Part 12

3.5K 172 2
                                    

Unicode

"ဒုန်း..ဒုန်း.."
"ဘုန်း..နင်ဘာဖြစ်လာတာလဲ၊သူ့ကိုသွားခေါ်ပြီးပြန်လာကတည်းကအခန်းထဲဝင်သွားတာအခုထိထွက်မလာဘူး၊ဘုန်း.တံခါးဖွင်ပေးဟာ၊ငါစိတ်ပူနေပြီ.."
အခန်းပြင်မှတံခါးကိုထုကာဘုန်းအားပြောနေတဲ့ကြည့်ကြည့်ကြောင့်ဘုန်းအိပ်ယာထက်မှထကာတံခါးဖွင့်ပေးလိုက်သည်။
သူတို့ဆီကပြန်လာကတည်းကဘာမပြောညာမပြောနဲ့ဘုန်းအခန်းထဲဝင်သွားတော့ကြည်ကြည်တံခါးဖွင့်ပေးဖို့ပြောပေမဲ့တစ်ယောက်ထဲနေချင်တယ်ဆို၍ကြည်ကြည်မပြောတော့ပဲထားခဲ့ရာအခုဆိုရင်ညနေကိုရောက်နေပြီမို့ကြည်ကြည်ဘာဖြစ်လာတယ်ဆိုတာသိချင်၍အတင်းကိုပြောနေတော့ဘုန်းတံခါးဖွင့်ပေးလိုက်ရသည်။
"ဘုန်း..နင်ဘာဖြစ်နေတာလဲ.."
"ဘာမှမဖြစ်ပါဘူး.."
"ဘုန်း..ငါ့ကိုအဲလိုပြောလိုက်ရုံနဲ့ပြီးသွားမယ်လို့ထင်လို့လား၊ဘာဖြစ်လာတာလဲ.."
"....."
ကြည်ကြည်မေးလိုက်ပေမဲ့ဘုန်းဘာမှပြန်မဖြေပဲကုတင်ပေါ်၌ငူငူကြီးသာထိုင်လို့နေသည်။ဒီတော့ကြည်ကြည်သူ့ရဲ့ရှေ့မှထိုင်ကာသူ့ရဲ့မျက်နှာကိုသေချာကြည့်တော့ထူးထူးခြားခြားဘုန်းရဲ့မျက်ဝန်းတွေစိုစွတ်နေ၍ငိုထားတာလားလို့ထင်လိုက်မိ၍..
"ဘုန်း.နင်ငိုထားတာလား..ဟုတ်ပါတယ်၊နင်ငိုထားပါတယ်၊ပြောစမ်းပါဘုန်းရယ်ငါရင်တုန်လိုက်တာ.."
တစ်ခါမှမငိုဖူး၍ယခုတစ်ခါငိုသည့်အထိဖြစ်ခဲ့တာကဘာကြောင့်လဲဆိုတာသိချင်သွားသည်။
"ငါဘာမှမဖြစ်ပါဘူး.."
"ဘာမှမဖြစ်ဘူးလို့ပြောတော့ငိုထားတာကဟုတ်တယ်ပေါ့..ဘုန်းဘာဖြစ်လာတာလဲ.."
ကြည်ကြည်ကအတင်းကြီးကိုမေးနေတော့ဘုန်းသူကြားခဲ့တာကိုကြည်ကြည့်အားပြောပြလိုက်ရင်း..
"ငါသူ့ကိုအဲလိုသဘောနဲ့လုပ်ခဲ့တာမဟုတ်ပါဘူးကြည်ကြည်ရယ်၊ငါသူ့အပေါ်မှာမတရားဘူးလို့နင်ထင်လားဟင်၊သူငါ့ကိုမုန်းနေတယ်ကြည်ကြည်ရဲ့.."
"အဲဒါကိုနင်အခုမှသိတာလားဘုန်း၊သူအစကတည်းကနင့်ကိုမုန်းတယ်လို့ပြောထားတာပဲ၊နင်သူ့အပေါ်မှာတရားသလားမတရားဘူးလားဆိုတာကာယကံရှင်ဖြစ်တဲ့သူကိုယ်တိုင်ပြောလိုက်တဲ့နောက်ငါဖြေဖို့မလိုတော့ဘူး.."
