Zawgyi
''မားမား မသွားပါနဲ့နော်... ဟင့်... သားနဲ့ဘဲ အတူတူနေပါ .....''
''သားရယ် မားမားက နယ်ကိုပြန်မှာလေ နှစ်ပတ်တစ်ခါလောက် မားမားလာတွေ့မှာပေါ့ သားကလည်း မငိုရဘူးနော်''
ရှောင်းမားမားက ရှောင်းကျန့်ကို ချော့မော့ပြောပေမယ့် ရှောင်းကျန့်ကတော့ သူ့မားမားကို ဖတ်ပြီး ငိုနေတယ်။
ရှောင်းပါးပါးကလည်း သူ့မိန်းမနဲ့သားဖြစ်သူ ငိုနေတာ မကြည့်နိုင်တော့တာကြောင့်''သား ဘာဖြစ်နေတာလည်း အရွယ်လည်း ရောက်လာပြီကို ဘာလို့ငိုနေတာလည်း ဒီနန်းတော်က ပါးပါးတို့အိမ်မဟုတ်ဘူးလေ ပါးပါးတို့က ဘယ်လိုမျက်နှာနဲ့ နန်းတော်မှာ နေရမှာလည်း ဧည့်သည်ဆိုတာအချိန်တန်ရင်အိမ်ပြန်ရမယ်လေ သားသိတယ်မလား ပါးပါးတို့စကားနားထောင်နော် မငိုနဲ့ လိမ်လိမ်မာမာနေ ပါးပါးတို့နှစ်ပတ်တစ်ခါပြန်လာခဲ့မယ်သိလား''
ရှောင်းပါးပါးက ရှောင်းကျန့်ကို ခြောက်တစ်လှည့် ချော့တစ်လှည့်နဲ့ ဆုံးမတယ်။
ရှောင်းကျန့်လည်း အဲ့ခါကျမှ အငိုတိတ်ပြီး သူ့မားမားနဲ့ပါးပါးကို ဖက်ပြီး နှုတ်ဆက်လိုက်တယ်။''ပါးပါးနဲ့မားမား သားရှိကို လာလည်နော်''
''အင်းပါ သားရဲ့ သွားအထဲဝင်တော့ မားမားတို့သွားတော့မယ်''
''ဟုတ်''
မားမားနဲ့ပါးပါးကားနဲ့ထွက်သွားတာကိုကြည့်ပြီးမှ ရှောင်းကျန့်နန်းဆောင်ကိုပြန်လာခဲ့တယ်။
ရှောင်းကျန့် နန်းတွင်းကိုတစ်ချက်ဝှေ့ကြည့်ပြီး စိတ်ထဲစဉ်းစားနေမိလိုက်တယ်။'ငါဒီနန်းတော်ထဲမှာ သိတဲ့သူတစ်ယောက်မှ မရှိဘဲ ဘယ်လိုနေရပါ့မလည်း '
ရှောင်းကျန့်တွေးရင်း မျက်ရည်တွေစီးကျလာတယ်။
ရိပေါ် အခန်းထဲမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ ပူပန်နေရတယ်။
ရှောင်းကျန့် သူ့မားမားတို့ပြန်တော့မှာဟုတ်လို့ နေ့လည်ကတည်းက သွားနှုတ်ဆက်တာကြာပြီ အခု ညနေတောင်စောင်းနေပြီဘာလို့ပြန်မလာသေးတာပါလိမ့်။
![](https://img.wattpad.com/cover/199438361-288-k531834.jpg)