Unicode
CEOဆို၍ကြည့်ရာနေညိုမျက်လုံးပြူးသွားရသည်။
သူက...
သူကသူဌေးပေါ့၊မားအကြွေးတွေရဲ့ပိုင်ရှင်ပေါ့။
"သူကဘယ်သူလဲ..ဒီကိုဘာလာလုပ်တာလဲ.."
ဘုန်းမသိချင်ယောင်ဆောင်၍သာမေးလိုက်သည်၊တကယ်တော့ဒီလိုဖြစ်အောင်သူပဲဖန်တီးလိုက်တာလေ..
"CEO သူကဟိုတခါသူဌေးဆီမှာပိုက်ဆံသိန်းတစ်ရာချီးခဲ့တဲ့သူရဲ့သားပါ.."
"ဪ..ဟိုအခြောက်မရဲ့သားလား.."
နေညိုခေါင်းမော့ကာသူ့စကားကြောင့်ဒေါသထွက်သွားသည်။ဟုတ်တော့လဲဟုတ်ပေမဲ့မားကိုအခြောက်လိုပြောတာနေညိုမခံနိုင်ပါ။
သို့ပေမဲ့...
နေညိုသူ့ရဲ့စိတ်ကိုလျှော့ထားလိုက်သည်။
"ဟုတ်ပါပြီ၊အခုဘာလဲ.အကြွေးလာဆပ်တာလာ..ဒါများမင်းဘာသာလက်ခံထားလဲပြီးနေတာပဲ.."
"ကျွန်တော်အကြွေးဆပ်ဖို့လာခဲ့တာမဟုတ်ပါဘူး၊သူဌေးကိုဆပ်စရာကျွန်တော်တို့မှာပိုက်ဆံမရှိသေးပါဘူး၊အဲဒါသူဌေးကိုအချိန်အတိုင်းအတာတစ်ခါထိစောင့်ပေးဖို့လာတောင်းပန်တာပါ.."
နေညိုခေါင်းကိုငုံ့ကာအမုန်းဆုံးဖြစ်တဲ့သူ့ကိုမထွက်ချင်တဲ့အောက်အကျဆုံးစကားတွေကိုမားအတွက်ပြောလိုက်သည်။
"ဪ..ဒါလား၊ကဲပါ..ဒါဆိုအထဲကိုလိုက်ခဲ့၊ကြည်ကြည်..နင်းလုပ်စရာရှိတာလုပ်၊ဥဩ..ကော်ဖီကိုအထဲလာပို့လှည့်..."
ဘုန်းကပြောကာသူ့ရုံးခန်းထဲသို့ဝင်သွားသည်။နေညိုမှာတော့သူ့ကိုဘာတွေထပ်ပြီးအောက်ကျခံရအုံးမလဲဆိုပြီးတွေးပြီးစိတ်ညစ်သွားပေမဲ့သူပြောတဲ့အတိုင်းသူ့အခန်းထဲကိုလိုက်လာခဲ့သည်။
ဥဩကတော့ကော်ဖီနှစ်ခွက်ကိုယူကာစားပွဲပေါ်ချပေးပြီးအပြင်သို့ထွက်သွားသည်။
"ထိုင်ပါ.."
နေညို့အားဘုန်းပြောတော့နေညိုခုံပေါ်သို့ထိုင်လိုက်သည်။ရှေ့တည့်တည့်မှဘုန်းကတော့အောင်နိုင်သူတစ်ယောက်ပမာပြုံးလို့နေပြီး..
"အဲတော့အချိန်ဘယ်လောက်စောင့်ပေးရမှာလဲ.."
"ကျွန်တော်တို့ကတစ်နေ့လုပ်မှတစ်နေ့စားရတာဆိုတော့အချိန်ကတော့အများကြီးလိုပါတယ်၊ဒါပေမဲ့သူဌေးအချိန်ဘယ်လောက်ပေးနိုင်မလဲ.."
"ငါကတော့အချိန်ဘယ်လောက်မှမပေးနိုင်ဘူး၊ငါကအဲလိုအကြွေးတွေပေးရတာမကြိုက်ဘူး၊ဥဩကအတင်းပြောလို့သာပေးလိုက်ရတာ၊မင်းတို့ပုံစံကြည့်ရတာလဲပေးနိုင်မှပေးရမယ်ဆိုရင်ဒီသိန်းတစ်ရာကိုတစ်သက်လုံးပေးနိုင်မှာမဟုတ်ဘူး.."