"ဟုတ်ပါတယ်ကြည်ကြည်ရယ်၊ဒါပေမဲ့ဟာ..အခုရက်ပိုင်းတွေမှာသူငါ့အပေါ်ကောင်းခဲ့တော့ငါတမျိုးထင်ခဲ့မိတယ်၊ဒါတွေကသူငါ့ကိုမကျေနပ်ပဲပြုံးပြနေရတာဆိုတာကိုငါသိရတော့ငါအရမ်းနာကျင်ရတယ်ကြည်ကြည်ရယ်.."
"ဘုန်းရယ်..နင့်အသဲနဲ့စိတ်ကိုသံမဏိလားလို့ငါထင်ခဲ့ရလောက်အောင်နင်မာကြောခဲ့တာပါ၊မျက်ရည်ဆိုတာနင့်အတွက်မဟုတ်ဘူးလိုကိုငါထင်ခဲ့မိတာ၊မိဘအရင်းအချာတွေနဲ့မနေရလဲဝမ်းမနည်းပဲဘဝကိုအကောင်းဆုံးဖြတ်လျှောက်ခဲ့တဲ့နင်ကအခုတော့ဘာမဟုတ်တာလေးအတွက်နဲ့တင်အလူးအလဲဖြစ်နေပါလား.."
"ဘာကိုဘာမဟုတ်တာလဲ၊ငါသူ့အပေါ်ဘယ်လိုသဘောထားတယ်ဆိုတာနင်အသိပါ၊ငါ့ဘဝမှာဘယ်သူ့ကိုမှအဲလောက်မချစ်ဖူးခဲ့ဘူး၊ငါသူ့ကိုငါ့အနားမှာအမြဲရှိနေစေချင်လို့ငါအဲလိုကြံစည်ခဲ့တာပါ၊ငါသူ့ကိုပညာပေးဖို့ဆိုပြီးဘယ်လောက်ပဲငါပြောခဲ့ပါစေငါသူ့ကိုဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာသူသိသင့်ပါတယ်ဟာ.."
"အေးပါ..ငါနင့်ကိုသူ့ကိုကြိုက်ဖို့ငါပြောခဲ့မိတယ်၊ဒါပေမဲ့ငါမဆင်မချင်ပြောခဲ့မိတာပါ၊တကယ်တော့နင်နဲ့သူကမဖြစ်နိုင်ဘူးဘုန်း၊သူကနင့်ကိုအမုန်းဓာတ်ခံရှိနေတယ်၊ဒီထက်နင်ပိုပြီးခံစားရမှာကိုငါမမြင်ချင်ဘူးဘုန်း၊နင်သူ့ကိုလက်လွှတ်နိုင်ရင်.."
"ဟင့်အင်.ကြည်ကြည်၊ငါသူ့ကိုလက်မလွှတ်နိုင်ဘူး.."
"နင်သူ့ကိုချစ်တယ်ဆို၊သူနင့်ဆီမှာနေရတာကအကျဉ်းကျနေသလိုခံစားနေရတယ်ဆိုရင်နင်အချစ်ကဘာလဲ၊နင်သူ့ကိုချစ်တယ်ဆိုရင်သူစိတ်ချမ်းသာမှုကိုလိုက်လျောပေးရမှာပေါ့၊ငါပြောတာကနင့်ကိုအပြီးအပိုင်လက်လွှတ်ဖို့ပြောတာမဟုတ်ပါဘူး။သူစိတ်ချမ်းသာမှုကိုပေးပြီးသူနင့်ကိုကျေနပ်သွားအောင်လုပ်ပြီးမှနင့်ကိုကြိုးစားစေချင်တာ၊နင်နားလည်ပါတယ်နော်.."
ကြည်ကြည်ရဲ့စကားကြောင့်ဘုန်းတွေဝေလို့သွားကာ..
"ဒါဆို..ငါဘာဆက်လုပ်ရမလဲကြည်ကြည်.."
