ရှင်နော်.."
ဘုန်းလေသံမာမာနဲ့ပြောတော့နေညိုဘာမှမပြောတော့ပဲသူ့ရဲ့ဇာတ်ကြောကိုသာနှိပ်ပေးနေသည်။
အကြောတွေကတော်တော်တင်းနေ၍အကြောတတ်နေတာကသိသာလွန်းနေသည်။
"ကျွန်တော်ကူလုပ်ပေးရမလားသူဌေး.."
ဖိုင်တွေအားပြန်စစ်ဆေးကာလိုအပ်သည်များကိုဖြည့်နေတဲ့ဘုန်းအားနေညိုမေးလိုက်သည်။
"မင်းကဘာလုပ်တတ်မှာမို့လဲ.."
"ကျွန်တော်ကဘွဲ့ရထားတဲ့လူတစ်ယောက်ပါ."
"ဟင်.."
နေညိုစကားကြောင့်ဘုန်းအံ့ဩစွာထပ်၍မေးတော့..
"ကျွန်တော်အီးမေဂျာနဲ့ကျောင်းပြီးထားပြီးသားပါ..ဘယ်လိုလုပ်ရမယ်ဆိုတာကိုမသိပေမဲ့၊သင်ပြပေးမယ်ဆိုရင်ကျွန်တော်လုပ်တတ်မှာပါ.."
"မင်းက..ဘွဲ့ရပြီးသား.."
"....."
"အဲဒါဆိုဘာလို့ဝပ်ရှော့မှာအလုပ်လုပ်နေတာလဲ.နောက်ပြီးမင်းရဲ့ပုံစံကဘွဲ့ရပညာတတ်တစ်ယောက်ပုံနဲ့မတူဘူး.."
"နေပါအုံး.ဘွဲ့ရပညာတတ်တစ်ယောက်ရဲ့ပုံကဘယ်လိုမျိုးလဲ၊သားသားနားနားဝတ်မှဘွဲ့ရပညာတတ်လို့ခေါ်ရင်မှောင်ခိုလုပ်နေတဲ့ဒုစရိုက်သမားတွေအကုန်လုံးကိုပညာတတ်လို့သတ်မှတ်မှာလား.."
"မင်းကလေ..စကားကြီးစကားကျယ်နဲ့၊မင်းဘွဲ့ရပညာတတ်ဆိုရင်ဘာလို့ကုမ္ပဏီတွေမှာအလုပ်မလုပ်တာလဲ.."
"ဘယ်သူကရောဝပ်ရှော့မှာလုပ်ချင်မှာလဲ၊ရန်ကုန်ဆိုတဲ့မြို့ကြီးဟာပညာတတ်တွေပေါပြီးပညာတတ်တိုင်းနေရာမရနိုင်တဲ့နေရာလေ၊ကျွန်တော်အလုပ်တွေလိုက်လျှောက့ပေမဲ့ဘယ်ကုမ္ပဏီကမှအလုပ်မခန့်ကြဘူး၊အဲဒါနဲ့ပဲဝမ်းစာအတွက်ရရာအလုပ်ကိုလုပ်ရတာပေါ့.."
"....."
နေညို့ရဲ့စကားတွေကိုနားထောင်ရင်းဘုန်းသူ့အတွက်စိတ်မကောင်းသလိုတော့ဖြစ်သွားသည်။
"အဲဒါဆိုငါမင်းကိုပြောပြမယ်မင်းလုပ်လေ.."
"အဲလိုရလား.."
"အင်း..ဟိုခုံယူလိုက်.."
