Part 21

7.7K 697 59
                                    

Zawgyi

ချူလင်းခါးကို ဆွဲဖတ်ပြီး ရိပေါ်နမ်းမလို့ရှိသေးတယ် အပြင်ကနေ တံခါးကိုကန်လိုက်တဲ့အသံကြားပြီးဝုန်းခနဲပွင့်သွားတယ်။
ချူလင်းက လန့်သွားပြီး ရိပေါ်ကိုယ်နဲ့တံခါးပေါက်ကိုကွယ်နေတော့ ဘယ်သူလုပ်လိုက်မှန်းမသိတာကြောင့် ရိပေါ်ကိုယ်ကိုတွန်းပြီးတံခါးပေါက်ကိုလှမ်းကြည့်လိုက်တယ်။

အဲ့ချိန်မှာဘဲ အနက်ရောင်ဆင်တူဝတ်ထားတဲ့လူနှစ်ယောက်က ရန်ချူလင်းကိုဖက်ထားတဲ့ ရိပေါ်လက်တွေကို တစ်ယောက်တစ်ဖက်စီဆွဲချုပ်လိုက်တယ်။
တံခါးပေါက်ကနေ တည်ငြိမ်အေးချမ်းလှတဲ့ အသံပိုင်ရှင်က ဝင်လာပြီး အစောင့်နှစ်ယောက်ကိုပြောလိုက်တယ်။

"အိမ်ရှေ့စံမင်းသားကိုဆေးရုံပို့လိုက် မင်းသားမျက်နှာကိုဘယ်သူမှမမြင်စေနဲ့''

"နောက်ပြီး ဒီအထပ်ကိုဘယ်သူမှမတက်လာစေနဲ့ ဒီhotelကိုလည်းလူဝင်လူထွက်မရှိစေနဲ့ ကြားလား''

"ဟုတ်ကဲ့ပါ မိဖုရားကြီး''

အစောင့်နှစ်ယောက်က ပြောပြီးတာနဲ့ ရိပေါ်ကိုခေါ်ပြီးထွက်သွားတယ်။
မိဖုရားကြီးက အစောင့်နှစ်ယောက်ထွက်သွားပြီဆိုမှ အခန်းထဲမှာရှိတဲ့ ထိုင်ခုံတစ်ခုံကို ဆွဲယူပြီး ချူလင်းရပ်နေတဲ့ဘက်လှည့်ထိုင်လိုက်တယ်။

ချူလင်းလည်းမိဖုရားကြီးကိုမြင်ကတည်းက ကြောက်ဒူးတုန်ပြီး ဒီအတိုင်းရပ်နေတာ အခုမှ အသိဝင်လာပြီး မိဖုရားကြီးရှေ့သွားပြီး ဒူးထောက်လိုက်တယ်။
ချူလင်းက မိဖုရားကြီးရှေ့ဒူးထောက်ရင်း ငုံပြီး ငိုနေရာကနေ မော့ကြည့်လိုက်တော့ မိဖုရားကြီးကသူ့ကိုအေးစက်စက်ကြည့်နေတာကြောင့် ချူလင်းကြောက်သွားပြီး မိဖုရားကြီးကို စကားပြောလိုက်တယ်။

"မယ်မယ် သမီးကိုအထင်မလွှဲပါနဲ့ သမီး...သမီးကို ရှောင်းကျန့်ကခေါ်လို့ ဒီကိုလာခဲ့တာပါ မယ်မယ်... မယ်မယ်မယုံရင် ဒီမှာသမီးကိုရှောင်းကျန့်ပို့ထားတဲ့messageကိုဖတ်ကြည့်ပါ''

ချူလင်းက သူကိုယ်တိုင် ရှောင်းကျန့်ဖုန်းနဲ့ ပို့ထားတဲ့စာကိုမိဖုရားကြီးကိုပြလိုက်တယ်။
မိဖုရားကြီးက ဖုန်းကိုမယူဘဲ ဒီအတိုင်းဖတ်လိုက်တယ်။
ဒေါသထွက်နေတာကြောင့် နီရဲနေတဲ့မိဖုရားကြီးမျက်နှာက တဖြေးဖြေးအရောင်လျော့သွားမှ ရန်ချူလင်းက တိတ်တခိုးပြုံးလိုက်ပြီး မိဖုရားကြီးကိုဆက်ပြောလိုက်တယ်။

ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )Where stories live. Discover now