Part 9

3.6K 184 3
                                    

Unicode

"ဘယ်ဟာကိုကြိုက်လဲကြိုတာယူလိုက်.."
"ဟင်.."
"ကျွန်တော်ဝတ်မှာမှမဟုတ်တာ၊သူဌေးဘာသာရွေးပါ့လား.."
"မင်းအတွက်ရွေးခိုင်းတာ၊မနက်ဖြန်ဆိုငွေဆောင်သွားရတော့မှာမို့မင်းကိုဝယ်ပေးတာ.."
ဘုန်းရဲ့စကားကြောင့်နေညိုအံဩလို့သွားသည်။အစကစျေးဝယ်ထွက်မယ်ဆိုတာကိုသူ့အတွက်ပဲလို့ထင်ခဲ့မိတာတကယ်တမ်းကျတော့သူ့ကိုဝယ်ပေးနေခြင်းဖြစ်၍နေညိုအံဩနေရသည်။
"ကျွန်တော်မလိုချင်ပါဘူး၊ကျွန်တော့်မှာဝတ်စရာရှိပါတယ်.."
"ဘာရှိတာလဲ..ဒီအင်္ကျီလား၊နောက်ပြီးဟိုအဖြူအနက်အဆင်းလား၊ဒီနေ့ဘာဝတ်ရင်မနက်ဖြန်မင်းဘာဝတ်မယ်ဆိုတာတရုံးလုံးသိနေပြီ.."
ဘုန်းရဲ့စကားကြောင့်နေညိုမျက်နှာပျက်သွားသည်။ဟုတ်တော့လဲဟုတ်နေတာပဲလေ။
နေညို့မှာအဝတ်အစားကများများစားစားမရှိ၍ဒီနေ့ဝတ်တဲ့ဟာကနောက်နေ့မှာထပ်ဝတ်မယ်ဆိုတာသေချာနေသည်။
"အဲတော့ဘာဖြစ်လဲဗျာ၊ကျွန်တော့်ကိုအထင်သေးတာသူဌေးကိုအထင်သေးတာမှမဟုတ်ပဲ.."
"ဟ.မင်းအခုအလုပ်လုပ်နေတာမင်းဘုန်းနေဆီမှာဆိုတာလဲမမေ့နဲ့အုံး၊ငါ့ရဲ့ကားကိုမောင်းတဲ့သူကတစ်နေ့လာလဲမဲပြာပုဆိုး၊တစ်နေ့လာလဲမဲပြာပုဆိုးဆိုပြီးတော့ငါအပြောမခံနိုင်ဘူး၊မင်းရဲ့ဝတ်စားဆင်ယင်မှုကငါ့ရဲ့နေထိုင်မှုကိုထိခိုက်စေတယ်ကွ၊ဒါနဲ့နေစမ်းပါအုံ.မင်းကငါကဝယ်ပေးတာကိုဘာဖြစ်လို့ငြင်းနေတာလဲ.."
"အလကားရတိုင်မလိုချင်တာကျွန်တော့်ရဲ့မာနပါ၊ကျွန်တော်ဝတ်စားဆင်ယင်မှုကသူဌေးရဲ့သိက္ခာကိုထိခိုက်စေတယ်ဆိုရင်ကျွန်တော်လက်ခံပါ့မယ်၊ဒါပေမဲ့ဒါကျွန်တော့်ကိုငွေဆောင်လိုက်တဲ့အတွက်ဘောနပ်ပေးတယ်လို့သတ်မှတ်လိုက်မှာဖြစ်လို့ဘာမှထပ်မပေးပါနဲ့တော့.."
"ကောင်းပြီလေ..ငါကငွေကုန်ရတဲ့သူပါ၊အကုန်တောင်သက်သာသေးတယ်၊ကဲမင်းကြိုက်တာယူ.."
သူ့စကားကြောင့်နေညိုအဝတ်အစားတွေအားကြည့်နေလိုက်သည်။တံဆိပ်နဲ့အတူစျေးနှုန်းကိုကြည့်တော့မျက်လုံးပြူးသွားကာဘာရွေးလို့ရွေးရမှန်းမသိဖြစ်နေသည်။
"ယူလေ..ဒါတွေမကြိုက်ဘူးလား၊ကြည့်သာကြည့်နေတယ်ဘာမှလဲမယူဘူး.."
"စျေးတွေကကြီးလွန်းတယ်.."
