အပိုင်း ၁( တပည့်တစ်ယောက်ရှိတာလည်းမဆိုးပါဘူး)

21.3K 1K 4
                                    

Unicode

အပိုင်း ၁

အသွေးစုံတဲ့မက်မွန်ပန်းတို့က ပိုင်စဲ့တောင်တစ်ခုလုံးဖုံးလွှမ်းလျက်..
မက်မွန်တို့ပွင့်တဲ့ နွေဦးက တစ်ဖန်ပြန်ရောက်လာပြန်လေပြီ..
သဘာဝတရားကြီးက အေးချမ်းလျက်ရှိသော်ငြား မအေးချမ်းနိုင်သူတွေက လူသားတွေပါပေ
နှစ်စဥ်နှစ်တိုင်း နွေဦးဆိုတာရောက်ပြီဆိုတာနဲ့ ဒီပိုင်စဲ့တောင်ခြေဟာ တိုက်ပွဲကြားထဲရောက်သွားတတ်သည်..

" ဘယ်လိုလဲ ဆရာတူအကို..ဒီနှစ်တော့ ဒီပိုင်စဲ့တောင်ထွတ်ကို ကျနော့်ကို ပေးတော့မှာလား.."

ခနဲ့တဲ့တဲ့ ရိသဲ့သဲ့အသံရှင်ကား မက်မွန်ပင်ထက်၌ ခြေဆင်းထိုင်လျက် ဘာကိုမှ အာရုံမရှိသည့်သဖွယ်..

" ဆုတောင်းနေလိုက် လော့ပိုင်လီ..မင်းလိုမိစ္ဆာကောင်ရဲ့လက်ထဲကို ပိုင်စဲ့တောင်ကို ထည့်ပေးမဲ့အစား ငါပဲအသေခံလိုက်မယ်..."

ရွဲ့မင်ဓားကို ကျစ်ကျစ်ဆုပ်ကိုင်ရင်း ရှန်ဟုန်မင် ပြန်ဖြေလိုက်သည်..
ရှန်ဟုန်မင်..သူကနတ်ဝိညာဥ်ရှန်ဂိုဏ်းရဲ့ ဆက်ခံသူ..
အေးရှထက်မြက်တဲ့ ရွဲ့မင်ဓားသခင်..

" ဆရာတူအကို တော်တော်ခေါင်းမာတာပဲ..ဒီတောင်ထွတ်လေးကိုပေးရုံနဲ့ နတ်ဆိုးဂိုဏ်းရဲ့နယ်မြေတစ်ဝက်ကို ရမှာလေ..လက်လျှော့လိုက်တော့ "
" ပါးစပ်ပိတ်ထား..ရှစ်စွမ်းမှာ မင်းလိုတပည့်မရှိဘူး.."

စကားဆုံးသည်နှင့် ရွဲ့မင်ဓားက လော့ပိုင်လီထံသို့ ဦးတည်လာသည်..
မဖိတ်ခေါ်ပဲ ပျံသန်းလာတဲ့ ဓားအသွားကို ရှောင်လိုက်ရင်း သူ့ဓားကိုထုတ်လိုက်သည်..
မော့ကွေ့ဓား..နှစ်ခုမရှိနိုင်တဲ့ နတ်မိစ္ဆာဓား နဲ့ နှစ်ဦးမရှိနိုင်တဲ့ မိစ္ဆာသခင်..
လိုက်ဖက်ပါပေရဲ့..

တကယ်တော့ ရှန်ဂိုဏ်းဆက်ခံသူနဲ့ မိစ္ဆာသခင် လော့ပိုင်လီက ဆရာတူညီအကိုတွေဆိုတာ ကျင့်ကြံခြင်းတစ်လောကလုံးသိသည်..
သို့ပေမဲ့ သူတို့ရဲ့ရှစ်စွမ်း သေဆုံးသွားတဲနောက်မှာတော့ ရန်သူတွေဖြစ်ကျန်ခဲ့တာ.
သခင်နှစ်ပါးရဲ့ ရှစ်စွမ်းကတော့ တခြားမဟုတ်ပါဘူး လွန်ခဲ့တဲ့နှစ်တွေတုန်းက အရမ်းကိုထင်ရှားခဲ့တဲ့ ပိုင်စဲ့တောင်သခင် ရှောင်ပိုင်ယွီ..
တစ်ပွင့်တည်းသော နတ်ပန်းလိုလှပသော..
ပိုင်စဲ့ဓားအသွင် စူးရှထက်မြက်သော..
ဂုဏ်ပုဒ်တွေများစွာနဲ့ တောင်သခင် ရှောင်ပိုင်ယွီ....

နွေဦးမက်မွန်တို့နဲ့အတူ(Complete)Where stories live. Discover now