ဘုန်းရဲ့စော်ကားတဲ့စကားတွေကိုနေညိုခေါင်းငုံ့အံကြိတ်၍သာနားထောင်နေရသည်။
"မင်းကားမောင်းတတ်လား.."
"ဗျာ.."
"မကြားလိုက်တာလား.."
"မောင်းတတ်ပါတယ်.."
"အင်း..ဒါဆိုမင်းကိုငါတစ်လဆယ်သိန်းပေးမယ်။မင်းဆယ်လတိတိငါ့အိမ်မှာအလုပ်လာလုပ်ပေးရမယ်၊ငါခိုင်းတာဘာမဆိုလုပ်ပေးရမယ်၊ဘယ်လိုလဲ.."
"ကျွန်တော်ကဘာလုပ်ရမှာလဲ.."
"အဟင်း..ဥပဒေဘောင်အတွင်းကအလုပ်ပဲခိုင်းမှာပါ..ဥပမာ၊ငါ့ရဲ့ဝေယာဝေစ္စအားလုံး၊နောက်ပြီးငါသွားမဲ့နေရာကိုမင်းကားမောင်းပြီးလိုက်ပို့ပေးရမယ်.."
သေချာစွာပြောနေတဲ့သူ့ရဲ့စကားတွေအရဆိုရင်မဆိုးပေမဲ့တစ်လဆယ်သိန်းဆိုတာရဲ့နောက်မှာမမြင်နိုင်တဲ့အရာတွေရှိနေနိုင်သည်။
"ဘယ်လိုလဲ.."
"ကောင်းပါပြီ၊ဥပဒေဘောင်အတွင်းမှာဆိုရင်ကျွန်တော်ဘာပဲဖြစ်ဖြစ်လုပ်ပါ့မယ်.."
"အဟင်း..ဒါဆိုသဘောတူညီချက်ရပြီပေါ့.."
"...."
နေညိုခေါင်းကိုညိတ်ပြကာဖြေလိုက်သည်။ဘုန်းကပြုံးကာရှေ့ကဘဲလ်ကနှိတ်လိုက်တော့အပြင်မှဥဩအထဲသို့ဝင်လာသည်။
"CEOဘာလိုချင်လို့ပါလဲ.."
"အင်း..ငါ့ရဲ့ရှေ့နေကိုဖုန်းဆက်လိုက်ပါ၊ငါနဲ့သူသဘောတူညီချက်ရပြီဆိုတော့စာချုပ်မယ်လို့.."
"ကောင်းပါပြီ.."
"အင်း..အချိန်ရတယ်မဟုတ်လား..ကော်ဖီတွေအေးကုန်ပြီသောက်လိုက်ပါအုံး.."
"ရပါတယ်..ဒါနဲ့ကျွန်တော်ဘယ်နေ့အလုပ်စဆင်းရမှာလဲ.."
"တောက်စ်.."
"ခလွမ်..လွမ်.."
ဗြုန်းစားကြီးဘုန်းသူ့ရှေ့ကကော်ဖီခွက်ကိုသောက်လိုက်ကာဘာကိုမကြိုက်သွားသည်မသိခွက်အားလွှင့်ပြစ်လိုက်သည်။
ထိုအခါအပြင်ကိုထွက်သွားတဲ့ဥဩပြန်၍ဝင်လာကာကျကွဲနေတဲ့ကော်ဖီခွက်နဲ့အတူဒေါသတကြီးဖြစ်နေတဲ့ဘုန်းအားကြည့်ကာလန့်သွားရသည်။
"CEO ဒါကဒီလိုရှိပါတယ်.."
"တော်တော့.."
"မဟုတ်ပါဘူးCEOရယ်၊ကျွန်တော်ရှင်းပြတာကိုနားထောင်ပေးပါ၊ဒါကလေ.."
"တော်တော့လို့ငါပြောနေတယ်လေ.."
ဘုန်းကျယ်လောင်စွာအော်လိုက်တော့ဥဩဘာမှပြန်မပြောတော့ပဲခေါင်းကိုငုံ့ထားလိုက်သည်။
"ဒီမှာ..မင်းစိတ်ချည်ပဲလုပ်မနေနဲ့လေ၊သူပြောပြတာကိုနားထောင်ပေးဖို့လိုတယ်.."
