Part 17

7.8K 678 26
                                    

Zawgyi

ရန်ချူလင်း ခေါ်သံကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တော့.....

"Haikuan.....''

"နင်က ဒီမှာထိုင်ပြီးဘာလုပ်နေတာလည်း''

Haikuanကရန်ချူလင်းကိုမေးလိုက်တော့ ချူလင်းမျက်နှာပျက်သွားပြီး haikuanကိုပြန်ဖြေလိုက်တယ်။

"ငါ ရိပေါ် ကြင်ယာတော်လောင်းကိုလာနှုတ်ဆက်တာပါ.... ဟုတ်တယ်မလား ရှောင်းကျန့်''

"ဟင်...အင်း...''

ချူလင်းက ရှောင်းကျန့်ဘက်လှည့်ပြီးမေးလိုက်တော့ ရှောင်းကျန့်လည်း အင်းလို့ဖြေပေးလိုက်တယ်။
သူလိမ်နေတာရှောင်းကျန့်သိပေမယ့်လည်း ပြသနာမတက်ချင်လို့ သူ့စကားအတိုင်းဘဲလိုက်ဖြေပေးလိုက်တော့တယ်။

Haikuanကတော့ ချူလင်းပြောတာကိုမယုံတဲ့ပုံနဲ့ စကားဆက်ပြောလိုက်တယ်။

"ရန်ချူလင်း နင်ရှောင်းကျန့်ကိုလာနှုတ်ဆက်တာနားလည်ပေမယ့် ခုချိန်မှာ ရှောင်းကျန့်ကရိပေါ်ကြင်ယာတော်လောင်းဆိုတာဘယ်သူမှမသိသေးဘူး အဲ့ဒါကြောင့် သူများအာရုံစိုက်ခံရအောင်မလုပ်ပါနဲ့ ''

"ငါက သူများအာရုံစိုက်ခံရအောင်ဘာများလုပ်နေလို့လည်း''

ရန်ချူလင်းပြောလိုက်တဲ့အသံက နည်းနည်းကျယ်သွားတာကြောင့် haikuanအနောက်ကအတန်းဘက်လှည့်ကြည့်လိုက်တော့ သူတို့ကို စိတ်ဝင်တစားကြည့်နေကြတဲ့လူအုပ်ကြောင့် haikuanစိတ်ရှုပ်သွားတယ်။
တော်ပါသေးတယ် ရိပေါ်ကသူထိုင်တဲ့နေရာနဲ့ ခုံအကွာအဝေးငါးခုံကျော်လောက်မှာ အတန်းသားတွေကိုထိုင်ခိုင်းလို့မဟုတ်ရင် သူတို့ပြောတာတွေအကုန်လုံးကြားနေရမှာ။

"အတန်းထဲကလူတွေကိုကြည့်လိုက်လေ အခုငါတို့ကို အားလုံးစိတ်ဝင်စားပြီးကြည့်နေပြီမဟုတ်ဘူးလား အဲ့ဒါရှောင်းကျန့်အတွက်မကောင်းဘူး ရှောင်းကျန့်ကရိပေါ်ရဲ့ကြင်ယာတော်လောင်းဆိုတာတရားဝင်ကြေညာတဲ့အချိန်ကျမှ နင်ကြိုက်သလောက်လာနှုတ်ဆက်ပါ တစ်ညလုံးမအိပ်ဘဲနဲ့တောင်လာနှုတ်ဆက်လို့ရတယ် အခုတော့ နင်ကိုယ့်နေရာကိုယ်ပြန်သွားလိုက်ပါအုန်း''

ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )Donde viven las historias. Descúbrelo ahora