"သူ့ကိုလွှတ်လပ်ခွင့်ပေးလိုက်ပါ၊သူနင့်ဆီကထွက်သွားချင်တယ်ဆိုရင်သူ့ဆန္ဒကိုလိုက်လျောပေးလိုက်ပါ.."
"ဒါဆိုငါ့အနားသူမရှိတော့ဘူးပေါ့.."
"နင်လုပ်နိုင်ရမယ်ဘုန်း၊နင်ဆိုတာငါ့ရဲ့စံပြပုဂ္ဂိုလ်ပဲ၊ဒီလောက်လေးကိုတော့နင်လုပ်နိုင်ရမယ်၊နောက်မှတမျိုးထပ်ပြီးစီစဉ်တာပေါ့၊ကဲအခုတော့နေချိုသွားပြီ၊ကမ်းခြေမှာသွားဖို့အားလုံးအဆင်သင့်ဖြစ်နေကြပြီ..အဝတ်အစားလဲပြီးထွက်လာခဲ့တော့.."
"...."
"အခုထတော့.."
ကြည်ကြည်ကသူ့ကိုအတင်းပြောနေတော့ဘုန်းထိုင်နေရာမှထကာဘီရိုအားဖွင့်ကာအဝတ်အစားထုတ်လိုက်သည်။
ကြည်ကြည်ကပြောကာထွက်သွားကာအောက်မှာရုံးကလူတွေနဲ့ဘုန်းကိုစောင့်လို့နေသည်။
ဘုန်းကအဝတ်အစားမလဲခင်ရေချိုးခန်းထဲဝင်သွားကာမျက်နှာကိုသစ်လိုက်ပြီးမှန်ကိုကြည့်လိုက်ရင်း..
"ငါမင်းကိုလွတ်လပ်ခွင့်ပေးရမယ်.."
"မင်းလုပ်နိုင်မှာလား၊မင်းအနားမှာသူမရှိပဲမင်းနေနိုင်လို့လားမင်းဘုန်းနေ.."
"ငါလုပ်နိုင်တယ်၊မလုပ်နိုင်လဲလုပ်နိုင်ရမယ်၊ငါကတစ်ယောက်ထဲပဲရှိတဲ့မင်းဘုန်းနေလေ.."
"ဟင်း..."
ဘုန်းမှန်ကိုကြည့်ကာသူ့ကိုယ်သူမေးကာဖြေရင်းလေပူတစ်ချက်ကိုမှုတ်ထုတ်ပြစ်လိုက်သည်။မျက်နှာကိုသုတ်ကာနေရောင်ခြည်ကာခရင်ကိုလိမ်းပြီးအဖြူရောင်စွပ်ကျယ်လေးပေါ်၌အပြာရောင်ရှပ်အင်္ကျီကိုကြယ်သီးမတပ်ပဲထားကာအောက်မှဒူးလောက်ပဲရှည်တဲ့ဘောင်းဘီအတိုကိုဝတ်လိုက်သည်။
သူ့ရဲ့စိတ်ကိုတင်းလိုက်ကာမင်းဘုန်းနေဆိုတဲ့အသွင်အပြင်ကိုဖမ်းလိုက်ကာမျက်နှာထားအားတင်းထားလိုက်သည်။
နောက်ပြီးအခန်းထဲမှထွက်လာကာသူ့ကိုစောင့်နေကြတဲ့အဖွဲ့သားတွေဆီသို့လာခဲ့သည်။အားလုံးကလွတ်လပ်တဲ့free styleနဲ့ဘုန်းရဲ့ဖက်ရှင်ကိုမြင်တော့အံ့ဩလို့နေကြသည်။အလုပ်မှာပဲမျက်နှာထားတင်းတင်းကုတ်အင်္ကျီနဲ့ဘောင်းဘီအရှည်ကိုသာတွဲဝတ်ဖူးတာမြင်ဖူးကြတော့ယခုလိုဖက်ရှင်နဲ့ဘုန်းကိုမြင်တော့အံဩလိုနေကြသည်။
"ဝါး..CEOအရမ်းကိုကြည့်လို့ကောင်းနေတယ်.."
