Unicode
တစ်ခါမှမရောက်ဖူးတဲ့ဘားကိုရောက်နေသလိုတစ်ခါမှမသောက်ဖူးတဲ့အရက်ဆိုတဲ့အရာကိုဘုန်းသောက်နေမိပြီ။
အကောင်းဆုံးဆိုတဲ့အရက်ကိုယူကာသောက်လိုက်တော့ရင်ထဲပူလောင်ကာသွားသည်။"မင်းကိုမေ့ပြစ်လိုက်တော့မယ်.."
ဆိုပြီးဆုံးဖြတ်ချက်နဲ့ဘုန်းအရက်သောက်ရန်ဆုံးဖြတ်ကာစိတ်လက်ပေါ့ပါးချင်၍ဘားကိုထွက်လာခဲ့ခြင်းဖြစ်သည်။
အချိန်ကညရှစ်နာရီထိုးနေပြီဖြစ်ကာဘားမှာလဲလူကစည်ကားနေပြီ။
"Hi.."
သူ့ရဲ့ဘေးကိုလာထိုင်တဲ့ကောင်လေးတစ်ယောက်ကရီဝေဝေဖြစ်နေတဲ့ဘုန်းကိုနှုတ်ဆက်လိုက်သည်။
သို့ပေမဲ့ဘုန်းကပြန်၍နှုတ်မဆက်။အရက်ကိုသာဆက်၍သောက်နေလိုက်သည်။
"အကို..ကျွန်တော့်နာမည်ရှင်းသန့်မောင်ပါ.."
"ငါမင်းနဲ့စကားမပြောချင်ဘူး၊ကိုယ့်ဘာသာနေ.."
ဘုန်းကိုလာပြီးမိတ်ဆက်နေ၍ဘုန်းကပြန်ပြောလိုက်တော့ထိုကောင်လေးကပြုံးလိုက်သည်။
"အကို့ကြည့်ရတာတစ်ခါမှသောက်ဖူးပုံမပေါ်ဘူး၊ကျွန်တော်ကဒီဘားမှာအလုပ်လုပ်ပါတယ်။အကို့ကိုတစ်ခါမှမတွေ့ဖူးဘူးလေ.."
"ဒီမှာမင်းလူစကားနားမလည်ဘူးလား၊ငါမင်းနဲ့စကားမပြောချင်ဘူး.."
"ကောင်းပါပြီဗျ..ဒါဆိုခွင့်ပြုပါအုံး.."
ကောင်လေးကပြောကာထိုနေရာမှထွက်သွားတော့ဘုန်းဆက်ကာသောက်နေလိုက်သည်။
"ငါမင်းကိုမေ့ပြစ်တော့မယ်နေညိုသွင်.."
နှုတ်မှထွက်တယ်ဆိုရုံမျှသာပြောလိုက်ပြီးဘုန်းထပ်၍သောက်တော့လူကမမှောက်ရုံတမယ်မျှသာခေါင်းထူးနိုင်ရုံအထိဖြစ်နေ၍ဘုန်းအိမ်ပြန်ဖို့ဆုံးဖြတ်ကာထလာတော့..
"အကို..ရရဲ့လားဗျ.."
ဘုန်းလဲတော့မလိုဖြစ်သွား၍စောစောကကောင်လေးကလာကာထိန်းထားလို့သာဘုန်းလဲမသွားခြင်းဖြစ်သည်။
"ငါဘာသာငါသွားနိုင်တယ်.."
"ဖြစ်ပါ့မလားအကိုရဲ့..ကျွန်တော်လိုက်ပို့ပေးမယ်လေ.."
"မလိုပါဘူး.."
ဘုန်းထိုကောင်လေးရဲ့လက်တွေကိုဖြုတ်ပြစ်လိုက်ကာသူဘာသာသူလျှောက်ရန်ပြင်တော့ဘယ်လိုမှမရပ်နိုင်တော့၍ကောင်လေးကသူ့ကိုပြန်တွဲကာ...
"ကျွန်တော်လိုက်ပို့ပေးပါ့မယ်.."