"ကြီးတော့ဘာဖြစ်လဲ၊ကဲမင်းမရွေးတတ်ရင်ငါရွေးပေးမယ်.."
ဘုန်းပြောကာအင်္ကျီတွေကိုကြည့်လိုက်ယူလိုက်ကြည့်လိုက်ယူလိုက်နဲ့သူ့လက်ထဲမှတစ်ပွေ့ကြီးဖြစ်နေသည်။
"ဒါတွေအကုန်ယူမယ်.."
"ဟင်..အကုန်လုံး၊မလုပ်ပါနဲ့..အကုန်လုံးဆိုသိန်းကျော်သွားမှာပေါ့.."
"ဘာဖြစ်လဲ..အမဒါတွေယူမယ်၊လာ.ဟိုဘက်မှာဘောင်ဘီတွေသွားကြည့်မယ်.."
ဘုန်းကယူမဲ့အဝတ်အစားတွေအားပေးခဲ့ပြီးဘောင်းဘီတန်းကိုနေညို့လက်အားဆွဲ၍ခေါ်လာခဲ့သည်။
"မင်းခါးဆိုဒ်ကဘယ်လောက်လဲ.."
"ဟင်.."
"ခါဆိုဒ်ဘယ်လောက်လဲမေးနေတာလေ.."
"မသိဘူး.."
"ဟမ်.."
"ဟုတ်တယ်..ကျွန်တော်ဘောင်းဘီဝတ်လေ့ဝတ်ထလဲမရှိတော့ခါးဆိုဒ်ဘယ်လောက်လဲဆိုတာမသိဘူး.."
"ဪ..ဖြစ်မှဖြစ်ရလေ.."
နေညိုရဲ့စကားကြောင့်ဘုန်းအံဩသွားရသည်။ဟုတ်တော့လဲဟုတ်နေတာပဲလေ၊အလုပ်စဆင်းတဲ့နေ့ကတည်းကသူဘောင်းဘီဝတ်လာတယ်ဆိုတာဘုန်းမမြင်ဖူးပဲနေ့တိုင်းပုဆိုးကိုသာဝတ်လာတတ်သည်။
"ကျွန်တော်ဘောင်းဘီတွေဝတ်ရတာမကြိုက်ဘူး၊အဲတော့ဝယ်မနေပါနဲ့ဗျာ.."
"မရဘူး၊အဲဒီအကျင့်ကိုဖျောက်ပြီးဘောင်းဘီဝတ်ရမယ်၊ဒီကိုလာခဲ့.."
ဘုန်းပြောရင်းနေညို့ရဲ့လက်ကိုဆွဲကာလက်တဖက်ကဘောင်းဘီတစ်ထည်အားဖြုတ်၍ခြေဖျားထောက်ကာဘောင်းဘီခါးနဲ့သူ့ရဲ့လည်ပင်းကိုပတ်ကြည့်လိုက်သည်။
ဒီတော့သူတို့တစ်ယောက်ရဲ့မျက်နှာတစ်ယောက်နီးကပ်လို့သွားကာအကြည့်ချင်းဆုံသွားကြသည်။
အနီးကပ်ကြည့်မှနေညိုဟာယောင်္ကျားပီသစွာချောမောတဲ့လူတစ်ယောက်ဆိုတာပို၍သိသာစေသည်။မြင်မားတဲ့အရပ်ကဆိုရင်ဘုန်းသူ့လည်ပင်းကိုမှီဖို့ခြေဖျားထောက်ရသည်အထိဖြစ်ပြီးရင်အုပ်မောက်မောက်ကလဲဂျင်ကစားတတ်တဲ့သူ့ထက်ပင်ပို၍အချိုးအစားကျလှပနေသည်။
နောက်ပြီးလေးထောင့်ကျတဲ့မေးရိုးကားကားကသူ့အလှကိုပို၍ဆွဲဆောင်မှုဖြစ်စေသည်။
"အဲဒါဘာလုပ်နေတာလဲ.."
အချိန်ဘယ်လောက်ကြာသွားသည်မသိဘောင်းဘီနဲ့သူ့လည်ပင်းကိုပက်ရင်းနဲ့ကိုသူ့ရဲ့စကားကြားမှဘုန်းအသက်ပြန်ဝင်လာသည်။
"ခါးဆိုဒ်တိုင်းတာလေ..ခါးဆိုဒ်ကိုက်မကိုက်ဆိုတာအဲလိုလည်ပင်းပတ်ကြည့်ရင်လဲသိနိုင်တယ်လေ၊မယုံရင်အဲဒါကိုသွားဝတ်ကြည့်ချည်၊မင်းခါးနဲ့အကိုက်ပဲ.."