မင်းဥဩကပြောတော့ဘုန်းပြုံးပြလိုက်သည်။တကယ်လဲဘုန်းကြည့်လိုကောင်းနေပါသည်။ဖြူဖွေးလှတဲ့အသားအရေနဲ့အဝတ်အစားကလိုက်ဖက်လွန်းကာလူငယ်တစ်ယောက်အသွင်လွတ်လပ်စွာချစ်ဖို့ကောင်းနေသည်။
"လူစုံပြီဆိုသွားတာပေါ့.."
"ငါတို့ရောလိုက်လို့ရမလား..."
ဘုန်းရဲ့စကားအဆုံးမှာနောက်မှထွက်ပေါ်လာတဲ့စကားသံကြောင့်ဘုန်းအပါအဝင်အားလုံးလှည့်ကြည့်လိုက်ရာရောင်နီဦးကဦးဆောင်လာပြီးဘေးမှာကနေညိုနဲ့ဖိုးစိုင်း..
ရောင်နီဦးပါလာတဲ့ရုံးကကောင်မလေးတွေကသဘောကျနေကျကာအတူလိုက်ဖို့ခေါ်ချင်နေကြသည်။
"ဘယ်လိုလဲမင်းဘုန်းနေ..ငါတို့မင်းနဲ့အတူလိုက်လို့ရမလား.."
"ရောင်နီဦး..ဒါကရုံးကလူတွေကိုပျော်ပွဲလုပ်ပေးတာဖြစ်လို့ငါ့မှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊အားလုံးကသဘောတူရင်လိုက်ခဲ့၊မတူရင်တော့ဘာလုပ်ရမယ်မင်းသိမှာပါ.."
နေညိုစကားကိုခပ်တင်းတင်းပဲပြောလိုက်သည်။ဒီတော့ရောင်နီကအားလုံးကိုပြုံးပြကာ..
"ဘယ်လိုလဲ..ကျွန်တော်လိုက်လို့ရလား.."
"ရပါတယ်.."
"လိုက်ခဲ့ပါ.."
ဆိုပြီးအားလုံးရဲ့အဖြေကတစ်ခါတည်းသာဖြစ်နေကြသည်။ဒီလောက်နာမည်ကြီးတဲ့မင်းသားကိုဘယ်လိုလူကများငြင်းမှာမို့လဲ။
ဒါကြောင့်သူတို့သုံယောက်ရောပါသူတို့နဲ့လိုက်ရန်ဖြစ်လာ၍ကြည်ကြည်ကဘုန်းအနားသို့လာခဲ့သည်။
"နင်ဖြစ်ရဲ့လား.."
"ဘာလို့လဲ.."
"သူတို့ကြည်နေကြလို့လေ၊နင်သတိထားမိလားသူတို့ကအရမ်းရင်းနီးတဲ့သူတွေလိုပဲနော်.."
နေညိုကရောင်နီကိုရယ်ပြလိုပြုံးပြလိုက်နဲ့စကားတပြောပြောနဲ့ပါလာ၍ပြောခြင်းဖြစ်သည်။
"နောက်ပြီးသူတို့လည်ပင်းကိုသေချာကြည်စမ်း၊ဆင်တူဆွဲကြိုးလေးတွေနဲ့၊တခုခုတော့တခုခုပဲ.."
"ကြည်ကြည်..ငါ့ကိုအသေသတ်နေတာတော့မဟုတ်ပါဘူးနော်.."
"အဟင်း..ငါကမြင်တာပြောတာ၊ဘုန်းနင့်ဆီမှာလဲအဲလိုဆွဲကြိုးရှိတယ်မဟုတ်လား.."
"အင်း..ဘာလို့လဲ.."
"ဘာမှမဖြစ်ပါဘူး၊တူလို့မေးကြည့်တာ.."
