Zawgyi
ရိပေါ် ရှောင်းကျန့်ကိုနှိုးပြီး မယ်တော်ကြီးတို့နဲ့ညစာစားဖို့ထွက်လာခဲ့တယ်။
ညစာစားတဲ့စားပွဲဝိုင်းမှာ မယ်တော်ကြီးက အရင်စပြီး စကားပြောလိုက်တယ်။"မြေးလေးရှောင်းကျန့် နေကောင်းရဲ့လား ''
"ဟုတ်ကောင်းပါတယ် ဘွားဘွား''
"မယ်တော်ကြီးလို့ခေါ်ရမယ်ဆိုတာမသိဘူးလား!!!''
မိဖုရားကြီးက ရှောင်းကျန့်ကိုအော်လိုက်တာကြောင့် ရှောင်းကျန့်လန့်သွားပြီးကိုယ်လေးတုန်တက်သွားတယ်။
ရိပေါ်ကပြောမလို့ပြင်လိုက်ပေမယ့် မယ်တော်ကြီးက ဝင်ပြောလိုက်တယ်။"မိဖုရားကြီး ရှောင်းကျန့်ကိုဘယ်လိုပြောလိုက်တာလည်း''
"ကျွန်မမှန်တာကိုပြောလိုက်တာပါ မယ်မယ် ရှောင်းကျန့်က နန်းတွင်းမိသားစုနဲ့မဆိုင်သေးတဲ့အတွက် သူ့မှာ မယ့်မယ့်ကိုဘွားဘွားလို့ခေါ်ပိုင်ခွင့်မရှိပါဘူး''
"မိဖုရားကြီး!!!.....''
မယ်တော်ကြီးကမိဖုရားကြီးကိုအော်လိုက်တယ်။
မိဖုရားတစ်ယောက်အနေနဲ့အဲ့လိုမပြောသင့်ဘူးဆိုတာ မယ်တော်ကြီးပြောမလို့ရှိသေးတယ် ရိပေါ်က"မယ်မယ် ရှောင်းကျန့်ကနန်းတွင်းမိသားစုနဲ့သက်ဆိုင်နေပါပြီ သူကကျွန်တော့်ကြင်ယာတော်ဖြစ်လာမယ့်သူပါ မကြာခင်ဘဲ တရားဝင်သက်ဆိုင်မယ့်သူဖြစ်တော့မှာမို့လို့ မိသားစုအခေါ်အပြောတွေရင်းနှီးအောင်ကျွန်တော် ခေါ်ခိုင်းထားတာပါ...''
"သား....''
မိဖုရားကြီးအံ့သြသွားတယ် သူ့ကိုတစ်ခါမှပြန်မပြောဘူးတဲ့သားတော်က အခုဒီကောင်လေးကြောင့်ပြန်ပြောနေပါ့လား။
နောက်ပြီး ဘာလို့သားတော်ကအခုလိုပြောင်းလဲသွားတာလည်း အရင်တုန်းက သားတော်ဘဲ ရှောင်းကျန့်ကိုမုန်းနေတာမလား အခုကြဘာလို့ကာကွယ်ပေးနေပါလိမ့်။
မိဖုရားကြီး သူ့ဘာသာတွေးပြီးသက်ပြင်းချလိုက်တယ်။"ဘွားဘွား သားတို့စားလို့ပြီးပြီး နန်းဆောင်ကိုပြန်တော့မယ် သွားခွင့်ပြုပါအုန်း''
![](https://img.wattpad.com/cover/199438361-288-k531834.jpg)