"မဝတ်တော့ပါဘူးဗျာ၊ကိုက်တယ်ဆိုရင်ပြီးတာပဲ၊ဒါယူမှာမဟုတ်လား၊ယူလိုက်.."
"တစ်ထည်ထဲဘယ်လိုလုပ်ဖြစ်မှာလဲ၊တစ်ပတ်စာဆိုတော့ခုနှစ်ထည်.."
"ခုနှစ်ထည်ကြီးမဝယ်ပါနဲ့၊ဘောင်းဘီတွေကစျေးကကြီးလိုက်တာနဲ့.."
နေညိုသူ့ကိုအားနာ၍ပြောလိုက်ခြင်းဖြစ်သည်။ဒီနေ့ကျမှစေတနာတွေပိုပြနေတဲ့ဘုန်းကိုလဲနေညိုနားမလည်နိုင်ဖြစ်ရသည်။
"ဒါဆိုငါးထည်ဝယ်မယ်၊မငြင်းနဲ့တော့.."
ဘုန်းပြောကာဘောင်းဘီငါးထည်အားဖြုတ်ကာကောင်ဒါသို့ပြန်လာကာပေးလိုက်သည်။
"အားလုံးပေါင်းတစ်သိန်းရှစ်သောင်းကျပါတယ်ရှင့်.."
"ဟင်.."
"ဟုတ်ကဲ့.."
ကြားလိုက်ရတဲ့နေညိုမှာမျက်လုံးပြူးသွားရပြီးဘုန်းကသူ့ကိုကြည့်ကာပြုံး၍ကဒ်အားထုတ်ပေးလိုက်သည်။
နေညိုကတော့ပိုက်ဆံတွေအများကြီးကုန်သွားတဲ့အတွက်ဘုန်းကိုအားနာနေရသည်။
အဝတ်အစားတွေဝယ်ပြီးတော့နေညိုကနောက်ကနေအဝတ်အစားအိတ်တွေကိုဆွဲကာဘုန်းနောက်မှလိုက်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ်သူဌေး.."
"ဟင်.."
ဘုန်းရှေ့ကနေသွားနေရင်းမှနေညိုရဲ့စကားကြောင့်သွားနေရင်းခြေလှမ်းများရပ်တန့်သွားသည်။
"အဝတ်အစားတွေဝယ်ပေးလို့ကျေးဇူးတင်ပါတယ်.."
"အဟင်း.ဒါဆိုမင်းငါ့ကိုမမုန်းတော့ဘူးပေါ့.."
"ဟမ်..အဲဒါက.."
"ရပါတယ်..မင်းမုန်းလဲဂရုမစိုက်ဘူး၊ငါအခုဝယ်ပေးတာကမင်းငွေဆောင်ကိုရောက်ရင်လူလိုသူလိုဖြစ်အောင်လို့၊နောက်ပြီးတော့ဟိုနေ့ကငါ့ကိုကာကွယ်ပေးလို့ကျေးဇူးဆပ်တဲ့အနေနဲ့ဝယ်ပေးတာ."
"ဘာ.ကိုကာကွယ်တာ.."
"ဟိုတစ်နေ့ကလေ၊စာအုပ်တွေငါ့အပေါ်ပြိုကျလာတာကိုကာကွယ်ပေးလို့၊အဲဒီနေ့ကကျေးဇူးတင်စကားမပြောလိုက်ရဘူး၊တကယ်ဆိုရင်ငါကျေးဇူးတင်ပါတယ်လို့ဘယ်သူ့ကိုမှမပြောဖူးလို့ပြောမထွက်ဖြစ်နေတာ၊ဒါပေမဲ့ငါအခုပြောပါမယ်၊ငါမင်းကိုကျေးဇူးတင်ပါတယ်၊မင်းငါ့အပေါ်မှာမုန်းနေတယ်ဆိုရင်တောင်မှငါ့ကိုကာကွယ်ပေးတဲ့အတွက်ငါကျေးဇူးတင်ပါတယ်၊အာ..မျက်နှာပူလိုက်တာ၊အအေးသွားသောက်မယ်လာ.."