အတူတူသာလာခဲ့ပေမဲ့ဘုန်းနဲ့ကြည်ကြည်ကနောက်ဆုံးမှစကားပြောဆိုကာလိုက်လာခဲ့ပြီးနေညိုတို့သုံးယောက်ကရှေ့ကနေရယ်မောကာသွားနေကြသည်။
"ကဲ..ဒီနေရာမှာစခန်းချမယ်၊ဟိုမှာရေပြင်ကိုမြင်နေရပြီဆိုတော့ရေကစားချင်တဲ့သူသွားကစားကြပါ၊ဗိုက်ဆာရင်ဒီမှာရိက္ခာအပြည့်ပါတယ်.."
သစ်ပင်တစ်ပင်အောက်ရောက်တော့ကြည်ကြည်ကအားလုံးကိုပြောလိုက်သည်။အားလုံးကလဲရေပြင်ကိုကြည့်ကာပျော်ရွှင်နေကြပြီဖြစ်ကာသူတို့အထုတ်တွေကိုချကာရေပြင်ဆီသို့ပြေးသွားကြတဲ့သူတွေကပြေးလို့သွားကြသည်။
"ဝိုင်းလေ..မင်းသွားကစားမှာလား.."
နေညိုရောင်နီကိုဝိုင်းလေးလို့ခေါ်တဲ့အတွက်အားလုံးကဘယ်သူ့ကိညပြောနေတာလဲလို့တောင်တွေးနေကြပေမဲ့ရောင်နီကပြန်ဖြေ၍ရောင်နီကိုပြောနေတယ်ဆိုတာသိလိုက်ရသည်။
"ဒါပေါ့၊ဒီရက်လေးမှာလွတ်လပ်တာ၊မင်းကရော."
"ငါ့သူဌေးဆီကခွင့်ပြုချက်တောင်းလိုက်အုံးမယ်..သူဌေး.."
"....."
နေညိုကပြော၍ဘုန်းဆီသို့လာကာခေါ်တော့ဘုန်းမော့ကြည့်လိုက်သည်။
"ကျွန်တော်ရေကစားသွားချင်လို့.."
"....."
ဘုန်းခေါင်းညိတ်၍သာပြန်ဖြေလိုက်သည်။ဒီတော့နေညိုကသူတို့အနားမှသွားကာရောင်နီနဲ့ရေပြင်ဆီသို့သွားကြသည်။
"ဘုန်း..ရောင်နီ့ကိုဘာလို့ဝိုင်းလေးခေါ်တာလဲမသိဘူး.."
"ငါဘယ်သိမှာလဲ.."
ကြည်ကြည်ကလာမေးတော့ဘုန်းဘာမှမဖြစ်သလိုပြန်ဖြေလိုက်သည်။
တကယ်တော့သူတို့ရင်းနီးနေကျလို့သာထိုသို့ခေါ်တယ်ဆိုတာနားလည်လိုက်သည်။
"မသိရင်သူတို့ကငယ်သူငယ်ချင်းတွေလိုလိုဘာလိုလိုနဲ့၊အမြင်ကိုကတ်တယ်.."
"သူတို့ကငယ်သူငယ်ချင်းတွေတဲ့.."
နေရစ်တဲ့ဖိုးစိုင်းကဝင်ပြောတော့ဘုန်းနဲ့ကြည်ကြည်ရဲ့အကြည့်တွေကဖိုးစိုင်းဆီရောက်လို့သွားသည်။
"ဪ.ကိုဖိုးစိုင်း..ထိုင်လေဗျာ.."
"ဟုတ်ကဲ့သူဌေး.."
"သူဌေးလို့မခေါ်ပါနဲ့ဗျာ၊ကျွန်တော့်ကိုရင်းရင်းနီးနီးပဲနာမည်ကိုခေါ်ပါ.."
"ဟုတ်ကဲ့ပါ.."
"ကိုဖိုးစိုင်းကသူတို့အကြောင်းဘာသိထားလို့လဲ.."
ကြည်ကြည်ကမေးလိုက်သည်။
"သူတို့ကငယ်ငယ်ကတည်းကခင်ခဲ့ကြတဲ့သူတွေလေ၊ကွဲသွားကြတာအခုမှပြန်တွေကြတဲ့သူငယ်ချင်းတွေပါ.."
"ဪ.."