ဘုန်းဘယ်လိုမှမဖြစ်၍သူ့ရဲ့စကားကိုလက်ခံလိုက်တော့သည်။
ကောင်လေးကဘုန်းကိုတွဲကာဆိုင်ထဲမှထွက်လာပြီးတက္ကစီငှါးလိုက်သည်။
"ဟေး..ခဏ..သူဌေး..ဘယ်လိုဖြစ်တာလဲ.."
ထိုစဉ်နေညိုရောက်လာကာဘုန်းကိုတွဲထားတဲ့ကောင်လေးရဲ့လက်ကိုဖြုတ်ချလိုက်ကာသူတွဲထားလိုက်သည်။
"ဘယ်သူလဲ..ငါ့ကိုဘယ်သူကသူဌေးလို့ခေါ်တာလဲ.."
"ကျွန်တော်နေညိုသွင်ပါ..အကိုရွှေတောင်ကြားကိုမောင်းပေးပါ.."
နေညိုသူ့ကိုတွဲကာပြောရင်းကားပေါ်တင်ကာတက္ကစီသမားအားပြောလိုက်သည်။
"မင်းဘာလို့လာတာလဲ.."
"သူဌေးမူးနေတယ်..အိပ်ချင်အိပ်လိုက်ပါ.."
"ငါမမူးပါဘူး..ဒီမှာ.ငါအများကြီးထပ်ပြီးသောက်နိုင်သေးတယ်.."
"သူဌေးရယ်..ဘာလို့တစ်ခါမှမသောက်ဖူးတာတွေကိုသောက်ရတာလဲ.."
"ငါဘာသာငါသောက်တာဘာဖြစ်လို့လဲ.."
"သူဌေးအခုလိုမူးနေရင်ကျွန်တော်နဲ့မတွေ့မကောင်းတဲ့လူတွေနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ.."
"အဟင်း..ငါ့ထက်မကောင်းတဲ့သူကလောကမှာရှိသေးလို့လား၊မင်းတောင်ငါ့ကိုမကောင်းဆိုးဝါးလို့မြင်နေတာမဟုတ်လား.."
ဘုန်းပြောကာမှီရင်းမျက်လုံးကိုမှိတ်ထားလိုက်သည်။
"ဟင့်.."
မျက်လုံးမှိတ်ထားရင်းမျက်ရည်များစီးကျလာကာဘုန်းရှိုက်၍ငိုနေတော့နေညို့လန့်သွားရသည်။
"သူဌေး..ဘာဖြစ်လို့လဲ.."
"မင်းငါ့ကိုမထိနဲ့..ငါကမင်းအတွက်မကောင်းဆိုးဝါးတစ်ကောင်လို့မင်းထင်နေတယ်မဟုတ်လား၊ငါ့လိုမကောင်းဆိုးဝါးကောင်ကိုမင်းလာပြီးဂရုစိုက်မနေပါနဲ့.."
"သူဌေးရယ်.ကျွန်တော်သူဌေးကိုမကောင်းဆိုးဝါးလို့မမြင်ပါဘူး.."
"ငါကမင်းရဲ့ချစ်သူကိုသေစေတဲ့သူလေ၊ဟင့်..မင်းငါ့ကိုမုန်းတယ်မဟုတ်လား.."
"ဟင်း..ကျွန်တော်သူဌေးကိုမမုန်းပါဘူး.."
"ဒါဆိုငါ့ဆီကနေဘာလို့ထွက်သွားတာလဲ..အဲဒါငါ့ကိုမုန်းလို့မဟုတ်လား.."
"အဲဒါကတခြားအကြောင်းရှိလို့ပါ..ကျွန်တော်သူဌေးကိုမမုန်းပါဘူး.."
သူကမမုန်းဘူးဆို၍မူးပြီးငိုနေတဲ့ဘုန်းတိတ်လို့သွားသည်။နောက်နေညို့အားမော့ကြည့်ကာ..
"ငါမင်းကိုချစ်..အွင်း..အွင်း.."
