Part 10

8.6K 720 5
                                    

Zawgyi

ရှောင်းကျန့် နောက်တစ်နေ့ကျ နေ့လည်ထမင်းစားနားချိန်ရောက်တာနဲ့ ရိပေါ်ရှိသွားမယ်ဆိုပြီး အခန်းပြင်ကိုထွက်ခဲ့တယ်။
ရိပေါ်က နားချိန်မဆင်းခင် နာရီဝက်လောက်ကမှ basketball ကစားဖို့ဆရာက ခွင့်ပြုပေးလိုက်တာ။ရိပေါ်က ရှောင်းကျန့်ကိုလည်း သေချာမှာသွားတယ် နားချိန်ရောက်တာနဲ့ သူ့ရှိချက်ချင်းလာဖို့။

ရှောင်းကျန့်လည်းနားချိန်ရောက်တာနဲ့ ချက်ချင်းရိပေါ်တို့ရှိထွက်လာခဲ့တယ်။
ဒါပေမဲ့ခက်တာက basketballကစားတဲ့နေရာက ဘယ်နားမှန်းလည်း မသိဘူး။
ရှောင်းကျန့်လိုက်သာရှာနေတာ အခုသူဘယ်နေရာရောက်နေမှန်းလည်းမသိဘူး။
ရှောင်းကျန့်လမ်းလျှောက်လာရင်းနဲ့ သူ့ရှေ့မှာ ကောင်မလေးနှစ်ယောက်ကိုလာနေတာကိုတွေ့လိုက်ရတာကြောင့်ပျော်သွားတယ်။

'သူတို့နှစ်ယောက်ကိုမေးကြည့်ရမယ်'

ရှောင်းကျန့် သူတို့အနားလျှောက်သွားပြီး မေးလိုက်တယ်။

"ဟို ဒီကညီမတို့ basketball ကစားတဲ့နေရာသိလား ''

"အင်းသိတယ်''

"ဘယ်နားလည်း အကို့ကိုနေရာလေးပြောပြပါ့လား''

"ဟိုအရှေ့နားရောက်ရင် ညာဘက်ကွေ့လိုက် အဲ့အတိုင်းသွားရင် တွေ့လိမ့်မယ်''

"ကျေးဇူးတင်ပါတယ် ညီမ...''

ရှောင်းကျန့်ပြောပြီးတာနဲ့ထွက်လာခဲ့တယ်။
ရှောင်းကျန့်လည်းထွက်သွားရော ရန်ချူလင်းဘေးက ကောင်မလေးကမေးလိုက်တယ်။

"ချူလင်း နင်ဘာလို့ အဲ့လိုပြောလိုက်တာလည်း''

"ဘာကိုလည်း''

"နင်ပြောလိုက်တဲ့ နေရာက စားပွဲခုံတွေ ပစ္စည်းပျက်တွေထားတဲ့နေရာလေ basketball ကွင်းမှမဟုတ်တာ''

"အဲ့တော့ ဘာဖြစ်လည်း သူ့ဘာသာနေရာရအောင်ရှာလိမ့်မယ်''

ရန်ချူလင်းက သူ့သူငယ်ချင်းကိုပြောပြီးတာနဲ့ ထွက်လာခဲ့တယ်။ ချူလင်းစိတ်ထဲမှာတော့

'ရှောင်းကျန့် နင်ရိပေါ်ကိုရမယ်ထင်လား လုံးဝမရစေရဘူး ရှောင်းကျန့် အခုနင့်ကိုပြောလိုက်တဲ့နေရာကလည်း နင့်ကိုသင်ခန်းစာပေးတဲ့နေရာဘဲ'

ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