Part 21

11.2K 230 19
                                    

Unicode

"အဲဒါကဘာလဲပြစမ်း.."
ဆိုတာရောင်နီဦးကဝိုင်းလေးရဲ့လက်ထဲမှဆွဲကြိုးကိုဆွဲယူလိုက်သည်။
"ပြန်ပေး..အဲဒါငါ့ဆွဲကြိုး.."
"မပေးဘူး..အခုချိန်ကစပြီးဒီဆွဲကြိုးကငါ့ရဲ့ဆွဲကြိုးဖြစ်သွားပြီ၊သွားလေ..ဆရာမသွားတိုင်မယ်ဆိုရင်တော့မင်းနာမယ်မှတ်.."
ကျောင်းမှာအလုခံလိုက်ရတဲ့ဆွဲကြိုးကြောင့်ဝိုင်းလေးတစ်ယောက်သူ့အကိုရောင်နီဦးကိုမုန်းတီးနေတော့သည်။
ထိုဆွဲကြိုးကိုဘယ်ကရတယ်ဆိုတာသူမမှတ်မိပေမဲ့သူပစ္စည်းကိုအနိုင်ယူကာဆွဲလုသွားတဲ့သူ့ကိုဝိုင်းလေးမကျေမနပ်ဖြစ်ရသည်။
သူတို့အိမ်မှာနေတုန်းကလဲအမြဲအနိုင်ကျင်ခံနေရပြီးအခုသူ့ရဲ့အမေနဲ့နေပြန်တော့လဲကျောင်းမှာအနိုင်ကျင့်ခံနေရ၍ဝိုင်းလေးကျောင်းပြောင်းရသည်အထိဖြစ်ခဲ့ရသည်။
"သတိရလာပါတော့ဘုန်းရယ်..ဒီနေ့ရောဆိုရင်မင်းသတိမရတာဆယ့်ငါးရက်တောင်ရှိနေပြီ၊ငါ့ကိုမင်းချစ်တယ်ဆိုရင်သတိရလာပါတော့.."
နေညိုစိတ်ထဲမှပြောရင်းဘုန်းရဲ့လက်ကိုရေပတ်တိုက်ပေးနေမိသည်။
သတိမရသေးပေမဲ့စိတ်ချရတဲ့အခြေအနေဖြစ်တာကြောင့်ဆေးရုံကဆင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
"သူ့ရဲ့စိတ်ကအနားမှာရှိမနေတော့ဘယ်အချိန်သတိရမယ်ဆိုတာမပြောနိုင်ပါဘူး၊တစ်ပတ်၊တစ်လ၊တစ်နှစ်၊ဆယ်နှစ်ဆိုတဲ့အထိလဲကိုမာဖြစ်နေနိုင်တယ်၊ဒါပေမဲ့သူ့ရဲ့စိတ်ကိုနှိုးဆွနိုင်မဲ့သူကသူ့ရဲ့အနားမှာစကားတွေပြောပေးနေမယ်ဆိုရင်သူ့ရဲ့စိတ်ကပြန်လာနိုင်ပါတယ်.."
ဆေးရုံကဒေါက်တာကြီးရဲ့ပြောစကား။
နေညိုသူ့ရဲ့အနားမှာအမြဲနေပေးပြီးစကားတွေပြောပေးနေပေမဲ့ဘုန်းသတိမရလာတာနှစ်ပတ်ဆိုတဲ့အချိန်သို့ရောက်ရှိလို့လာခဲ့သည်။
စားပွဲပေါ်ကဘုန်းငယ်စဉ်ကလေးဘဝကဓာတ်ပုံလေးကိုနေညိုယူကာကြည့်လိုက်သည်။
"မင်းရဲ့အခန်းထဲကိုသာအစကတည်းကငါ့ကိုပေးဝင်ခဲ့မယ်ဆိုရင်မင်းကဝိုင်းလေးဆိုတာကိုငါသိရမှာ၊အခုတော့ဘုန်းရယ်..မင်းကဝိုင်းလေးဆိုတာငါသိရတော့မင်းကအခုလိုပုံစံကြီးနဲ့.."
"ဂျောက်.."
"အကိုနေညို..ညဉ့်နက်နေပြီမအိပ်သေးဘူးလား.."
အခန်းထဲသို့ကြယ်စင်လေးဝင်လာကာနေညို့ကိုပြောတော့နေညိုကခေါင်းညိတ်ကာ..
"အကိုအိပ်မပျော်လို့ပါ..ညီမလေးရော.."
"ညီမလေးကတရေးနိုးလာတာ၊ကိုကိုအခန်းကမီးလင်းနေလို့ဝင်လာခဲ့တာ.."
