Part 13

8.4K 727 18
                                    

Zawgyi

ရိပေါ်တို့ basketballပြိုင်ပွဲပြီးသွားတာနဲ့ ရိပေါ် မှာ လုပ်စရာအလုပ်တွေပုံလာတာ အများကြီးဘဲ။
နောက်ငါးနှစ်လောက်နေရင် ခမည်းတော်က သူ့ကို ထီးနန်းလွှဲတော့မှာမလို့ ရိပေါ်မှာ တိုင်းပြည်ကိစ္စတွေနဲ့ရင်းနှီးအောင် အကုန်လုံးကို လေ့လာနေရတယ်။

တော်ပါသေးတယ် ကျောင်းကလည်းပထမနှစ်ဝက်စာမေးပွဲပီးတာနဲ့ ၁၀ရက်လောက်ကျောင်းပိတ်ထားတော့ ရိပေါ် ကျောင်းစာတွေနဲ့အလုပ်မများတော့တာ။
ကျောင်းပိတ်ကတည်းက ရိပေါ် ရှောင်းကျန့်နားမကပ်နိုင်ဘူး စာကြည့်ခန်းထဲမှာဘဲတစ်နေ့လုံးအလုပ်လုပ်နေရတာ ထမင်းစားချိန်လေးဘဲခဏတွေ့ပြီး ရှောင်းကျန့်အိပ်ချိန်လောက်ကျမှ ရိပေါ်က အလုပ်ပြီးတာဆိုတော့ သူတို့နှစ်ယောက်စကားမပြောဖြစ်ကြသေးဘူး။

ဒီနေ့တော့ ခမည်းတော်က နားခိုင်းတာနဲ့ ရိပေါ်မနက်ခင်းလေး လုပ်စရာရှိတာပြီးအောင်လုပ်ပြီး ရှောင်းကျန့်ကိုရှာဖို့ထွက်လာခဲ့တယ်။
ရှောင်းကျန့်ဘယ်မှာရှိမှန်းမသိတာကြောင့် ရိပေါ်လိုက်ရှာရင်း လမ်းမှာမယ်တော်ကြီးနဲ့တွေ့တာကြောင့် ရိပေါ်မယ်တော်ကြီးကိုမေးလိုက်တယ်။

"ဘွားဘွား ရှောင်းကျန့်ဘယ်မှာလည်းသိလား''

"မြေးတော်က အဘွားကိုတွေ့တာတောင် မနှုတ်ဆက်ဘဲ ကြင်ယာတော်ကိုအရင်မေးတယ်ပေါ့''

"တောင်းပန်ပါတယ် ဘွားဘွား သားစိတ်လောနေလို့ပါ''

"ကြင်ယာတော် ဟင်းချက်ဆောင်မှာရှိတယ်''

"ကျေးဇူးတင်ပါတယ် ဘွားဘွား သားကိုသွားခွင့်ပြုပါအုန်း''

ရိပေါ် မယ်တော်ကြီးကိုနှုတ်ဆက်ပြီးတာနဲ့ မယ်တော်ကြီးပြန်ပြောတာတောင်နားမထောင်တော့ဘဲ ဟင်းချက်ဆောင်ဘက်ကို အမြန်ထွက်လာခဲ့တယ်။
မယ်တော်ကြီးကသူစကားပြန်ပြောမလို့ကိုဆုံးအောင်နားမထောင်ဘဲ ပြောချင်တာပြောပြီး ထွက်သွားတဲ့မြေးတော်ကိုကြည့်ပြီး ရီလိုက်တယ်။

"မြေးတော်ရယ် ဘယ်တော့မှသူ့ကိုချစ်လာမှာမဟုတ်ဘူးလို့ မြေးတော်ပြောခဲ့တာ သိပ်မကြာသေးဘူးထင်တယ်''

ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )Onde histórias criam vida. Descubra agora