သူစိတ်ချည်ပဲဖြစ်နေတဲ့ဘုန်းအားနေညိုဥဩဘက်မှနေကာကိုယ်ချင်းစာသွား၍ဝင်ပြောလိုက်သည်။
"ဒီကိစ္စကမင်းနဲ့ဘာဆိုလို့လဲ၊ငါဖာသာငါနားထောင်ချင်ထောင်မယ်မထောင်ချင်မထောင်ဘူး၊ငါ့ကိစ္စကိုဝင်မပါပါနဲ့၊မကြာခင်ငါ့ရဲ့အစေခံဖြစ်မယ်လူဆိုတော့ပိုပြီးသတိထားဆင်ခြင်ပါ၊မင်းဥဩ..အဲဒါတွေကိုသန့်ရှင်းလိုက်၊နောက်တစ်ခါငါ့ရှေ့ကိုအချိုဓာတ်ပါတဲ့ကော်ဖီလာမချမိစေနဲ့.."
"ဟုတ်..ဟုတ်ကဲ့ပါCEO.."
ဘုန်းထရာမှပြန်ထိုင်လိုက်ပြီးရှေ့မှအလုပ်ဖိုင်တွေကိုကြည့်နေလိုက်သည်။နေညိုကတော့အစေခံဆိုတဲ့ဘုန်းရဲ့အသုံးအနှုန်းကြောင့်မကျေမနပ်နိုင်ဖြစ်နေရသည်။
စိုးရိမ်စိတ်ဝင်လာခဲ့တာကသူငါ့ကိုတမင်သက်သက်အကွက်ချပြီးနှိတ်ဆက်မလို့လားဆိုပြီးတော့ပေါ့။
ဘုန်းကိုကြည့်တော့စောစောကလိုဒေါသထွက်နေတဲ့မျက်နှာမဟုတ်တော့ပဲအလုပ်ထဲကိုစိတ်နှစ်ကာအလုပ်လုပ်နေရှာသည်။
အချိန်ကိုကြည့်တော့ညနေနှစ်နာရီထိုးတော့မယ်။ခုံပေါ်၌ထိုင်နေရင်းရှေ့နေဆိုသူကိုစောင့်လို့နေသည်။
ဒီကိစ္စလောက်လေးကိုစာချုပ်တွေအထိလုပ်နေတဲ့ဘုန်းကြောင့်နေညိုစိုးရိမ်စိတ်ပို၍တိုးလာခဲ့သည်။
"Hello မစ္စတာဘုန်း..ကျွန်တော်နည်းနည်းနောက်ကျသွားတယ်.."
ခဏအကြာမှာတော့နှုတ်ဆက်သံနဲ့အတူရှေ့နေတစ်ဦးရုံးခန်းထဲသို့ဝင်လာသည်။
"ထိုင်ပါအုံးဦးသန့်စင်..နောက်မကျပါဘူး၊ဦးသန့်စင်ကအချိန်ကိုလေးစားတဲ့သူဆိုတာသိပြီးသားပါ၊ကဲဒါဆိုအလုပ်လေးစလိုက်ရအောင်.."
"ကောင်းပါပြီဗျာ..ဒီမှာစာချုပ်ပါမစ္စတာဘုန်း.."
"ကဲ.နေညိုသွင်.မင်းဒီမှာလက်မှတ်ထိုးရုံပဲ.."
ရှေ့နေဦးသန့်စင်ကပေးတဲ့စာချုပ်ကိုဘုန်းသူ့အားကမ်းလိုက်ကာပြောတော့နေညိုသွင်စာချုပ်ကိုကြည့်လိုက်သည်။
သေချာတာပေါ့။စာချုပ်ထဲမှစာတွေကြောင့်ဒီကိစ္စတွေဟာသူ့ရဲ့အကြံအစည်တွေဆိုတာနေညိုသိလိုက်ရပြီ။
"ဘယ်လိုလဲ..လက်မှတ်မထိုးတော့ဘူးလား၊ဘာလဲငါစောစောကပြောတဲ့ငါ့ရဲ့အစေခံဆိုတဲ့စကားကြောင့်လား..."
"မင်းငါ့ကိုအရမ်းမုန်းနေလားမင်းဘုန်းနေ.."
"ဟင်.."
"ငါ့ကိုမင်းရဲ့အစေခံဖြစ်ဖို့အကွက်ကျကျစီစဉ်ပြီးလုပ်ခဲ့တဲ့အတွက်လေ၊ငါ့ကိုအရမ်းမုန်းနေသလား.."