ဘုန်းပြောလာမဲ့စကားကိုသိ၍နေညိုသူ့ရဲ့ပါစပ်အားပိတ်ထားလိုက်သည်။အကြောင်းမှာကားသမားသိသွားမှာစိုး၍။
ဒါကလဲနာမည်ကြီးကုမ္ပဏီပိုင်ရှင်မင်းဘုန်းနေရဲ့သိက္ခာကိုထိခိုက်မှာစိုး၍သာ..
"ဘာလုပ်တာလဲ.."
"ရှေ့ဆိုရောက်နေပြီ၊ကားဆရာမြန်မြန်လေးမောင်းပေးပါ.."
နေညိုစကားကိုလွှဲကာပြောလိုက်ခြင်းဖြစ်သလိုတကယ်လဲသူ့ရဲ့အိမ်ကိုရောက်ခါနီးနေပြီမို့နေညိုပြောလိုက်ခြင်းသာ..
အိမ်ရှေ့ရောက်တော့ကားကိုရပ်ခိုင်းလိုက်ပြီးနေညိုသူ့ကိုဆင်းရန်ပြောတော့..
"ဟင်..မဆင်းပါဘူး..ကားဆရာ..ကျွန်တော်ဒီမှာမဆင်းဘူး၊နေညိုရဲ့အိမ်မှာပဲဆင်းမှာ.."
"သူဌေး..ဒါသူဌေးအိမ်လေ..ရောက်နေပြီ.."
"မဆင်းပါဘူးဆို..နေညိုသွင်..ငါ့ကိုမင်းမမုန်းဘူးဆိုတာသေချာရင်ငါ့ကိုမင်းရဲ့အိမ်ကိုခေါ်သွား..ငါမင်းရဲ့အိမ်ကိုလိုက်မယ်၊အဟီး.."
"ဘယ်လိုလဲ..အချိန်ကြာတယ်ဗျ၊ကျုပ်ကားထပ်ပြီးဆွဲရအုံးမှာ.."
ဘုန်းကရစ်ကာနေတော့နေညိုစိတ်ညစ်သွားပြီးကားဆရာကလဲပြောနေတာနဲ့ခေါ်သွားရန်ဆုံးဖြတ်လိုက်ကာကားပေါ်ပြန်တတ်ပြီးသူ့နေတဲ့တိုက်ခန်းကိုညွှန်ကာမောင်းခိုင်းလိုက်သည်။
"သူဌေးရောက်ပြီဆင်းတော့.."
"ဟာ..မင်းနေတာဒီလမ်းမဟုတ်ပါဘူး၊ဘာလဲငါ့ကိုညာပြောပြီးဒီမှာထားခဲ့မလို့မဟုတ်လား.."
"မဟုတ်ပါဘူးသူဌေးရာ..ဒီမှာကျွန်တော်တို့ပြောင်းနေတာကြာပြီ.."
"ဟင်..ဟုတ်လို့လား..ငါ့ကိုလိမ်နေတာမဟုတ်လား.."
"ဆင်းမှာဆိုဆင်းဗျာ..အချိန်ကြာတယ်.."
"ဟုတ်..ဟုတ်ကဲ့ပါ..ဆင်းပါသူဌေးရာ..လာ.."
ကားဆရာကပြောနေတာနဲ့ဘုန်းကိုနေညိုတွဲကာဆင်းခိုင်းလိုက်တော့ဘုန်းကသူ့ကိုဖက်ထားကာသူ့ကိုကြည့်လို့နေသည်။ထိုအတူနေညိုကလဲသူ့ကိုကြည့်လို့နေ၏။
"ဘယ်လိုလူတွေမှန်းမသိဘူး.."
ကားဆရာကပြောကာကားကိုမောင်းထွက်သွားသည်။သို့ပေမဲ့သူတို့ကြားနိုင်မယ်မထင်ပါ။
"ငါမင်းကိုချစ်တယ်.."
"အဟင်း.."
"တကယ်ပြောတာ..ငါမင်းကိုအရမ်းချစ်တယ်၊ငါအိပ်ချင်နေပြီ၊ဒါမင်းအိမ်ဆို.အိပ်လို့ရပြီလား.."
"ဟာ..မအိပ်နဲ့လေ..ဒါကလမ်းဘေးကြီး၊ကျွန်တော်အိမ်ကငါးလွှာမှာ.."
