Part 5

9.1K 812 13
                                    

Zawgyi

ရှောင်းကျန့်နဲ့ ရိပေါ် မနက်စာစားပြီး ကျောင်းကိုထွက်လာခဲ့တယ်။
ကျောင်းကိုလာတဲ့လမ်းမှာရိပေါ်က ရှောင်းကျန့်ဘက် ခေါင်းလေးစောင်းပြီး မေးလိုက်တယ်။

''မင်း ရုံးခန်းနေရာသိလား''

''မသိဘူး...''

''မသိဘဲ ဘယ်လိုသွားမလို့လည်း''

''ဟို....ဟို တစ်ခြားသူတွေကိုမေးသွားလို့ရတယ်မလား''

''မင်းမေးတာ ဖြေမယ်လို့ ထင်လား''

''.......''

ရိပေါ် သူ့ရှေ့ကကောင်လေးကိုကြည့်ပြီး သက်ပြင်းချမိတယ်။
သူအရင်တုန်းကနေခဲ့တဲ့မြို့က ကျောင်းလိုများမှတ်နေတာလားမသိဘူး။
အခုဒီကျောင်းက ရာထူးကြီးတဲ့သူတွေရဲ့သားသမီးတွေ၊ ပိုက်ဆံချမ်းသာတဲ့သူတွေ၊ပိုက်ဆံတက်နိုင်တဲ့သူတွေရဲ့သားသမီးတွေဘဲတက်နိုင်တဲ့ကျောင်း ရှောင်းကျန့်နေရာမသိလို့မေးတာကို သူတို့တွေက ကောင်းကောင်းမွန်မွန်ပြန်ဖြေမယ်ထင်နေလားမသိဘူး။

ရိပေါ်တွေးနေတုန်း ကျောင်းဝန်းထဲရောက်လာခဲ့တယ်။
ကျောင်းဝန်းထဲရောက်တာနဲ့ ကောင်မလေးတွေရဲ့အော်သံကို အရင်ဆုံးကြားလိုက်ရတာဘဲ။

ရှောင်းကျန့်ကတော့ ကျောင်းဝန်းထဲရောက်တာနဲ့အော်သံတွေကြားလိုက်ရတာကြောင့် လန့်သွားတယ်။
ဘာဖြစ်တာလည်းဆိုပြီး မင်းသားလေးကိုမေးမလို့ မင်းသားလေးဘက်လှည့်လိုက်တော့ မင်းသားလေးမျက်နှာက နဂိုတည်နေတာထက်ပိုပြီး နည်းနည်းကြောက်ဖို့ကောင်းသလိုဖြစ်နေတယ်။

အဲ့ဒါကြောင့် ရှောင်းကျန့်လည်း စပ်စုပြီးမေးချင်နေတဲ့ကိစ္စကို မြိုသိပ်ပြီး ရှေ့တည့်တည့်ဘဲကြည့်နေလိုက်တော့တယ်။

ကားလည်းရပ်ရော ရှောင်းကျန့်က ဆင်းမလို့ပြင်တော့ ရိပေါ်က ရှောင်းကျန့်လက်ကိုလှမ်းဆွဲလိုက်တယ်။

''မဆင်းနဲ့အုန်း ငါဆင်းပြီးမှဆင်း ''

''ဟုတ်...''

ရိပေါ် အရင်ဆင်းလိုက်ပြီး ရှောင်းကျန့် ဆင်းမယ့်ဘက်ကိုသွားပြီး သူကိုယ်တိုင်တံခါးဖွင့်ပေးလိုက်တယ်။
ရိပေါ် ရှောင်းကျန့်ရှိတဲ့ဘက်ခြမ်းသွားပြီးတော့ တံခါးဖွင့်ပေးလိုက်တော့ ခုဏကအော်နေတဲ့ကျောင်းကကောင်မလေးတွေရဲ့အသံက ပျောက်သွားပြီး တီးတိုးစကားပြောသံတွေပေါ်လာတယ်။

ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )Where stories live. Discover now