Part 4

4.7K 214 0
                                    

Unicode

"သူဌေးလေးလာတယ်လား..ကြွပါဗျာ၊ကြွပါ၊မေမေဒီမှာသူဌေးကိုမင်းဘုန်းနေလာတယ်.."
ခြံရှေ့မှာရပ်လိုက်တဲ့ကားကြောင့်ဖိုးစိုင်းထွက်ကြည့်ရာဘုန်းတို့ကိုမြင်၍ဦးကြိုခယပြုကာကြိုဆိုလိုက်ခြင်းဖြစ်သည်။
"ဟေ..ဟုတ်လား.ကြွပါသူဌေးလေ.ကြွပါ.."
ဖိုးစိုင်းအမေကပါသူ့အားကြိုဆိုလိုက်သည်။အိမ်ထဲမှာဆွမ်းသွပ်အတွက်ကူလုပ်ပေးနေတဲ့နေညိုကတော့မင်းဘုန်းနေဆိုတဲ့အသံကြားတာနဲ့တင်မုန်းတီးနေမိသည်။
"ကျွန်တော်လာတာနောက်ကျသွားတယ်ထင်တယ်.."
"ရပါတယ်.သူဌေးမှာလဲအလုပ်တစ်ဖက်နဲ့ဆိုတော့နားလည်ပါတယ်၊သမီးလေးအတွက်ဆွမ်းသွပ်တရားနာပြီးသွားပြီ၊ဧည့်သည်တွေလဲပြန်သွားကြပြီလေ..ဪ.သား.ဖိုးစိုင်း.သူဌေးကိုမုန့်ဟင်းခါးတိုက်အောင်ပြင်လိုက်ပါ.."
"နေပါစေအန်တီ..နေပါစေ.."
"ဘယ်နှယ့်နေရမှာလဲ..သူဌေးလာတုန်းဧည့်ဝတ်ပြုရမှာပေါ့.."
"ဒွေးလေးမြကလဲ.သူကသူဌေးလေ၊ဆွမ်းသွပ်အိမ်ကအစားအစာမို့မသတီလို့မစားတာနေမှာကိုဇွတ်ကျွေးနေတယ်.."
အိမ်နောက်ဖေးမှအိုးခွက်တွေဆေးကြောရာမှထွက်လာကာနေညိုသူ့အားခတ်၍ပြောတော့ဘုန်းသူ့ကိုမော့ကြည့်လိုက်သည်။
"ဒုန်း..ဒုန်း..ဒုန်း..ဒုန်.."
"ဟင်.."
ရုတ်တရက်ဆိုသလိုမြန်ဆန်လာတဲ့ရင်ခုန်နှုန်းကြောင့်ဘုန်းသူ့ကိုယ်သူအံ့ဩလို့သွားသည်။
ဘာ.ဘာလို့လဲ..
သူ...
သူကြောင့်လား...
"ဟို..ကျွန်တော်မုန့်ဟင်းခါးသောက်ပါ့မယ်.."
"အေးအေး..ဒါဆိုဖိုးစိုင်းသူဌေးလေးတို့အတွက်ပွဲပြင်ပေးလိုက်ပါ.."
"ဟုတ်အမေ.."
ဒေါ်မြကပြောတော့ဖိုးစိုင်းကနေညိုအားခေါ်ကာပြာပြာယာယာပဲထိုနေရာမှအိမ်နောက်ဖေးသို့ထွက်သွားသည်။
"ဪ..သူဌေးလေးတို့ရောက်နေတာပဲ.."
ထိုစဉ်နုထွေးရဲ့ဖခင်ဦးတိုးမောင်ကအပြင်မှဝင်လာကာပြောတော့..
"ဟုတ်ကဲ့ဦးလေး.."
"အေးကွယ်..အခုလိုလာပြီးမေးတာကျေးဇူးတင်ပါတယ်.."
"မဟုတ်တာဦးလေးကလဲ..မနုထွေးဖြစ်ရတာကျွန်တော့်ကြောင့်ဆိုရင်လဲမမှားဘူးလေ၊အဲဒီအတွက်ကျွန်တော့်ကိုခွင့်လွတ်ပေးပါ.."
"ရပါတယ်ကွယ်..ဒါပေမဲ့သူဌေးလေးလာတော့သမီးလေးကိုအဒေါ်တို့အရမ်းကိုသတိရတာပဲ.."
ဒေါ်မြကမျက်ရည်များစမ်းစမ်းနဲ့ကျလာကာပြောရင်းအသံကတိမ်ဝင်သွားတော့ဘုန်းအားနာသွားရသည်။
ဦးတိုးကတော့သူ့မိန်းမအားကျောကိုပုတ်ကာနှစ်သိမ့်ပေးသည်။
"သူဌေးလေးအဒေါ်တို့ကိုကူညီပေးလို့ကျေးဇူးပါသူဌေးရယ်၊သူဌေးသာငွေကြေမထောက်ပံ့ရင်အဒေါ်တို့သမီးအတွက်ဒီလောက်ထိလုပ်ပေးနိုင်မှာမဟုတ်ဘူး.."
"ရပါတယ်အန်တီရယ်..အန်တီ့သမီးအခုလိုဖြစ်သွားတာကလဲကျွန်တော့်ရဲ့ပယောဂမကင်းဘူးလေ၊ကျွန်တော့်မှာတာဝန်ရှိပါတယ်.."
"ပယောဂမကင်းတာမဟုတ်ဘူး၊နုသေရတာမင်းကြောင့်လေ.."
"နေညို.."

နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completedWhere stories live. Discover now