အိနြေ္ဒရှင်သူဌေးကြီးဦးမင်းဘုန်းနေကမူးနေတော့အရူးတစ်ယောက်လိုပြောချင်တာတွေပြောနေပြီးလုပ်ချင်တာတွေလုပ်ကာလမ်းဘေးမှာအိပ်ရန်ပြင်နေ၍နေညိုပြောလိုက်ရသည်။
"ငါအိပ်ချင်နေပြီ.."
တကယ်လဲဘုန်းမျက်လုံးမဖွင့်ပဲအသံလေးလေးကြီးနဲ့ပြောနေ၍အိပ်ချင်နေတဲ့ပုံ။
ဒါကြောင့်နေညိုသူ့ကိုခြင်းပိုးပြီးခေါ်ရန်ပြင်လိုက်ကာသူ့ရှေ့ကုန်းလိုက်ပြီး..
"တတ်.."
"ဟင်.."
"ကျောပေါ်တတ်လို့.."
"မတတ်ပါဘူး.ငါကိုယ်ကအလေးကြီး၊မင်းငါ့ကိုမကျေနပ်ပဲလုပ်ပေးရမှာကိုငါမခိုင်းချင်ဘူး.."
"တတ်မှာတတ်ပါသူဌေးရာ..ညောင်းနေပြီ.."
"ဒါဆိုကျေကျေနပ်နပ်နဲ့လုပ်ပေးတာလား.."
"ဟုတ်တယ်..တတ်မှာသာတတ်ပါ.."
နေညိုစိတ်မရှည်ကာပြောလိုက်တော့မှဘုန်းရယ်ကာသူ့ရဲ့ကျောပေါ်သို့တတ်လိုက်သည်။ဒီတော့မှနေညိုကွန်ဒိုထဲသို့ဝင်လာကာဓာတ်လှေကားမှတဆင့်သူတို့အခန်းဆီသို့ဘုန်းကိုကျောပိုးကာလာခဲ့သည်။
"နေညို.."
"ဘာလဲ.."
"မင်းရဲ့ကျောပြင်ကြီးကနွေးလိုက်တာ၊ငါ့ရဲ့သူငယ်ချင်းကျောပြင်ကြီးအတိုင်းပဲ.."
ဘုန်းရဲ့စကားကြောင့်နေညိုဘယ်သူငယ်ချင်းလဲဆိုတာကိုစဉ်းစားလို့နေလိုက်သည်။
"နေညို.."
"ဘာလဲ.."
"မင်းငါ့ကိုမချစ်ဘူးလား.."
"..."
"ငါမေးနေတယ်လေ.."
"သူဌေးမူးနေပြီ၊အိပ်ပြီးသာလိုက်ခဲ့စမ်းပါ.."
"ငါမင်းကိုအရမ်းချစ်တယ်.."
ဘုန်းရဲ့အသံကနေညိုကြားရုံမျှသာဖြစ်ပြီးပြောကာဘုန်းသူ့ရဲ့ကျောပြင်ကိုမှီရင်းအိပ်ပျော်ကာသွားတော့သည်။
နေညိုကတော့သူ့ရဲ့ကျောပြင်မှဘုန်းရဲ့လေမှုတ်သံလေးကိုနားထောင်ရင်းသူ့ရဲ့အခန်းသို့လျှောက်လာခဲ့သည်။
"မင်းမူးနေတာကချစ်ဖို့ကောင်းတယ်မင်းဘုန်းနေ.."

YOU ARE READING
နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completed
RomanceUnicode နေညိုသွင် "ငါမင်းကိုအရမ်းမုန်းတယ်...ငါအရမ်းချစ်ရတဲ့ငါ့ချစ်သူကိုလူ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပြီးငါနဲ့ခွဲခဲ့တဲ့မင်းကို..ငါတသက်လုံးခွင့်မလွတ်ဘူး..." မင်းဘုန်းနေ "ငါမင်းကိုလက်လွှတ်လိုက်တာမဟုတ်ဘူးနေညိုသွင်... မင်းကိုလွတ်လပ်ခွင့်ပေးလိုက်တာ... ငါ့ကိုမ...