"အဟင်း..ဘယ်ဆိုးလို့လဲ၊မင်းကတစ်ထွာပြရင်တစ်လှံထိအောင်မြင်တာကာလေးစားပါတယ်၊ဟုတ်တယ်၊ငါမင်းကိုအကွက်ချပြီးအခုလိုစီစဉ်ခဲ့တာ၊ငါမင်းကိုမမုန်းပါဘူး၊ဒါပေမဲ့လူကြားထဲငါ့ကိုအရှက်ခွဲရင်ဘယ်လိုခံစားရမယ်ဆိုတာမင်းသိစေချင်ရုံပဲ၊မင်းလက်မှတ်ထိုးမှာလားမထိုးဘူးလား.."
"....."
နေညိုစာချုပ်နှစ်ရွက်ကိုယူကာလက်မှတ်ထိုးပေးလိုက်ပြီး..
"ငါမထိုးလို့မှမရတာထိုးပေးရမှာပေါ့၊မင်းပြောတယ်နော်၊ငါကမင်းကိုလူကြားထဲအရှက်ခွဲလို့ဘယ်လိုပြန်ခံရမယ်သိစေချင်ရုံတဲ့၊မင်းငါ့ကိုမမုန်းဘူးတဲ့၊ငါကတော့မင်းကိုမုန်းတယ်မင်းဘုန်းနေ။ငါ့အရမ်းချစ်ရတဲ့ငါ့ရဲ့ချစ်သူကိုသေအောင်လုပ်ခဲ့တဲ့မင်းကိုငါအရမ်းမုန်းတယ်၊စိတ်ချပါမင်းငါ့ကိုအစေခံလို့သဘောထားရင်ငါကလဲမင်းကိုစေတန်လို့သတ်မှတ်မှာပဲ။ပြီးပြီဆိုရင်ငါသွားမယ်..မင်းနဲ့ငါ့ကြားကအမုန်းတွေကအခုက..စပြီ.."
နေညိုပြောကာစာချုပ်မှစာရွက်တစ်ရွက်ကိုယူကာအခန်းထဲမှထွက်သွားတာကိုကြည့်ကာဘုန်းမဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
"မစ္စတာဘုန်း..အလုပ်ကိစ္စလဲပြီးပြီဆိုတော့ခွင့်ပြုပါအုံး.."
"ကောင်းပါပြီဦးသန့်စင်.."
ဦးသန့်စင်ထွက်သွားတော့ဘုန်းအံကိုတင်းတင်းကြိတ်လိုက်ပြီစားပွဲအားထုလိုက်သည်။
"မင်းဘယ်လောက်မာန်ထနိုင်မလဲငါစောင့်ကြည့်မယ်နေညိုသွင်.."
စိတ်တိုကာဘုန်းပြောလိုက်ပေမဲ့နာကျင်လို့သွားတဲ့ဘယ်ဘက်ခြမ်းမှနှလုံးသားကြောင့်ဘုန်းလက်နဲ့ဖိထားရသည်။
"အား..ဘာဖြစ်တာလဲ၊ဘာလို့နာနေရတာလဲ၊ဘာလဲမင်းရဲ့ချစ်သူကိုငါပြောလို့လား၊နာလေ..မင်းကပဲနာနိုင်မလား၊ငါကပဲဆက်လုပ်နိုင်မလား..အား.."
ဘုန်းနာကျင်ပေမဲ့အံကိုတင်းတင်းကြိတ်ကာထားလိုက်ပြီးနာကျင်နေတဲ့ရင်ဘက်ကိုအံတုလို့နေရင်း...

YOU ARE READING
နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completed
RomanceUnicode နေညိုသွင် "ငါမင်းကိုအရမ်းမုန်းတယ်...ငါအရမ်းချစ်ရတဲ့ငါ့ချစ်သူကိုလူ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပြီးငါနဲ့ခွဲခဲ့တဲ့မင်းကို..ငါတသက်လုံးခွင့်မလွတ်ဘူး..." မင်းဘုန်းနေ "ငါမင်းကိုလက်လွှတ်လိုက်တာမဟုတ်ဘူးနေညိုသွင်... မင်းကိုလွတ်လပ်ခွင့်ပေးလိုက်တာ... ငါ့ကိုမ...