Unicode
ညရောက်တော့နေညိုနေ့ခင်းကဘုန်းပြောတဲ့စကားတွေကိုပြန်ကြားလို့လာသည်။
"ငါ..ငါညက ပြောခဲ့တာတွေကိုမင်းဘယ်လိုသဘောရလဲ.."
"ဟင်.."
"ငါမနေ့ညကမူးပြီးမင်းကိုကြိုက်တယ်လို့ပြောတယ်ဆို၊အဲဒီတော့မင်းငါ့ကိုအထင်မသေးဘူးလား.."
"ဪ..ဒါလား..ဘာအထင်သေးစရာရှိလို့လဲ၊Gayဆိုတာလဲလူပဲလေ၊လူလူချင်းအားလုံးအတူတူပဲ၊ဘာမှအထင်သေးစရာမရှိပါဘူး.."
"ဒါဆိုမင်းကLGBTကိုထောက်ခံတယ်ပေါ့.."
"အင်း.ဒါပေမဲ့မင်းကငါ့ကိုချစ်တယ်ဆိုတော့ငါတကယ်အံဩမိတယ်၊ထန်းရေမူးကျွဲခိုးပေါ်ဆိုတဲ့စကားရှိပေမဲ့အင်းညကပြောတာနောက်နေတယ်လို့ပဲငါထင်တယ်.."
"မဟုတ်ဘူး၊ငါတကယ်ပြောတာ၊ငါမင်းကိုတကယ်သဘောကျတာပါ၊မင်းကိုလွမ်းလွန်းလို့မနေနိုင်ဖြစ်ပြီးငါဘားကိုရောက်သွားတာ၊မင်းကိုမြင်တော့ငါရင်ထဲမှာဖုံးကွယ်ထားတာတွေကပွင့်ထွက်ပြီးငါပြောလိုက်မိတာ.."
ဘုန်းနေညို့ကိုလဲမကြည့်ခေါင်းကိုငုံ့ကာပြောနေတော့နေညိုသူ့စကားတွေကြောင့်အံဩကာကားကိုလမ်းဘေးထိုးရပ်လိုက်သည်။
"သေချာလို့လား၊မင်းပြောနေတာတွေကငါ့ကိုမကြည့်ပဲပြောနေတော့ငါယုံရခက်နေတယ်.."
"တကယ်ပြောတာပါ.."
ဘုန်းမော့ကြည့်ကာပြောတော့နေညိုသူ့ကိုစိုက်ကြည့်နေ၍ပြန်ငုံ့လိုက်သည်။ဒီတော့နေညိုပြုံးလိုက်မိသည်။အင်မတန်အင်မတန်ကိုမှမာနတွေကြီးလှပါတယ်ဆိုတဲ့မင်းဘုန်းနေကအခုတော့ကြောင်ပေါက်လေးတစ်ကောင်လိုမရဲမဝင်ဖြစ်နေသည်။
"ဘာလို့ပြန်ငုံ့သွားတာလဲ..ငါ့ကိုယုံစေချင်ရင်ငါ့ကိုကြည့်ပြောလေ၊မင်းကအဲလိုကြီးပြောနေတော့ငါကနောက်နေတယ်ပဲထင်တာ.."
"ငါမင်းကိုချစ်ပါတယ်ဆို.."
"အဟင်း.."
ဘုန်းကခေါင်းမော့ကာပြောတော့နေညိုရယ်လိုက်မိသည်။နောက်မှ..
"ဟုတ်ပါပြီ..ငါယုံလိုက်ပါ့မယ်.."
"အဲတော့ငါ့ကိုမင်းဘယ်လိုသဘောရလဲ.."
"ငါကGayမှမဟုတ်တာ..ငါ့ဘဝမှာယောင်္ကျားတစ်ယောက်နဲ့ကြိုက်ရမယ်လို့လဲတစ်ခါမှမတွေးဖူးဘူး.."
"ဒါဆို.."
"ငါ့စကားမဆုံးသေးဘူး..ငါ့ကိုစဉ်းစားခွင့်ပေးပါ၊ဘာလို့လဲဆိုရင်ငါလဲမင်းကိုသဘောကျလို့၊ဒါပေမဲ့..ငါမင်းကိုချစ်နိုင်လားဆိုတာကိုငါသေချာပြန်စဉ်းစားချင်တယ်၊ငါ့ကိုအချိန်ခဏလောက်ပေးပါလား.."
"ရတာပေါ့..မင်းတ.တကယ်ပြောတာနော်၊မင်းငါ့ကိုတကယ်စဉ်းစားပေးမှာပါနော်.."
"အင်း..ဒါပေမဲ့၊မင်းလိုချင်တဲ့အဖြေဖြစ်ချင်မှလဲဖြစ်မယ်နော်.ငါယောင်္ကျားလေးတစ်ယောက်ကိုချစ်နိုင်မချစ်နိုင်ကရှိသေးတယ်လေ.."
"အင်းပါ..စဉ်းစားပေးမယ်ဆိုတာနဲ့တင်ကျေနပ်ပြီ၊ငါမင်းကိုတကယ်ချစ်တာကိုယုံပေးပါ.."
"အင်း.."
အပြောင်းလဲကြီးပြောင်းလဲနေတဲ့ဘုန်းရဲ့ပုံစံ၊နေရာတိုင်းမှာရင်ကော့ခေါင်းမော့နေတတ်တဲ့ဘုန်းကအခုတော့သူ့ရဲ့ရှေ့မှာတော့ယုန်သူငယ်လေးတစ်ကောင်လိုဖြစ်နေပုံထောက်ရင်သူငါ့ကိုတကယ်ချစ်လိုပဲပေါ့လို့နေညိုတွေးကာပြုံးလိုက်မိသည်။
တပြိုင်တည်းဆိုသလိုမနေ့ညကအရက်မူးလာတဲ့ဘုန်းကိုလဲပြန်မြင်လာခဲ့သည်။

ŞİMDİ OKUDUĞUN
နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completed
RomantizmUnicode နေညိုသွင် "ငါမင်းကိုအရမ်းမုန်းတယ်...ငါအရမ်းချစ်ရတဲ့ငါ့ချစ်သူကိုလူ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပြီးငါနဲ့ခွဲခဲ့တဲ့မင်းကို..ငါတသက်လုံးခွင့်မလွတ်ဘူး..." မင်းဘုန်းနေ "ငါမင်းကိုလက်လွှတ်လိုက်တာမဟုတ်ဘူးနေညိုသွင်... မင်းကိုလွတ်လပ်ခွင့်ပေးလိုက်တာ... ငါ့ကိုမ...