Zawgyi
"ရှောင်းကျန့်..... ''
ရှောင်းကျန့်ထိုင်နေရာကနေထပြီး ရိပေါ်ကို ဖက်လိုက်တယ်။
ရှောင်းကျန့်တစ်ကိုယ်လုံးလည်း တုန်ယင်နေပြီး ချွေးတွေအရမ်းထွက်နေတာကြောင့် ရိပေါ်ကရှောင်းကျန့်ကိုဖက်ထားရာကနေခွာလိုက်တယ်။"ရှောင်းကျန့် မကြောက်နဲ့တော့နော်.... သွားရအောင် လာ...''
ရိပေါ် ရှောင်းကျန့်ကို ပခုံးကနေဖက်ပြီး ပန်းခြံကို ခေါ်လာခဲ့တယ်။
ပန်းခြံရောက်တော့ ရှောင်းကျန့်ကို ထိုင်ခုံပေါ်ထိုင်ခိုင်းပြီးသူလည်း ရှောင်းကျန့်ဘေးဝင်ထိုင်လိုက်တယ်။"ရှောင်းကျန့် မကြောက်နဲ့တော့နော် ကိုယ် ရေဘူးသွားဝယ်လိုက်အုန်းမယ် ဒီမှာခဏစောင့်နေနော်''
ရိပေါ်ထမယ်ပြင်လိုက်တော့ ရှောင်းကျန့်က ရိပေါ်လက်ကိုဆွဲပြီးပြန်ထိုင်ခိုင်းတယ်။
"မသွားနဲ့....ငါ့နားကနေဘယ်မှမသွားပါနဲ့.....ဟင့်...မသွားပါနဲ့.....ဟင့်''
"ဟုတ်ပြီ ကိုယ်ဘယ်မှမသွားပါဘူး...မငိုနဲ့နော်..
.ခဏနေ ကားလာလိမ့်မယ် အိမ်ပြန်ရအောင်နော်''ရိပေါ် ရှောင်းကျန့်ဘေးပြန်ထိုင်လိုက်ပြီး ရှောင်းကျန့်ကိုမျက်ရည်တွေသုတ်ပေးလိုက်တယ်။
"ဘာလို့ငိုနေတာလည်း မငိုနဲ့တော့နော်...''
"အင်း.....''
ရိပေါ်ပြောတော့ရှောင်းကျန့်က ပြောစကားနားထောင်ပြီး မငိုတော့ပေ။
ခဏလောက်နေတော့ ကားရောက်လာတာနဲ့ ရိပေါ်နဲ့ရှောင်းကျန့်လည်း နန်းတော်ပြန်လာခဲ့တယ်။
နန်းတော်ကိုပြန်လာတဲ့လမ်းမှာလည်း ရှောင်းကျန့်စကားတစ်လုံးမှမပြောဘဲ ငြိမ်ငြိမ်လေးလိုက်လာခဲ့တယ်။ရိပေါ်မနေနိုင်တဲ့အဆုံး ရှောင်းကျန့်ကိုမေးလိုက်တယ်။
"ရှောင်းကျန့် ဘာဖြစ်နေတာလည်း နေမကောင်းဘူးလား မျက်နှာက ဖြူဖက်ဖြူရောနဲ့ အခုထိကြောက်နေသေးတာလား''
ရှောင်းကျန့် ဘာမှမပြောဘဲ ခေါင်းဘဲငြိမ့်ပြလိုက်တော့တယ်။
ရိပေါ်လည်း ထပ်မမေးတော့ဘဲ ရှောင်းကျန့်ဘေးမှာ ငြိမ်ငြိမ်ထိုင်ပြီးသာနေလိုက်တော့တယ်။
![](https://img.wattpad.com/cover/199438361-288-k531834.jpg)
ŞİMDİ OKUDUĞUN
ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )
Hayran KurguYizhan💕 (Zawgyi/ Unicode)