ကြယ်စင်ကဘုန်းအခုလိုဖြစ်တဲ့နေ့ကစပြီးဘုန်းကိုပြုစုစောင့်ရှောက်ဖို့ဆိုပြီးလာနေခြင်းဖြစ်သည်။
ဦးဘုန်းသစ္စာကတော့လာချင်ပေမဲ့ဘုန်းရဲ့အမေရိုစ်ရှိနေ၍လာရမလာရနဲ့ချီတုန်ချတုန်ဖြစ်နေကာမလာဖြစ်သေး။
"ကိုကိုနဲ့အကိုနေညိုကအရမ်းခင်တာပဲနော်.."
"အင်းဘုန်းကအကိုရဲ့ဟိုအရင်ကတည်းကလိုက်ရှိနေတဲ့သူငယ်ချင်းလေ၊အကို့အသက်ကိုသူကကယ်ခဲ့ဖူးတယ်.."
"ဟင်း..ကိုကို့ရဲ့စိတ်ကအခုချိန်ဆိုဘယ်များရောက်နေမလဲမသိဘူးနော်.."
"သူပျော်တဲ့နေရာမှာပေါ့၊သူစိတ်ထိခိုက်ပြီးအခုလိုဖြစ်ခဲ့တာဆိုတော့အကိုထင်ပါတယ်၊သူပျော်ခဲ့ဖူးတဲ့နေရာမှာသူ့ရဲ့စိတ်တွေရောက်နေလိမ့်မယ်.."
"ကိုကိုပျော်တဲ့နေရာကိုညီမလေးမသိဘူး၊ညီမလေးမြင်ဖူးသလောက်ကိုကိုအရမ်းပျော်နေတာကိုတစ်ခါမှမမြင်ဖူးဘူး.."
"အကိုကတော့မြင်ဖူးတယ်၊ဟိုအရင်တုန်းကအကိုနဲ့အတူရှိခဲ့တုန်းကဆိုသူအရမ်းပျော်နေခဲ့တာ.."
နေညိုပြောရင်းမျက်လုံးကိုမှိတ်ကာငယ်စဉ်ကသူတို့ပျော်ဖူးတဲ့မိဘမဲ့ကျောင်းကကစားကွင်းလေးဆီသို့စိတ်ဖြင့်ကူးဖြတ်လာခဲ့သည်။
"မင်းဒီမှာရှိနေမလား..
ဘုန်း..မင်းဘုန်းနေ..မင်းဒီမှာရှိနေမလား.."
နေညိုခေါ်ကြည့်ပေမဲ့သူ့ရဲ့ထူးတဲ့အသံကိုမကြားရ။နားထဲမှာတော့ကလေးလေးတွေရဲ့အသံကိုသာကြားနေရသည်။
"ဝိုင်းလေး..ဝိုင်းလေး..ဟုတ်တယ်၊သူကဝိုင်းလေးလေ..ငါဝိုင်းလေးလို့ခေါ်ရမယ်..ဝိုင်းလေး..ဝိုင်းလေး..မင်းဒီကိုရောက်နေလား.ဒီမှာရှိနေလား၊ရှိရင်ငါ့ကိုပြန်ထူးပါ၊ဝိုင်းလေး..."
"ဂျစ်တူး.."
သူ့ရဲ့နောက်မှကြားလိုက်ရတဲ့အသံကြောင့်နေညိုနောက်သို့လှည့်ကြည့်လိုက်တော့ဘုန်းကသူ့ကိုပြုံး၍ကြည့်နေသည်။
"ဘုန်း.."
"နေညို.."
တစ်ဦးနဲ့တစ်ဦးမျက်နှာချင်းဆိုအနေအထားမှာတစ်ယောက်ဆီသို့တစ်ယောက်ပြေးလာရင်းအနားရောက်တော့ရပ်လိုက်ကြသည်။
"နေညို.."
"ဘုန်း.."
"မင်းဒီကိုလိုက်လာတယ်.."
"အင်း..မင်းကိုလာခေါ်တာ၊ငါမင်းကိုအကြာကြီးစောင့်နေရတာလွမ်းနေပြီ၊ငါနဲ့ပြန်လိုက်ခဲ့တော့နော်.."
"အင်း..ငါဒီကိုမရောက်တာကြာနေလို့လာခဲ့တာ၊ငါမင်းကိုမမှတ်မိခဲ့တဲ့အတွက်ငါ့ကိုခွင့်လွတ်ပါနော်၊နောက်ပြီးငါမိုးကျော်သူနဲ့.."
"မပြောပါနဲ့..ကိုယ်အားလုံးသိပြီးပြီ၊ကိုယ့်ကိုသာခွင့်လွတ်ရမှာပါဘုန်းရယ်၊မင်းကိုအထင်လွဲခဲ့မိလို့၊နောက်ပြီးကိုယ်မင်းကိုဝိုင်းလေးလို့မထင်ခဲ့မိလို့.."
"ရပါတယ်နေညိုရယ်..ငါလဲမင်းကိုလွမ်းနေပြီ၊ငါအခုအားလုံးကိုမှတ်မိပြီ..ငါမင်းကိုအရမ်းချစ်တယ်.."