သူ့ဘေးမှာထိုင်ရန်ခုံအားအယူခိုင်းတော့နေညိုဆွဲယူလိုက်သည်။
ဘုန်းသူ့ကိုလုပ်ရမည့်ပုံစံအားပြောပြတော့တတ်မြောက်လွယ်တဲ့နေညိုမှာခဏအတွင်းမှာလုပ်တတ်သွားသည်။
တကယ်ပဲဘွဲ့ရတစ်ယောက်ဆိုတာကိုဘုန်းယုံကြည်လိုက်ပါသည်။အလုပ်လုပ်ရာမှာစနစ်ကျမှုကလဲပြန်စစ်ဆေးရာ၌အမှားဆိုတာသိပ်မရှိ။
နောက်ပြီးဘုန်းသူရဲ့စာရင်းတွေကိုစစ်ရင်းသူ့ကိုခိုး၍ကြည့်နေမိသည်။
ချောမောလှတဲ့မျက်နှာသွင်ပြင်နဲ့နေညိုဟာအလုပ်လုပ်နေချိန်မှာပို၍ခန့်ညားနေသည်ဟုဘုန်းထင်မိသည်။
နေညို့မှာသူပေါက်ချင်တဲ့နှုတ်ခမ်းမွှေ၊မုန်ဆိတ်မွှေတွေလဲရှိနေတော့ဘုန်းသူ့ကိုမနာလိုပင်ဖြစ်မိသည်။
ရုပ်ရည်ကအစပြည်စုံနေတဲ့ဘုန်းဟာသူ့ထက်ချောမောနေတဲ့နေညို့ကိုဘာကြောင့်ခိုးကြည့်မိနေတယ်ဆိုတာတော့သူကိုယ်တိုင်ပဲသိပေလိမ့်မည်။
နေညိုကစာရင်းတွေလုပ်၊ဘုန်းကစစ်ဆေးတော့အလုပ်တွေကအမြန်ပဲပြီးဆုံးသွားခဲ့သည်။ဘုန်းသူတစ်ယောက်ထဲလုပ်ရင်အကြာကြီးလုပ်ရမှာဖြစ်ပြီးနေညိုကကူညီပေးတော့အချိန်ဘယ်လောက်မှမကြာပဲပြီးသွားခဲ့သည်။
"ဟူး..."
အလုပ်တွေပြီးသွားတော့မှဘုန်းသက်ပြင်းချနိုင်ခဲ့သည်။နာရီကိုကြည့်တော့နေ့လည်ဆယ်နှစ်နာရီခွဲနေပြီ။
"မင်းကဘယ်ဆိုးလို့လဲ.."
"အဟင်း..မဆိုးတာမဟုတ်ဘူးတော်တာပါ၊ဘယ်လိုလဲကျွန်တော့်ကိုမင်းဥဩအစားအတွင်းရေးမှူးခန့်ခြင်နေပြီမဟုတ်လား.."
"မင်းကအဲလောက်ထိအရည်အချင်းမရှိပါဘူး၊မင်းအလုပ်ကတောက်တိုပဲ.."
"....."
ဘုန်းစကားကြောင့်နေညိုဘာမှမပြောတော့။
"ကဲပါဘာပဲဖြစ်ဖြစ်မင်းကိုကျေးဇူးတင်ပါတယ်.."
"ကျေးဇူးဆိုတာဝါးစားလို့လဲမရဘူး၊ဗိုက်လဲမပြည့်ဘူး.."
"အဲတော့.."
"ကျွန်တော့်ကိုကျေးဇူးတင်တယ်ဆိုရင်ကျွန်တော်ခွင့်တစ်ရက်တောင်းချင်တယ်၊အခုပြောတာမဟုတ်ဘူး၊တစ်နေ့နေ့မှာလိုအပ်ရင်ပြောတာ.."
"အကြွေးပေါ့..ဟုတ်ပါပြီ၊မင်းနားချင်တဲ့တစ်ရက်ပြောပေါ့၊ကဲ..အလုပ်လဲပြီးဗိုက်လဲဆာတယ်ထမင်းစားမယ်"
"ဒါဆိုကျွန်တော်ပြင်လိုက်တော့မယ်.."
"အင်း.."
ဘုန်းကပြောတော့နေညိုထိုင်ရာမှထကာချိုင့်ထဲကထမင်းနဲ့ဟင်းတွေကိုပန်းကန်ထဲထည့်ကာပြင်လိုက်သည်။

YOU ARE READING
နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completed
RomanceUnicode နေညိုသွင် "ငါမင်းကိုအရမ်းမုန်းတယ်...ငါအရမ်းချစ်ရတဲ့ငါ့ချစ်သူကိုလူ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပြီးငါနဲ့ခွဲခဲ့တဲ့မင်းကို..ငါတသက်လုံးခွင့်မလွတ်ဘူး..." မင်းဘုန်းနေ "ငါမင်းကိုလက်လွှတ်လိုက်တာမဟုတ်ဘူးနေညိုသွင်... မင်းကိုလွတ်လပ်ခွင့်ပေးလိုက်တာ... ငါ့ကိုမ...