Zawgyi
( Part 1 ပျက်သွားလို့အောက်ဆုံးမှာပြန်ရေးပေးထားပါတယ်နော် )
မယ်တော်ကြီးလျူချွင်းက ရှောင်းရင်ဆုံးသွားတော့ ရှောင်းရင်ရဲ့ကိစ္စအားလုံးကိုလုပ်ကိုင်ပေးပြီး နန်းတော်ကိုပြန်မယ့်နေ့ရောက်လာခဲ့တယ်။
''ရှောင်းကျန့် ဘွားဘွားနဲ့နန်းတော်ကိုလိုက်ခဲ့နော် ရှောင်းကျန့်တစ်ယောက်တည်းမဟုတ်ဘူးလေ မြေးလေးရဲ့မားမားနဲ့ပါးပါးပါ နန်းတော်ကိုလိုက်ခဲ့နော်''
''ရပါတယ် မယ်တော်ကြီး ကျွန်တော်တို့မိသားစုကို အခုလိုကူညီပေးတာနဲ့တင် အရမ်းကိုကျေးဇူးတင်နေတာ နန်းတော်ကိုပါ မျက်နှာပြောင်တိုက်ပြီး မလိုက်ပါရစေနဲ့ မယ်တော်ကြီး''
''ဟုတ်ပါတယ် မယ်တော်ကြီး ကျွန်မတို့မလိုက်ပါရစေနဲ့ ကျွန်မတို့အားနာလွန်းလို့ပါရှင်''
''ဘွားဘွားပြောခဲ့တဲ့စကားတွေကို မယ်တော်ကြီးစိတ်ထဲဘာမှမထားပါနဲ့ ကျွန်တော်ကိုယ့်ဘာသာစောင့်ရှောက်နိုင်ပါတယ် ဘွားဘွားက ကျွန်တော့်ကို အခုထိကလေးလေးတစ်ယောက်လို မြင်နေတုန်းဘဲမလို့ မယ်တော်ကြီးလက်ထဲအပ်သွားတာပါ အဲ့အတွက် အလုပ်ရှုပ်မခံပါနဲ့မယ်တော်ကြီး''
မိသားစုသုံးယောက်လုံးက ငြင်းနေတော့ လျူချွင်းအကြံအိုက်သွားတယ်။ သူဘယ်လိုလုပ်ရမလည်း ရှောင်းကျန့်ကိုအရမ်းနန်းတော်ကိုခေါ်သွားချင်တာ။
နောက်မှလျူချွင်းအကြံတစ်ခုရပြီး ရှောင်းကျန့်တို့ကိုပြောလိုက်တယ်။''ရတယ်လေ မင်းတို့မိသားစုက ငါမယ်တော်ကြီးတောင်းဆိုနေတာတောင် နန်းတော်ကိုမလိုက်ဘူးဆိုရင် ငါလည်း နန်းတော်ကိုမပြန်တော့ဘူး မင်းတို့နဲဘဲ အတူတူနေတော့မယ်''
''အဲ့လိုမလုပ်ပါနဲ့ မယ်တော်ကြီး နန်းတော်မှာ မယ်တော်ကြီးကိုမျှော်နေတဲ့သူတွေလည်း ရှိနေတာကို မပြန်ဘဲနဲ့တော့ မနေပါနဲ့ မယ်တော်ကြီး''
''ဘယ်လိုလုပ်မလည်း ငါကလည်း ဆုံးဖြတ်ပြီးသွားပြီး မင်းတို့နန်းတော်ကိုမလိုက်ခဲ့ရင် ငါလည်းမပြန်ဘူး''
ရှောင်းကျန့်တို့ဘယ်လိုငြင်းငြင်း မယ်တော်ကြီးက မလိုက်ရင်လုံးဝမပြန်ဘူးလို့ ပြေနေတာနဲ့ နောက်ဆုံးတော့ မိသားစုသုံးယောက် ခေါင်းငြိမ့်လိုက်ရတယ်။
![](https://img.wattpad.com/cover/199438361-288-k531834.jpg)