"နေညိုကသူ့ကိုလိုက်ရှာနေတာကြာပြီဗျ၊သူ့ကိုသံယောဇဉ်လဲသိပ်ကြီးတာ၊အခုပြန်တွေ့တော့သူတို့ပျော်နေမှာပေါ့.."
ဖိုးစိုင်းကပြောကာရေထဲမှာဆော့နေကြတဲ့သူတို့ကိုကြည့်နေလိုက်သည်။ထို့အတူဘုန်းလဲသူတို့ကိုကြည့်နေမိသည်။
နှစ်ယောက်လုံးရဲ့ရင်ထဲမှာအပူကိုယ်စီနဲ့အပူမတူပေမဲ့ပူတာခြင်းအတူတူ။
"ကဲပါ..နင်တို့ကရောရေမကစားဘူးလား၊ဘုန်းနင်ဝတ်လာတာတော့အမိုက်စား၊ဒီမှာဒီလိုပုန်းနေဖို့လား၊လာ.ထ.ငါတို့လဲသွားကြမယ်.."
"ဟင်.အေး.သွားတာပေါ့၊ကိုဖိုးစိုင်းလဲလာလေ၊အတူသွားရအောင်.."
"အင်း.."
ပြောကာသူတို့အတူတူထွက်လာခဲ့ကြသည်။
ကမ်းစပ်ကိုရောက်တော့ရေထဲမှာပျော်ရွှင်နေကြတဲ့နေညိုနဲ့ရောင်နီကိုမြင်တော့ဘုန်းခြေလှမ်းတွေရပ်သွားကာသူတို့ကိုကြည့်နေမိသည်။
"ဘုန်း..လာလေ.."
"အင်း.."
ကြည်ကြည်ကဆွဲခေါ်သွားတော့ဘုန်းရေထဲကိုပါလို့သွားသည်။ကြည်ကြည်ကရေနဲ့ပတ်တော့ဘုန်းအေးသွားကာပြုံး၍ကြည်ကြည်အားပြန်ပတ်သည်။
နောက်ဖိုးစိုင်းကိုလဲဘုန်းရေနဲ့ပတ်လိုက်တော့ဖိုးစိုင်းကလဲသူတို့အားရေနဲ့ပြန်ပတ်သည်။
နောက်တော့ဖိုးစိုင်းနဲ့ဘုန်းတိုင်ပင်ပြီးကြည်ကြည်အားဝိုင်းပွေ့ကာရေထဲပစ်ချတော့ကြည်ကြည်ကသူတို့ကိုလိုက်၍လုပ်တော့သူတို့ထွက်ပြေးကြသည်။
ကြည်ကြည်ကဖိုးစိုင်းကိုစည်းရုံးကာဘုန်းကိုထိုသို့လုပ်ရန်ပြင်နေကြတော့ဘုန်းရေထဲပြေးလို့သွားသည်။
ပြေးရင်းနဲ့ဘုန်းရေနက်ပိုင်းထဲကိုရောက်လို့သွားကာခြေထောက်မှကြွက်သားတတ်နေ၍သူတို့ဆီကိုပြန်လာဖို့လုပ်တော့ခြေထောက်ကလှုပ်မရတော့၍ဘုန်းရေထဲမှာနစ်လို့လာသည်။
"ဟင်..ဘုန်းရေနစ်နေပြီထင်တယ်.."
ကြည်ကြည့်စကားကြောင့်အားလုံးစိတ်ပူသွားကြကာကြည့်တော့ရေထဲမှာမြှတ်ချည်ပေါ်ချည်ဖြစ်နေတဲ့ဘုန်းကိုမြင်တော့နေညိုသူ့ဆီသို့ကူးခတ်လို့သွားသည်။
အကုန်လုံးကလဲဘုန်းအတွက်စိတ်ပူနေကြကာနေညိုဘုန်းကိုကယ်ဆယ်နိုင်ဖို့ကိုပဲဆုတောင်းနေကြသည်။
နေညိုကတော့ဘုန်းကိုစိတ်ပူကာရေထဲမှာအမြန်ပဲကူးသွားနေသည်။
ရေထဲမှာဆုန်ချည်ဆန်ချည်နဲ့ဘယ်လိုမှကူးမရတော့ပဲရေထဲမှနစ်နေ၍ဘုန်းကြောက်ရွံစိတ်ဖြစ်ပေါ်လို့လာသည်။
"ငါသေရတော့မှာလား..."