ဘုန်းပြောရင်းသူ့မျက်နှာသူအုပ်ကာပြေား၍ထွက်သွားတော့နေညိုကြောင်သွားကာနေရာ၌ရပ်လို့နေသည်။
"ခဏစောင့်ပါအုံး.."
"မှီအောင်လိုက်ခဲ့.."
ဘုန်းကပြောရင်းရယ်ကာပြေးထွက်သွားတော့နေညိုအထုတ်တွေကိုမနိုင်မနင်းဆွဲကာပြေးလိုက်လာခဲ့သည်။
အအေးဆိုင်ရောက်တော့ဘုန်းသောက်နေကျဖြစ်တဲ့သံပုရာရည်တစ်ခွက်နဲ့သူ့အတွက်ကိုပန်းသီးဖျော်ရည်တစ်ခွက်အားနေညိုမှာလိုက်သည်။
"ရုပ်ရှင်ကြည့်မလား.."
"ဟင်.."
ဘုန်းကမေးတော့နေညိုကြောင်သွားသည်။အဲဒီတော့ဘုန်းကရယ်ကာ..
"တကယ်လို့ထင်နေတာလား၊ဟား..ဟား..ရုပ်ရှင်ကြည့်တယ်ဆိုတာချစ်သူတွေပဲတွဲကြည့်ကြတာလေ၊နောက်ပြီးငါရုပ်ရှင်ကြည့်ဖို့အထိလဲမအားဘူး၊မြန်မြန်သောက်.."
"အဟင်း.."
ဘုန်းရဲ့စကားကိုနာမလည်၍နေညိုလိုက်၍ပြုံးလိုက်သည်။
"​hi.."
"ဪ..ရောင်နီ..အဲ..ရောင်နီဦး.."
သူတို့ထိုင်နေတဲ့စားပွဲနားသို့ရောင်နီဦးရောက်လာ၍နေညိုအော်ပြောရန်ပြင်လိုက်ပြီးမှလူတွေအုံလာမှာစိုး၍အသံကိုလျှော့၍ပြောလိုက်သည်။
"အဟင်း..ကျယ်ကျယ်ပြောလဲရတယ်၊ကိစ္စမရှိဘူး၊ငါဒီနားမှာရှူတင်ရိုက်နေတာ၊အဲဒါမင်းကိုမြင်လိုက်လို့လာခဲ့တာ.."
"ဪ.ဟုတ်..ထိုင်ပါဗျ.."
"နေညိုသွင်..သောက်မှာဆိုသောက်၊မသောက်တော့ဘူးဆိုသွားမယ်.."
"ဟမ်.."
"သွားမယ်လို့.."
"ဪ..ဟုတ်..ဒါဆိုသွားလိုက်ပါအုံးမယ်.."
ဘုန်းကပြောရင်းထိုင်ရာမှထရပ်ကာသွားရန်ခေါ်တော့နေညိုကရောင်နီဦးအားနှုတ်ဆက်ကာအိတ်တွေကိုဆွဲကာဘုန်းနောက်ကိုပြေးလိုက်သွားသည်။
စာပွဲနားမှာကျန်နေတဲ့ရောင်နီဦးကတော့နှုတ်ခမ်းကိုတစ်ချက်မဲ့ကာ..
"မင်းဘုန်းနေ..မင်းဘုန်းနေ၊မင်းကိုငါကSemeလို့ထင်ထားတာ၊အခုတော့မင်းကဒီလိုတောင့်တောင့်ဖြောင့်ဖြောင့်ဘဲတစ်ပွေကိုအရေးပေးနေပုံထောက်ရင်မင်းကUkeဆိုတာသေချာနေပါလား၊မင်းပုံစံကြည့်ရတာအဲဒီဘဲကြီးကိုတော်တော်သဘောကျနေပုံပဲ။သဘောကျလဲကျချင်စရာပါ။ဘဲကြီးကတော်တော်ချောတာကိုး။ဟင်..ငါသူ့နာမည်မသိရသေးပါလား..ရပါတယ်၊ငါတို့ကမကြာခင်ပြန်တွေ့ရအုံးမှာပဲလေ၊အဟင်း..ဟင်း.."
ရောင်နီဦးသူတို့ကိုကြည့်ကာစိတ်ထဲမှပြောရင်းကြံရင်းတွေးရင်းပြုံးလိုက်မိသည်။

နေနှစ်စင်းရဲ့ချစ်ခြင်း (zawgyi+unicode) completedWhere stories live. Discover now