"ငါလဲမင်းကိုအရမ်းချစ်တယ်..ကဲ..ပြန်ကြရအောင်နော်..ညီမလေးတိုရော၊အန်တီတို့အဖွားတို့ရောမင်းကိုလွမ်းနေပြီ.."
"အင်း..ပြန်ကြတာပေါ့.."
ပြောကာတစ်ယောက်ကိုတစ်ယောက်လက်ချင်းချိတ်ကာလျှောက်လို့လာကြရင်းတကယ့်လက်တွေ့ဘဝမှာလဲလက်ချင်းဆွဲကာနေညိုကဘုန်းရဲ့ဘေးမှာအိပ်လို့နေသည်။
"နေညို.."
ဘုန်းကမျက်လုံးဖွင့်လာပြီးသူ့ရဲ့ဘေးမှခုံပေါ်ထိုင်ကာကုတင်ကိုမှီပြီးအိပ်နေတဲ့နေညိုကိုမြင်တော့ခေါ်လိုက်သည်။
"နေညို.."
"ဟင်..ဘုန်း..ဘုန်းသတိရလာပြီ.."
နေညိုအိပ်နေရင်းကဘုန်းရဲ့ခေါ်သံကိုကြားတော့မျက်လုံးဖွင့်လာကဘုန်းကိုကြည့်၍ပြောလိုက်သည်။
"ဒီမှာဘာလုပ်နေတာလဲ..လူနာစောင့်ကဒီလောက်အိပ်နေရလား.."
"ဟာ..အခုလေးမှအိပ်ပျော်သွားတာ၊ဘုန်းဘယ်လိုနေလဲဟင်..ခေါင်းတွေဘာတွေမူးသေးလား.."
"မမူးပါဘူး..ရေသောက်ချင်တယ်.."
"ဪ.အင်း.ငါယူပေးမယ်.."
နေညိုမှာပျော်၍ပြာယာခတ်ကာစားပွဲပေါ်မှရေခရားအိုးထဲမှရေကိုဖန်ခွက်ထဲငှဲ့၍ဘုန်းထံယူလာကာပေးလိုက်သည်။
"ဝမ်းသာလိုက်တာဘုန်းရယ်၊ကိုယ်မင်းသတိမေ့နေကတည်းကကိုယ်မင်းရဲ့အနားမှာရှိနေခဲ့တာ၊ကိုယ်မင်းကိုသတိရဖို့အမြဲဆုတောင်းနေမိတာ၊ဘုန်း..ကိုယ်တောင်းပန်ပါတယ်နော်.."
"ဘယ်နှခါတောင်းပန်အုံးမှာလဲ.."
"ဟင်.."
"ဟိုမိဘမဲ့ကျောင်းမှာလဲတောင်းပန်ပြီးပြီလေ.."
"ဟင်..အဲ.ဒါကအိမ်မက်မဟုတ်ဘူးလား.."
"ဟွင်.သူပဲပြန်လာဖို့ခေါ်ပြီးတော့အိမ်မက်တဲ့လား.."
"မဟုတ်ပါဘူး..ဒါဆိုအဲဒါကတကယ်ပေါ့..ဟာ.."
"ငါ့ကိုချစ်လား.."
"ချစ်တယ်..ဟောဒီကရင်ဘက်ကြီးနဲ့နင့်နေအောင်ချစ်တာ.."
"ငါကမင်းရဲ့ချစ်သူနုထွေးကိုကားနဲ့တိုက်သတ်ထားတဲ့လူလေ.."
"ဒါကမတော်တဆပါ.."
"နောက်ပြီးငါကယောင်္ကျားတစ်ယောက်လေ.."
"ငါကလဲယောင်္ကျားတွေကိုချစ်တတ်တဲ့သူပါ၊မင်းကယောင်္ကျားတစ်ယောက်ဖြစ်နေလဲငါချစ်တယ်.."
နေညိုရဲ့အဖြေကြောင့်ဘုန်းပြုံးလိုက်မိသည်။
အရာရာအားလုံးကအိမ်မက်အလားဘုန်းမယံနိုင်လောက်အောင်ဖြစ်နေမိသည်။

You've reached the end of published parts.

⏰ Last updated: Mar 03, 2020 ⏰

Add this story to your Library to get notified about new parts!

နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completedWhere stories live. Discover now