"ငါ့ကိုဘယ်သူမှလာမကယ်ကြတော့ဘူးလား.."
"ငါဒီလိုနဲ့တော့မသေချင်သေးဘူး.."
"ငါ..ငါသူ့ကိုချစ်တယ်လို့ပြောချင်သေးတယ်.."
"နေညို..မင်းငါ့ကိုလာကယ်လှည့်ပါ.."
"ငါမသေချင်သေးဘူး.."
ဘုန်းရေထဲမှာတဖြည်းဖြည်းနစ်လို့သွားကာမျက်လုံးကိုမှိတ်ထားရင်းစိတ်ထဲမှစကားများကိုပြောနေမိသည်။
တဖြည်းဖြည်းနဲ့သူ့ရဲ့အာရုံတွေက...ဟိုတစ်နေရာသို့ရောက်လို့သွားသည်။...
အဲဒီမှာကလေးနှစ်ယောက်သစ်ပင်ကြီးရဲ့အောက်မှာဆော့ကစားနေကြတယ်။သူတို့ကြည့်ရတာအရမ်းခင်နေကြပြီးညီအကိုအရင်းသဖွယ်ချစ်ခင်ကြသည်။
သူတို့ကဘယ်သူတွေလဲ...
ဘုန်းမြင်နေရပေမဲ့သူတို့ကိုဘုန်းမသိပါ။...
အာရုံတွေလွင့်ကာရေထဲနစ်နေတဲ့ဘုန်းကိုနေညိုမြင်သွားကာဆွဲခေါ်လာရင်းကမ်းစပ်ကိုပြန်ကူးလို့လာခဲ့သည်။
"ဘုန်း..ဘုန်း..ထပါအုံး."
သတိမေ့နေတဲ့ဘုန်းကိုမြင်တော့ကြည်ကြည်အော်ခေါ်ကာမျက်ရည်တွေကျလာခဲ့သည်။နေညိုကတော့ရေထဲမှာအကြာကြီးအသက်အောင့်ထားရ၍မောနေကာအသက်ကိုပြင်းပြင်းရှူနေသည်။
နောက်ဘုန်းကိုကြည့်ကာကိုယ်ထဲဝင်နေတဲ့ရေတွေကိုထွက်သွားရန်ရင်ဝကိုလက်နှစ်ဖက်နဲ့ဖိကာရှေးဦးသူနာပြုနည်းနဲ့ကုသနေပေမဲ့ရေတွေကထွက်မလာ..
"သူဌေး..ထပါအုံး.."
နေညိုဖိရင်းနဲ့စိတ်ပူကာပြောနေမိသည်။
သို့ပေမဲ့ဘယ်လိုမှသတိရမလာသလို၊ရေတွေကလဲထွက်မလာ၍နေညိုနောက်ဆုံးနည်းကိုလုပ်ရန်ဆုံးဖြတ်လိုက်သည်။
ထိုနည်းက...
နေညိုသူ့ရဲ့နှာခေါင်းကိုလက်တစ်ဖက်ကပိတ်ထားပြီးကျန်တစ်ဖက်ကပါစပ်ကိုဟထားကာခေါင်းကိုအပေါ်မော့အသက်ကိုပြင်းပြင်းရှူပြီးငုံ့၍နှုတ်ခမ်းချင်းတေ့၍မှုတ်လိုက်သည်။
"ဟင်.."
"အို..."
"ဟာ.."
အံဩသွားကာအားလုံးအာမေဍိတ်ကိုယ်စီထွက်ကာတချို့ကဖုန်းနဲ့ဓာတ်ပုံပင်ရိုက်လိုက်ကြသေးသည်။
"အဟွတ်..အဟွတ်..အဟွတ်.."

နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completedWhere stories live. Discover now